တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းခရီးစဉ် တိုက်ရိုက်တင်ဆက်မှု

ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းခရီးစဉ် တိုက်ရိုက်တင်ဆက်မှု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

mmya1
မြောင်းမြက ပြန်ထွက်ပြီ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၆ နာရီ ၅၃ မိနစ်
မြောင်းမြမြို့ မီတာ ၄၀၀ ကွင်း ခေါ် အားကစားကွင်းအတွင်း မွန်းလွဲ ၃ နာရီ ခွဲခန့်မှ စ၍ မိနစ် ၂၀ ကျော်ကြာ မိန့်ခွန်း
ပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာပြီ ဖြစ်ကြောင်း သိရသည်။

“အန်တီက သူနဲ့ အနီးကပ်ဆုံးလို့ ခံစားရတဲ့ မဲဆန္ဒနယ် နှစ်ခုရှိတယ်။ တခုက သူဝင်ပြိုင်တဲ့ ကော့မှူးနဲ့ နောက်တခုက သူ့အမေ ဒေါ်ခင်ကြည်ရဲ့ ဇာတိ မြောင်းမြမြို့။ မြောင်းမြမြို့ကို ရောက်တာ သူ့ဆွေမျိုးတွေနဲ့ တွေ့သလို ခံစားရတယ်။
ဒေသခံတွေအနေနဲ့ စံပြနိုင်ငံသားတွေဖြစ်အောင် ကြိုးစားကြပါ။ ပါတီအနေနဲ့က နိုင်ငံရေး၊ ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ကြိုးစားသွားမယ် ဆိုပြီး ပြောသွားတယ်" ဟု ခရီးစဉ်တွင် လိုက်ပါသတင်းယူသည့် သတင်းထောက် တဦးက ပြောသည်။

မြောင်းမြမြို့နှင့် အနီးတဝိုက်ဒေသများမှ ဒေါ်အောင်ဆန်းစုကြည်အား လာရောက် ကြိုဆိုနှုတ်ဆက်သူ လူပရိသတ် ခန့်မှန်းချေ သိန်းဂဏန်းနီးပါးခန့် ရှိနိုင်ပြီး ပုသိမ်မြို့တွင် ကြိုဆိုသူများထက် ပိုမိုများပြားသည်ဟု ထင်မြင်ရကြောင်း လိုက်ပါသတင်းယူသည့် သတင်းထောက်များက ပြောသည်။

“ပရိသတ်တွေက ၁၂ နာရီလောက်ကတည်းက ကွင်းထဲမှာ နေပူကြီးထဲ ထိုင်စောင့်နေကြတာ။ ကွင်းထဲက ပရိသတ်တွေကို ကြည့်တာ အနီရောင်တွေပဲ မြင်ရတယ်။ အလံတွေ ကိုယ်စီကိုယ်စီနဲ့ ရဲတွတ်နေတာပဲ။ ကွင်းထဲမှာ
ပြည့်ကျပ်နေပေမယ့် စည်းကမ်းရှိရှိပဲ ထိုင်ပြီးတော့ အားပေးကြတယ်” ဟု သတင်းထောက် တဦးက ပြောသည်။

မြောင်းမြမဲဆန္ဒနယ်မှ NLD ကိုယ်စားပြု ယှဉ်ပြိုင်မည့် ဦးမန်းဂျော်နီမှာ ကရင်လူမျိုးဖြစ်သည့်အတွက် ကရင်တိုင်းရင်းသား ဝတ်စုံများ ဝတ်ဆင်ထားသည့် ကရင်လူမျိုးများ အများအပြား လာရောက်အားပေးကြောင်း သိရသည်။

ဒေါ်စု မြောင်းမြရောက်ပြီ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၅ နာရီ ၃၂ မိနစ်
ပုသိမ်မှ ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်သည် မြောင်းမြမြို့အဝင် ကြိုးတံတားသို့ ဒေသစံတော်ချိန် ၃ နာရီခန့်တွင် ရောက်ရှိနေပြီ ဖြစ်သည်။

