တနင်္ဂနွေ, ၁၉ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > SIM ကဒ် ဈေးမတည်ငြိမ်၍ ကုမ္ပဏီနှစ်ခုအား မြန်မာ့ဆက်သွယ်ရေးက သတိပေး

SIM ကဒ် ဈေးမတည်ငြိမ်၍ ကုမ္ပဏီနှစ်ခုအား မြန်မာ့ဆက်သွယ်ရေးက သတိပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချသည့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်များကို သတ်မှတ်
ဈေးနှုန်းထက် မြှင့်တင်ရောင်းချမှုများ ရှိနေ၍ Yadanarpon Teleport နှင့် E-lite Tech ကုမ္ပဏီတို့ကို မြန်မာ့ ဆက်သွယ်ရေးမှ ခေါ်ယူ သတိပေးထားကြောင်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်း က ပြောသည်။

အဆိုပါ ကုမ္ပဏီများမှတဆင့် လက်ဝေခံရောင်းချသည့် ပြင်ပ ဖုန်းဆိုင်များတွင် ဖုန်းကဒ်ဈေးနှုန်းများ အဆမတန်
မြင့်တက်နေသည့်အတွက် လက်ဝေခံရောင်းချခြင်းကို ရပ်ဆိုင်းပြီး တိုက်ရိုက်သာ ရောင်းချရန်လည်း သတိပေးထား
ကြောင်း ဦးသိန်းဝင်း က ပြောသည်။

“ကုမ္ပဏီနှစ်ခုကို ခေါ်သတိပေးတယ်။ သူ့ကိုယ်ပိုင်ဆိုင်က လွဲလို့ ပြင်ပဆိုင်တွေကို လုံးဝ ရောင်းချခွင့် မပေးဖို့ ပြော တယ်။ ရောင်းပြီးသားတွေကတော့ ဘာမှ မတတ်နိုင်ဘူး” ဟု ရန်ကုန် ပုစွန်တောင် ဆက်သွယ်ရေး သင်တန်းကျောင်း ၌ မေ ၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
simcard
ကျပ် နှစ်သိန်းတန် GSM ဖုန်းကဒ်များနှင့် ကျပ် နှစ်သိန်းခွဲတန် WCDMA ဖုန်းကဒ်များကို ဧပြီလ အတွင်း စတင်
ရောင်းချခဲ့သည်။ သို့သော် ဝယ်လိုအားကြောင့် ဈေးကွက်အတွင်း သတ်မှတ်ပေါက်ဈေးထက် ၁ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။ GSM တကဒ်လျှင် ကျပ် နှစ်သိန်း လေးသောင်းအထိ ဈေးမြင့်တက်သွားခြင်း
ဖြစ်သည်။

ထိုအခြေအနေများကြောင့် သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချနေမှုများကို ဆက်လက်တွေ့ရှိပါက တရားစွဲဆိုသွားမည်
ဖြစ်ပြီး တားမြစ်မှုများ မလိုက်နာပါက ချုပ်ဆိုထားသည့် အကျိုးအမြတ် ခွဲဝေရေးစာချုပ်များအပေါ် အကျိုးသက်ရောက်မှု ရှိလာလိမ့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတိပေးလိုက်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 95 guests online