တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဦးသိန်းဇော်၏ အဆိုနှစ်ခု အတည်ပြု

ဦးသိန်းဇော်၏ အဆိုနှစ်ခု အတည်ပြု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။        ။ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော် တင်သွင်းသော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးဆိုင်ရာ အဆိုနှစ်ရပ်ကို လွှတ်တော်မှ အတည်ပြုပေးလိုက်ကြောင်း သိရသည်။

တိုင်းရင်းသားများ၏ လူနေမှုဘဝ မြင့်မားရေးနှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်းရန် သောကြာနေ့ လွှတ်တော် အစည်းအဝေးတွင် ဦးသိန်းဇော် အဆိုပြုတင်သွင်းရာ အတည်ပြုပေးလိုက်သည်ဟု လွှတ်တော်အမတ် များက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု
ကော်မတီ ဥက္ကဋ္ဌဖြစ်သူ  ဦးသိန်းဇော် တင်ပြသည့်  အဆိုပါကော်မတီတွင် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်နယ်/ တိုင်း ဝန်ကြီးချုပ်များ ဦးစီးမည် ဖြစ်သည်။
parliament-session-photo
ထို့အပြင် ကြာသပတေးနေ့ လွှတ်တော် အစည်းအဝေးတွင်လည်း ဦးသိန်းဇော် က "ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း
ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ရန်ပုံငွေစာရင်း ခေါင်းစဉ်ဖြင့် ရန်ပုံငွေတရပ် ထားရှိရန်" အဆို တင်သွင်းခဲ့သေး ရာ ထောက်ခံဆွေးနွေးမှုများဖြင့် ထိုနေ့တွင်ပင် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

အမျိုးသားလွှတ်တော်၏ ကြာသပတေးနေ့ ဆွေးနွေးပွဲတွင် အပိုဒ် ၃၀ ကျော်ပါရှိသည့် "မြေလွတ်မြေရိုင်း ဖေါ်ထုတ်ရေး ဥပဒေကြမ်း" မှ အပိုဒ်တချို့ကို ပယ်ဖျက်ပေးရန် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဖေသန်း က ကန့်ကွက်ခဲ့သည်။

မြေလွတ်၊ မြေရိုင်းများ ဖော်ထုတ်ရာတွင် ဟန့်တားနှောက်ယှက် တားဆီးမှုများ မရှိစေရန် ဝန်ကြီးဌာနပေါင်းစုံမှ ဒုဝန်ကြီး များဖြင့် ဖွဲ့စည်းထားသည့် ကော်မတီက ကာကွယ်ပေးရမည် ဟူသည်ကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ “မြေလွတ်မြေရိုင်း ဖော်ထုတ်ရေး” ဥပဒေအား တနင်္လာနေ့တွင် ပြန်လည်သုံးသပ်ရန် ဆက်လက် ဆွေးနွေးကြ မည် ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမျိုးမြင့်၏ ပေ-ပေါင် ယူနစ် စနစ်မှ စင်တီမီတာ-ဂရမ် ယူနစ်စနစ်သို့
ပြောင်းလဲသုံးစွဲရေး အဆိုကို အတည်ပြုခဲ့သည်ဟုလည်း လွှတ်တော်အမတ်များက ပြောသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်ခင်ဝိုင်းကြည်၏ ကိုယ်ဝန်ဆောင်ဝန်ထမ်း အမျိုးသမီး
များအား မီးဖွားခွင့်ရက် တိုးမြှင့်သတ်မှတ်ပေးရန် အဆိုကိုလည်း လွှတ်တော်မှ အတည်ပြုပေးခဲ့သည်ဟု သိရသည်။

အမျိုးသားလွှတ်တော်တွင် အလုပ်သမားဝန်ကြီးဌာနမှ "လူမှုဖူလုံရေး ဥပဒေကြမ်း" နှင့် စီးပွားရေးနှင့် ကူးသန်းရောင်း
ဝယ်ရေး ဝန်ကြီးဌာနမှ "နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း" တို့ကို တင်သွင်းခဲ့ကြောင်းလည်း သိရသည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1574 guests online