မြောင်းမြ ကြိုးတံတားမှ တရားဟောပွဲ ကျင်းပရန် ပြင်ဆင်ထားသည့် မီတာ ၄၀၀ အဝေးပြေးကားဂိတ်ဝင်းသို့ သွားရောက်ရမည့် ခရီးအကွာအဝေး ၃ မိုင်ခန့်အတွင်း မြောင်းမြမြို့ခံများမှ ကြိုဆိုမှုများကြောင့် ကားကို ဖြည်းဖြည်း ချင်း သွားနေရသည်ဟုလည်း မြောင်းမြ ဒေသခံ ကိုတင့်ရှိန် ကပြောသည်။

“ကျနော် လှမ်းမြင်နေရတာတော့ လူတွေက ပြည့်ကျပ်နေတာပဲ။ ဒေါ်စု ကျန်းမာပါစေ ဆိုပြီးတော့ လူတွေက
အော်ပြီးတော့ လမ်းတဘက်တချက်ကနေပြီးတော့ ကြိုဆိုနေကြပါတယ်။ အခုကျနော်မြင်နေရတာ ကြိုးတံတားပေါ်မှာ
ဟောပြောမယ့်နေရာကို မရောက်သေးဘူး။ လမ်းမှာလူတွေ အားကြီးဖြစ်နေတယ်။ ကားတွေကလည်း အားကြီးပဲ။” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို မြောင်းမြမြို့မှ ကြိုဆိုမှု
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၄ နာရီ ၂၄ မိနစ်
မြောင်းမြမြိ့ မီတာ ၄ဝဝ အဝေးပြေး ကားဂိတ်ဝင်းသို့ သွားရောက်ဟောပြောမည့် ဒေါ်အောင်ဆန်းစုကြည်ကို
ဒေသခံများလှ လှိုက်လှဲစွာ စောင့်ကြိုနေကြသည်ဟု NLD ၏ ဧရာဝတီတိုင်း စည်းရုံးရေး အဖွဲ့ဝင် ကိုမင်းလွင်က မဇ္ဈိမကို ပြောသည်။

“မြောင်းမြမြို့ မီတာ ၄၀၀ အဝေးပြေးကားဂိတ်ဝင်းမှာ ဟောပြောပွဲ လုပ်မှာဗျ။ အဲဒီဝင်းက ၉ ဧက လောက်ကျယ်တယ်။ ပုသိမ်ကနေ စထွက်ပြီးတော့ လူငယ်တွေကော လူကြီးတွေကော တန်းစီပြီးတော့ ကြိုဆိုနေတာကို တွေ့ရတယ်။ လမ်းတောက်လျှောက်မှာ ပြည်သူလူထုတွေက ရွာတွေက လူတွေကလည်း ကြိုဆိုနေတာ ခင်ဗျာ့။” ဟု ပြောသည်။

“ငြိမ်းချမ်းရေး ချိုးဖြူငှက်”၊ “ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မြောင်းမြမြို့နယ်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏” ဆိုင်းဘုတ်များကို အထက်ပါ ကားဂိတ်ဝင်းအတွင်း စိုက်ထူထားပြီး မြောင်းမြ နယ်သူနယ်သားများမှကြိုဆိုပုံကို "အခုဒေါ်အောင်ဆန်းစုကြည် လာမယ့် ကွင်းကြီးထဲမှာ ပြည့်နေတာပဲ။ ခန့်မှန်းလို့ မပြောတတ်တော့ဘူး၊ အများကြီးပဲ လူတွေက အုံခဲနေတာပဲ။ အလံလေးတွေ ဝေ့ယမ်းပြီးတော့။ တချို့ဆိုရင် ပါးတွေမှာ ခွပ်ဒေါင်း တံဆိပ်တွေ ကပ်ပြီးတော့။ တချို့တွေက အင်္ကျီကော်လံတွေမှာ အင်္ကျီတွေမှာ တံဆိပ်တွေ ကပ်ပြီးတော့ ကြိုနေကြတယ်။" ဟုလည်း မြောင်းမြမြို့ခံ NLD လွှတ်တော် ကိုယ်စားလှယ်လောင်း မန်းဂျော်နီက မဇ္ဈိမကို ပြောသည်။

