တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > နိုင်ငံရေးဆွေးနွေးရန် ဝန်ကြီးဦးအောင်မင်းက လူဘောင်သစ် နဲ့ FDB ကို ကမ်းလှမ်း

နိုင်ငံရေးဆွေးနွေးရန် ဝန်ကြီးဦးအောင်မင်းက လူဘောင်သစ် နဲ့ FDB ကို ကမ်းလှမ်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ သမ္မတ၏ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် ဦးအောင်မင်းက ပြည်ပအခြေစိုက် ဒီမိုကရေစီ
နိုင်ငံရေးအင်အားစုများနှင့် ဖေဖော်ဝါရီ ပထမပါတ်အတွင်း နိုင်ငံရေးအရ ဆွေးနွေးလိုကြောင်း ကြာသာပတေးနေ့တွင် အကျိုးဆောင်များမှတဆင့် ကမ်းလှမ်းလာသည်ဟု သက်ဆိုင်ရာ ခေါင်းဆောင်များက ပြောသည်။

အဖွဲ့ဝင် ၇ ဖွဲ့နှင့် တသီးပုဂ္ဂလတချို့ပါဝင်သည့် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု-FDB နှင့် တွေ့ဆုံရန် အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS နှင့် ဆွေးနွေးရန် ဥက္ကဋ္ဌ ဦးအောင်မိုးဇော် တို့ကို ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်တို့မှ တဆင့်
နှုတ်ဖြင့် သီးသန့်စီ ဖိတ်ကြားလာကြောင်း ဒေါက်တာနိုင်အောင် က ပြောသည်။

“FDB နဲ့ DPNS ကို အလွတ်သဘောဆွေးနွေးနိုင်ဖို့အတွက် တရားဝင်ကမ်းလှမ်းတယ်လို့ ပြောပါဆိုပြီး ကြားတယ်။
ဖေဖော်ဝါရီ ပထမပါတ် ပတ်ဝန်းကျင် ဖြစ်နိုင်တယ်။ ကိုကျော်ရင်လှိုင် ဖုံးခေါ် တယ်။ ကျနော် တယောက်ထဲ မဟုတ်ဘူးပေါ့ဗျာ၊ FDB က ခေါ်ချင်တဲ့လူ ခေါ်လာပေါ့” ဟု မဇ္ဈိမကို ပြောသည်။
drnaingaung
FDB တပ်ပေါင်းစု အဖွဲ့ဝင် ဒီမိုကရေစီနှင့် ဖွံဖြိုးတိုးတက်ရေးအင်အားစု-NDD ဒါရိုက်တာလည်း ဖြစ်သူ
ဒေါက်တာနိုင်အောင်က သက်ဆိုင်ရာ အဖွဲ့အစည်းဝင်များကို အကြောင်းကြားထားပြီး ဇန်နဝါရီ တတိယပါတ် အတွင်း ဆွေးနွေးပြီးမှ တရားဝင်ပြန်ကြားမည်ဟု ဆိုသည်။

FDB တပ်ပေါင်းစုကို ၂ဝဝ၄ ခု နှစ်ဆန်းပိုင်းတွင် “ကောင်းမွန်သော အစိုးရ အုပ်ချုပ်မှုစနစ်ရှိရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုရရှိရေး တို့ကို အုတ်မြစ်ချနိုင်မည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတခု ပေါ်ထွန်း လာရေး” အတွက် ၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှုအား စစ်တပ်က နှိမ်နင်းပြီးနောက် နယ်စပ်သို့ ထွက်လာသူများ ပါဝင်သည့် အဖွဲ့ ၇ ဖွဲ့ဖြင့် အဓိကထား ဖွဲ့စည်းခဲ့သည်။

ဒေါက်တာကျော်ရင်လှိုင်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် ကိုလည်း တနေ့ထဲတွင် ဖုံးဆက်ကြောင်းကြားခြင်းဖြစ်ပြီး ပါတီအစည်းအဝေး ခေါ်ရန် စီစဉ်နေသည်ဟု သိရ သည်။

ဦးအောင်မိုးဇော်က “ဝန်ကြီးဦးအောင်မင်းလာတဲ့အချိန်မှာ တွေ့ဖို့ပေါ့ဗျာ။ ရက်အတိအကျတော့ နောက်မှ အကြောင်းကြားမယ်ပြောတယ်။ တွေ့တာတော့ ကောင်းပါတယ်။ အသေးစိတ်တော့ ကျနော်တို့ ဒီရက်ပိုင်း အတွင်း ဗဟိုကော်မတီ အစည်းအဝေး ထိုင်ရမယ်” ဟု မဇ္ဈိမကို ပြောသည်။

