တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မီဒီယာလွတ်လပ်ခွင့် အတွက် အကြံပြုမည့် အလုပ်ရုံ ဆွေးနွေးပွဲစတင်

မီဒီယာလွတ်လပ်ခွင့် အတွက် အကြံပြုမည့် အလုပ်ရုံ ဆွေးနွေးပွဲစတင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။        ။ ပြည်တွင်းပြည်ပမှ ထိပ်တန်း မြန်မာသတင်းစာဆရာများ တက်ရောက်နေသည့် ‘ဒီမိုကရေစီ လူ့ဘောင်အတွင်း မြန်မာ့မီဒီယာ ဖွံ့ဖြိုးစေရေး’ ဟု အမည်ပေးထားသည့် မီဒီယာ အလုပ်ရုံဆွေးနွေးပွဲမှ သတင်း လွတ်လပ်ခွင့်နှင့် ပတ်သက်၍ မြန်မာအစိုးရထံ အကြံပြုမည်ဟု သိရှိရသည်။

ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် တနင်္လာနေ့က စတင်ကျင်းပသည့် ဆွေးနွေးပွဲသို့ ဘီဘီစီ၊ ဗွီအိုအေ မှ
မြန်မာပိုင်း ဌာနမှူးများ၊ မဇ္ဈိမသတင်းဌာနမှ အယ်ဒီတာများ၊ ဒေသတွင်း သတင်းစာဆရာများ နှင့် ပြည်တွင်းအခြေစိုက် သတင်းအယ်ဒီတာ စုစုပေါင်း ၁၂ဝ ခန့် တက်ရောက် ဆွေးနွေးနေကြသည်ဟု သိရသည်။

“ဒီဆွေးနွေးပွဲ နောက်ဆုံးမှာ ပြည်တွင်း ပြည်ပက သတင်းမီဒီယာအကြီးအကဲတွေက ဝိုင်းဆွေးနွေးမယ်။ အစိုးရကို ဘာတွေက လုပ်သင့်ပါတယ်ဆိုတဲ့ recommendation (အကြံပြုချက်)ပေးနိုင်အောင် ကြိုးစားနေတာပဲ။ အဲဒီကနေ
မြန်မာပြည်မှာက Press law ပုံနှိပ်ဥပဒေ အတွက် ဘာတွေကတော့ ပါသင့်တယ်။ ဘာတွေကတော့ မပါသင့်ဘူး ဆိုတာတွေ ပေးနိုင်အောင် ကြိုးစားနေတာ” ဟု ဆွေးနွေးပွဲ တက်ရောက်နေသည့် မဇ္စျိမ အယ်ဒီတာ ဦးစိန်ဝင်းက
ပြောသည်။

တနင်္လာနေ့ အစီအစဉ်များတွင် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် ဖိလစ်ပိုင်နိုင်ငံများမှ ပညာရှင်တို့၏ စာတမ်းများနှင့်အတူ မြန်မာနိုင်ငံမှ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒု-ညွန်ကြားရေးမှူး ဦးတင့်ဆွေ၊ The Voice ဂျာနယ်မှ အယ်ဒီတာ ဦးဇေယျသူနှင့် ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းတို့၏ စာတမ်း ၁၂ စောင်အား ဖတ်ကြား၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်ဟု မြန်မာစာပေနှင့် စာနယ်ဇင်းအဖွဲ့ MWJA အတွင်းရေးမှူး ဦးကိုကို(စက်မှု)က ပြောသည်။

“ဒီနေ့ ကဏ္ဍသုံးခု ဆွေးနွေးတယ်။ မီဒီယာလွတ်လပ်ခွင့်တွေရဖို့၊ ပြည်သူကို ဘယ်လို သတင်းဖြန့်ဖြူးတဲ့ကိစ္စတွေနဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ ရှိသင့်တဲ့ သတင်းစာ ဆရာတွေရဲ့ အခန်းကဏ္ဍတွေ ဆွေးနွေးတယ်။ နောက် ကျင့်ဝတ်ပိုင်း ဆိုင်ရာတွေ၊ အတွေ့အကြုံတွေ ဖလှယ်ကြတယ်။ အိုင်ဒီယာတွေ ရသွားတယ်” ဟု သူက မဇ္စျိမကို
ပြောသည်။

နှစ်ရက်ကြာမြင့်မည့် ထိုအလုပ်ရုံဆွေးနွေးပွဲကို  MWJA နှင့် စင်္ကာပူနိုင်ငံအခြေစိုက် Asian Media Information and Communication(AMIC) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

“ဥပဒေတွေနဲ့ ပတ်သက်တာတွေကို ဒီလို နိုင်ငံခြား ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ မတူတာလေးတွေ ပြောကြ ဆိုကြ တယ် ၊ ခုလို စေတနာရှိရှိနဲ့ ဝိုင်းဝန်း ဆွေးနွေးကြတဲ့အတွက် ဝမ်းသာတယ်။ ဒီလိုဆွေးနွေးကြတဲ့အတွက် ထပ်လည်း လုပ်ချင်တယ်”ဟု ဦးကိုကို(စက်မှု)က ပြောသည်။

ထို့အတူ မြန်မာနိုင်ငံတွင် လာမည့် တနှစ်အတွင်း ဒီပလိုမာအဆင့်ရှိ စာနယ်ဇင်း သင်တန်းကျောင်းတခု ဖွင့်လစ်နိုင်ရန် အတွက် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူး(ဟောင်း) ဦးတင့်ဆွေက မီဒီယာသမားများ လိုက်နာရမည့် ကျင့်ဝတ်များ၊ ပုံနှိပ်ထုတ်ဝေရေး ဥပဒေများနှင့် ပတ်သက်၍ အကြမ်းမျဉ်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ စစ်အာဏာသိမ်းအပြီး သြဂုတ်လတွင် ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေ Printers and Publishers Registration Law ကို ပြဋ္ဌာန်းခဲ့ရာ ထိုဥပဒေ အပါအဝင် ကိုလိုနီခေတ်၊ အိမ်စောင့် အစိုးရ ခေတ် စာပေတည်းဖြတ်မှု ဥပဒေများမှာ ယနေ့ထိ အသက်ဝင်နေဆဲ ဖြစ်သည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1442 guests online