ဒေါ်စုကို မြောင်းမြ စည်ပင် ဝန်ထမ်းများလည်း ကြိုဆိုမည်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၄ နာရီ ၁၉ မိနစ်
မွန်းလွဲပိုင်းတွင် မြောင်းမြမြို့ပေါ်သို့ရောက်ရှိလာမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် ကို မြောင်းမြမြို့ပေါ်ရှိ စည်ပင်သာယာဝန်ထမ်းများကလည်း အရပ်ဝတ်ဖြင့် သွားရောက် ကြိုဆိုကြမည်ဖြစ်ကြောင်း ကာယကံရှင် များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့် ပတ်သက်၍ မြို့နယ်စည်ပင်ရုံးတွင် တင်းကြပ်ထားမှု တစုံတရာ မရှိပဲ လွတ်လပ်စွာ သွားရောက် ကြိုဆိုခွင့်ရှိကြောင်း မြောင်းမြမြို့နယ် စည်ပင်သာယာရေး ရုံးဝန်ထမ်းတဦးက ပြောသည်။

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာ မနေ့က မြို့ထဲမှာ လော်စပီကာနဲ့ လိုက်အော်ထားလို့ သိထားတယ်။ တမြို့လုံးလည်း သိပါတယ်။ ကျမတို့ကတော့ သွားကြိုကြမှာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အပြင်မှာ တခါမှ မမြင်ဖူးဘူးလေ။ ရုံးမှာတော့ သွားမကြည့်ရ မတွေ့ရလို့ ပြောထားတာမျိုးလည်း မရှိဘူး။ တချို့ကလည်း ဒီနေ့ ရုံးနားကြတယ်။ တာဝန်ကျတဲ့ လူကလွဲလို့ ကျန်တာတွေ သွားကြမယ်လို့ ပြောနေကြတာပဲ။ ရုံးယူနီဖေါင်းနဲ့တော့ မဟုတ်ပါဘူး” သူက မဇ္ဈိမကို ပြောသည်။

မြို့နယ် မီးသတ်အဖွဲ့များကို ဆက်သွယ် မေးမြန်းရာတွင် “ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာတော့ သိတယ်။ ကျုပ်တို့ ကတော့ ရုံးမှာ တာဝန်ကျနေတဲ့အတွက် မသွားပါဘူး။ တခြားသွားမယ့် မီးသတ်ရဲဘော်တွေ ရှိချင်လည်း ရှိမှာပေါ့” ဟု သူက ပြောသည်။

အသက် ၅ဝ အရွယ် မြောင်းမြမြို့ခံ တဦးကမူ “သွားကြိုကြမှာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာ သူတို့ အဖွဲ့တွေ စက်နဲ့ လိုက်ကြော်ငြာထားတာ။ လူတွေက တွေ့ရမယ်ဆိုတော့ စိတ်လှုပ်ရှားတာပေါ့ဗျာ။ တချို့ဆိုက်ကား ဆရာတွေဆို ဒီနေ့ ဆိုက်ကား မထွက်ဘူးဗျ။ အခု အဝေးပြေးကွင်းထဲမှာ လူတွေ တော်တော်များတယ်။ ရပ်ကွက်တွေ ကလည်း ထွက်ကြိုကြတယ်ဗျ” ဟု အဆိုပါ မြို့ခံက မဇ္ဈိမကို ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲ ပယ်မဲမဖြစ်ဖို့ ပုသိမ်လူထုကို ဒေါ်စု တိုက်တွန်း
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၃ နာရီ ၀၃ မိနစ်
ပုသိမ်သို့ ပါတီစည်းရုံးရေး ထွက်နေသည် ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်လူထုသို့ မိန့်ခွန်းပြောရာတွင် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲထည့်ရန်နှင့် ထည့်သည့်မဲများ ပယ်မဲ မဖြစ်ရန် တိုက်တွန်းသွားသည်ဟု ဒေါ်စုခရီးစဉ် တွင် အတူလိုက်ပါသွားသည့် မဇ္ဈိမ သတင်းထောက်က တိုက်ရိုက်သတင်းပို့သည်။