အလားတူ အကျိုးဆောင် ဦးလှမောင်ရွှေက ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပံ့ပိုးပေးသူ ထိုင်းအခြေစိုက် ဦးညိုအုန်းမြင့်မှ တဆင့် ဖိတ်ကြားခဲ့သေးသည်။

“အကျိုးဆောင် ဦးလှမောင်ရွှေမှတဆင့် သူတို့နှစ်ဖွဲ့ကို ဝန်ကြီးက တရားဝင် တွေ့ချင်ပါတယ်။ နောက်လဆန်း မှာ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ တွေ့ဖို့ အစီအစဉ်လုပ်ပေးပါဆိုပြီးတော့ ပြောတဲ့အတွက် ကျနော်က pass လုပ်ပေးတော့ ဦးအောင်မိုးဇော်တို့ဘာတို့ကလည်း လက်ခံပါတယ်” ဟု ဦးညိုအုန်းမြင့်က မဇ္ဈိမကိုပြောသည်။
Uaungmoezaw
၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှုကာလအတွင်း ပြည်တွင်း၌ ပေါက်ဖွားလာသည့် DPNS သည် ၁၉၉ဝ ခု ရွေးကောက်ပွဲ ကာလတွင် ပါတီဝင် တသိန်းခန့်ရှိပြီး ၁၉၉၁ ခု နိုဝင်ဘာတွင် ခေါင်းဆောင်တချို့နယ်စပ်ထွက်လာပြီးနောက် ဒိဇင်ဘာ ၇ ရက်တွင် ဖျက်သိမ်းခံခဲ့ရသည်။

သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များက ပြည်ပရောက် မြန်မာနိုင်ငံသားများအား ပြန်လာကြရန် ဖိတ်ခေါ်
နေသော်လည်း နိုင်ငံရေးရည်မှန်းချက်ဖြင့် ရောက်နေသူများအတွက် တိကျသည့် ဥပဒေ စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ရန် လိုအပ်နေသည်ဟု ထောက်ပြသည်။

“အခုဟာက ခေါ်တယ်သာပြောတာလေ။ လက်တွေ့ကျကျ ဘယ်လိုအချက်အလက်တွေ၊ တိတိကျကျ သဘောထား
ရော၊ နှစ်ခုလုံး ဆောင်ရွက်တာ ကောင်းတယ်လို့ထင်တယ်။ ကိုမင်းကိုနိုင် ပြောသလိုပါပဲဗျာ လမ်းကြုံလို့ ပြောတာမျိုး မဖြစ်သင့်ဘူးလေ” ဟု ဦးအောင်မိုးဇော်က ပြောသည်။

၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာလ ၁၂ ရက်နေ့ကလည်း ဦးလှမောင်ရွှေ ဆက်သွယ်ပေး၍ ဦးအောင်မင်းနှင့် မဲဆောက်မြို့တွင်
တွေ့ဆုံခဲ့ဖူးကြောင်း ဒေါက်တာနိုင်အောင် က ပြောသည်။

ထိုစဉ်က ၎င်းအနေနှင့် ဦးအောင်မင်းအား အချက် လေးချက် ဆွေးနွေးခဲ့ရာ “မြန်မာပြည် နိုင်ငံရေး အင်အားစုအားလုံး ပါဝင်သည့် နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို နိုင်ငံရေး ဆွေးနွေးပွဲဖြင့် အားလုံးသဘောတူ
ဖော်ထုတ်သင့်ကြောင်း” ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများဖြစ်ကြသည့် ကရင် KNU၊ ရှမ်း SSA-S၊ ချင်း CNF၊ ဝ’ UWSA၊ မိုင်းလား စသည့် လက်နက်ကိုင် ၅ ဖွဲ့နှင့် အပစ်ရပ်စဲရေး သဘောတူပြီးနောက် ဒီမိုကရေစီ အင်အားစုများကို ပထမဆုံးအကြိမ် ကမ်းလှမ်းလာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလဆန်းတွင် တွေ့ဆုံရန် စီစဉ်နေမှုတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ မွန်ပြည်သစ် ပါတီ NMSP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PPLO၊ ဝ’ အမျိုးသားအဖွဲ့ တို့နှင့်လည်း အပစ်ရပ်ရေးကိစ္စများ
လည်း သီးသန့်ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ဦးညိုအုန်းမြင့် က ပြောသည်။

မြန်နိုင်ငံဒီမိုကရက်တစ်အင်အားစု
Forum for Democracy in Burm-FDB
fdb



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1590 guests online