"သူတို့ရဲ့မဲတွေက ပယ်မဲဖြစ်ဖို့များတယ်ပေါ့နော်။ အဲဒါကြောင့် သေချာ ဂရုတစိုက်ပေးဖို့ပြောတယ်။ အဲဒါမျိုးတွေ
ပြောသွားတယ်။ အခြေခံ ဥပဒေထဲက သူမကြိုက်တဲ့ အချက်တွေကို လွှတ်တော်ထဲရောက်ရင် ပြင်မယ်ပေါ့။ အဲလိုပြင်နိုင်ဖို့အတွက်က ပြည်သူတွေက သူ့ကိုထောက်ခံမှ သာလျင် သူတို့ပြင်နိုင်မယ်ပေါ့။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲ ပြောသွားတယ်ဗျ။ ကျမတို့မဲတွေက ပယ်မဲဖြစ်ဖို့ ရာခိုင်နှုန်းများတဲ့ အတွက် မဲပေးတဲ့အခါ ဂရုတစိုက်
ပေးကြဖို့သူပြောတော့ အားလုံးက သဘောကျကြပြီး လက်ခုပ်တီးအားပေးကြတယ်ဗျ။ နောက်တခုက သူတို့ NLD ကိုမဲပေးဖို့ပြောသွားတာပေါ့။" ဟု မဇ္ဈိမ သတင်းထောက်က ဖုန်းဖြင့် ဖြေကြားသည်။

ပုသိမ်နည်းပညာ တက္ကသိုလ်မှ ကျောင်းသူ ကျောင်းသားများလည်း ဒေါ်စုကို ကြိုဆို
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၃ နာရီ ၀၁ မိနစ်
ပုသိမ်နည်းပညာ တက္ကသိုလ်မှ ကျောင်းသူ ကျောင်းသားများလည်း ဒေါ်စုကို ကြိုဆိုခဲ့ကြသည်ကို “GTC က ကလေးတွေလည်း ကြိုကြတယ်ကွ၊ ထူးဆန်းတာကတော့ ဘာမှမဖြစ်ဘူး၊ အမေစု ကျန်းမာပါစေဆိုပြီး စည်းကမ်းတကျ ကြိုဆိုကြတယ်။ အင်မတန် ပျော်စရာကောင်းတဲ့ ကြိုဆိုပွဲပါပဲ။" ဟု NLD ၏ ပုသိမ်မြို့နယ် မဲအောင်နိုင်ရေး အဖွဲ့ဝင် ဒေါက်တာ မော်မော်စိုးတင့် က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်လူထုသို့ မိန့်ခွန်းပြောရာတွင် ပညာသင်ကြားနေသည့် ကလေးများ အမှန်တကယ် ပညာတတ်ရန် လိုအပ်ပြီး တိုင်းပြည်အတွက် ပညာရေး ကဏ္ဍတွင် မြှင့်တင်ပေးမည်ဟုလည်း ပြောကြားသွားသည်ဟု သိရသည်။

“ကိုးသိန်း”ဘောလုံးကွင်း၌ လူထုပရိသတ်အား မိန့်ခွန်း ပြောကြားနေစဉ်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၅၉ မိနစ်
dspathain1
  • ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း ဖေဖေါ်ဝါရီလ ၇ ရက်နေ့  မနက် ၁၁ နာရီခွဲက ပုသိမ်မြို့ “ကိုးသိန်း”ဘောလုံးကွင်း၌ လူထုပရိသတ်အား မိန့်ခွန်းပြောကြားနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

dspathain
  • ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း ဖေဖေါ်ဝါရီလ ၇ ရက်နေ့  မနက် ၁၁ နာရီခွဲက ပုသိမ်မြို့ “ကိုးသိန်း”ဘောလုံးကွင်း၌ လူထုပရိသတ်အား မိန့်ခွန်းပြောကြားနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
ပုသိမ်က ကွင်းလုံးလျှံ ပရိသတ်ကို ဒေါ်စု မိန့်ခွန်းပြော
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၁၇ မိနစ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း ပုသိမ်မြို့ “ကိုးသိန်း” တိုင်းဘောလုံးကွင်း အတွင်းသို့ မြန်မာစံတော်ချိန် ၁၁ နာရီ ၁၅ မိနစ်တွင် ကွင်းလုံးပြည့်လျှံနေသည့် လူထုပရိတ်သတ်အား မိန့်ခွန်းစတင် ပြောနေပြီ ဖြစ်သည်။

ကိုးသိန်းကွင်းတခုလုံး၌ NLD တံဆိပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ အင်္ကျီများကို ဝတ်ဆင်ထားသူများ၊ အရပ်ဝတ်များဝတ်ဆင် ထားသူများ၊ NLD အလံကို ဝှေ့ယမ်း ကြိုဆိုသူများနှင့် ကွင်းအတွင်း လူဦးရေ အနည်းဆုံး ၆,၀၀၀ ထက်မနည်းက ကွင်းလုံးပြည့် ကြိုဆိုကြပြီး ဒေါ်အောင်ဆန်းစုကြည် စင်မြင့်ပေါ် တက်လာသည်ကို လက်ခုပ်သြဘာပေး ကြိုဆိုနေကြသည်။

“ကွင်းထဲမှာကတော့ဗျာ လူတွေက အပြည့်ပဲ ခန်းမှန်းလို့တောင် မတတ်ဘူး။ ပျားအုံကြီးကြနေတာပဲ လှုပ်လှုပ်ရွရွ
ဖြစ်နေတာ။ ကြက်သီးတောင်ထတယ်။ အခုအန်တီစုက စကားပြောတော့မှာ အပေါ်တက်လာပြီဗျ။” ဟု ကွင်းအတွင်း ရောက်ရှိနေသူ တဦးက တိုက်ရိုက်ပြောဆိုသည်။
လမ်းတလျောက်မှာလည်း ဒေါ်စုကို ကြိုကြ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၁၇ မိနစ်
ပုသိမ်နှင့် မိုင် ၂၀ ခန့် ဝေးသည့် ဒါးက ရွာသို့ ဒေါ်အောင်ဆန်းစုကြည် ဒေသ စံတော်ချိန် ၁၀ နာရီတွင် ရောက်ရှိ လာပြီး ဒါးက ရွာတွင် ခေတ္တရပ်နားက “အတူတကွ လက်တွဲလုပ်ကြရန်” လာရောက်ကြိုဆိုသူ ၅၀၀ ခန့်ကို တိုက်တွန်းပြောဆိုသွားသေးသည်ဟု ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

“ဒါးက မှာလည်း ရပ်တယ်ကွ၊ လူတွေအကုန်လုံးက လမ်းကြောင်းရှင်းထားတာတောင်မှ ပရိသတ်က မနေနိုင်တော့ မချုပ်တည်းနိုင်တော့ ဒေါ်စုကားလည်း ရောက်ကော အကုန်လုံးက လမ်းပေါ်မှာ ပြည့်သွားတာ။ ဖြည်းဖြည်း
ဖြည်းဖြည်းနဲ့ မောင်းပြီးတော့ ဒေါ်စုက အဲဒီမှာ လက်တွဲပြီးတော့ အလုပ်လုပ်ကြမယ် ဆိုပြီးတော့ ကြားရတာပဲ လူတွေက အုန်းအုန်းအုန်းအုန်း ဖြစ်နေတော့ လက်ကိုင် စပီကာလေးနဲ့ ကားပေါ်မှာ တင်ပြီးတော့ ပြောသွားတယ်။" ဟု မဇ္ဈိမကို ပြောသည်။

ဒါးက ရွာမှ လာရောက်ကြိုဆိုသူများက ပန်းစည်းများ ဝမ်းပန်းတသာ ပေးကာ ကြိုဆိုကြသည်ကို “တွေ့တော့လည်း ဝမ်းသာကြတယ်ကွာ ဗြောင်းတွေသတ်ပဲ၊ ပန်းစည်းတွေပေးကြ အကုန်လုံး လုပ်ကြတယ်ကွာ" ဟု အထက်ပါ
ဒေသခံက မဇ္ဈိမကို ပြောသည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1438 guests online