ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရခိုင်ပြည်နယ်နေ့ ရခိုင်ပါတီ မပါတ်သက်၊ အမျိုးသားနေ့ လိုလား

ရခိုင်ပြည်နယ်နေ့ ရခိုင်ပါတီ မပါတ်သက်၊ အမျိုးသားနေ့ လိုလား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ်နေ့အား ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ စည်ကားစွာ ကျင်းပနေသော် လည်း အစီအစဉ်တွင် ရခိုင် တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP အနေနှင့် ပါဝင်ပတ်သက်မှုမရှိကြောင်း RNDP က ပြောသည်။

“မဟုတ်ပါဘူး။ ကျနော်တို့ RNDP အနေနဲ့ ဘာမှမပတ်သက်ဘူး။ အဓိကက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ဦးဆောင်ပြီး ‘မကျင်းပရတာ ကြာပြီ၊ ဒီနှစ် ကျင်းပချင်တယ်’ လို့ အကောင်အထည်ဖော်ဖြစ်ကြတာပါ” ဟု စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးအောင်မြကျော် က မဇ္ဈိမကို ပြောသည်။

စစ်တွေမြို့ ဘုရားကြီးရှေ့ရှိ ဝင်္ကဘာကွင်း၌ အင်္ဂါနေ့မှRNDP
စတင်၍ သုံးရက်ကြာ နေ့ညမပြတ် ကျင်းပနေသည့်
ပြည်နယ်နေ့ အစီအစဉ်တွင် မြို၊ ခမီ၊ သက် စသည့် တိုင်းရင်းသား ပြခန်းများ၊ ပဒေသာကပွဲများ၊ ရိုးရာ ကျင်ကိုင်ပွဲများနှင့် ပွဲဈေးတန်းများ ပါဝင်သည်။

ဒီဇင်္ဘာ ၁၅ ပြည်နယ်နေ့မှာ ၁၉၇၄ အခြေခံ ဥပဒေအရ
ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၂ဝဝ၈ အခြေခံ ဥပဒေသစ်
ပေါ်ပေါက်လာပြီးသော်လည်း အစိုးရအဆက်ဆက်က ကျင်းပမြဲဖြစ်ကြောင်း ဦးအောင်မြကျော်က

“မဆလ အစိုးရလက်ထက် ၁၉၇၅ လောက်ကနေ မွန်နဲ့ အတူတူ ပြည်နယ်အနေနဲ့ ပေးလိုက်တဲ့ သဘောမျိုးပါပဲ။
ပြည်နယ် တခု ပေးတဲ့နေ့ကိုပဲ အထိမ်းအမှတ်တခုအနေနဲ့ အစိုးရအဖွဲ့တွေက ကျင်းပကြတာပါပဲ။ ရခိုင် တမျိုးသားလုံး အနေနဲ့ ကျင်းပကြတာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။

၂ဝ၁၁ ဖေဖေါ်ဝါရီက RNDP ကြေညာချက်တခုတွင် ‘ရခိုင်အမျိုးသားနေ့’ သတ်မှတ်ရန် အတွက် ပြည်တွင်း/ပြည်ပ ရခိုင်ပညာရှင်၊ ရခိုင်နိုင်ငံရေးသမား၊ သမိုင်းပညာရှင်များ ဝိုင်းဝန်းစဉ်းစားကြရန် ကြေညာချက်တခု ထုတ်ပြန်ခဲ့ဖူးသည်။

ဤဆော်သြချက်အား တုန့်ပြန်မှုများ လက်ခံရရှိထားပြီး ရခိုင်အမျိုးသားနေ့အတွက် အဆိုပြုချက်များ ရရှိထားကြောင်း လည်း ဦးအောင်မြကျော်က

“နေ့တွေကတော့ ပုံစံ အမျိုးမျိုးပါပဲ။ အဓိကဆို ဆရာတော်ဦးဥတ္တမနေ့ (စက်တင်္ဘာ ၉) ပေါ့။ ဟိုဘက်ပိုင်းကဆို ရခိုင် ရှင်ဘုရင်လက်ထက်က ဖိုးခေါင်တောင် (ရခိုင်ရိုးမ၊ အမ်း အနီး)မှာ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးတဲ့နေ့။ မြောက်ဦး
ခေတ်က ဗမာရှင်ဘုရင်နဲ့ ဘုရင်နှစ်ပါး ဟိုဘက်ဒီဘက် ငြိမ်းချမ်းရေး လက်မှတ်ထိုးခဲ့တဲ့နေ့ပေါ့” ဟု ပြောသည်။

ဓညဝတီပြည် စတင်ထူထောင်သည့်နေ့၊ မဟာမြတ်မုနိကိုယ်တော် ရေစက်သွန်းချသည့်နေ့၊ ရခိုင်အမျိုးသားများ
ခေတ်သစ်နိုင်ငံရေး နိုးကြားလာသည့်နေ့များ စသဖြင့် ရွေးချယ်စရာ နေ့ထူးနေ့မြတ်များလည်း ရှိနေသည်။

နယ်စပ်ဒေသနှင့် ပြည်ပရောက် ရခိုင်တော်လှန်ရေး အင်အားစုများအကြား ရခိုင်အမျိုးသားနေ့ ရွေးချယ်သတ်မှတ်ရန် စဉ်းစားဆွေးနွေးချက်များ ရှိခဲ့သော်လည်း အတိအကျ သတ်မှတ်နိုင်ခဲ့ခြင်း မရှိသေးပေ။

“ဒီကိစ္စက ရခိုင်တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စပေါ့။ ဒါဟာ အမျိုးသားအင်္ဂါရပ် တခုအနေနဲ့လည်း လိုအပ်ချက်တခု
ဖြစ်တယ်။ လူမျိုးတိုင်း၊ လူမျိုးတိုင်းမှာက အမျိုးသားနေ့ဆိုတာ ရှိကြတာပဲ။ ဗမာမှာလည်း ရှိတာပဲ။ တခြား လူမျိုးတွေမှာ လည်း ရှိတာပဲ။ ဒါပေမယ့် ရခိုင်က လူမျိုးသာ ဖြစ်နေတာ အမျိုးသားနေ့ဆိုတာ ခုထက်ထိ မရှိသေးဘူး။ Identity မရှိသေးတဲ့ သဘောပေါ့။ အဲဒါကို ပါတီတခုကပဲ သတ်မှတ်ဖို့ဆိုတာ Cover မဖြစ်ဘူး၊ မလုံလောက်ဘူး” ဟု အစိုးရအား လက်နက်ကိုင် တော်လှန်နေသည့် ရခိုင်လွတ်မြောက်ရေးပါတီ ALP မှ ဒုဥက္ကဋ္ဌ ၂ ဗိုလ်မှူးခိုင်မျိုးမင်းက မဇ္ဈိမနှင့်
မေးမြန်းခန်း တခုတွင် ပြောသည်။

၎င်းက ဆက်လက်၍ “ဥပမာ ရခိုင်ပြည်ကို စတင်ထူထောင်တာက စန္ဒာသူရိယလို့ ပြောတာကိုး။ စန္ဒာသူရိက စတင် ထူထောင်တဲ့နေ့ကို အဆိုပြုကြတာ များတယ်။ ဒါပေမယ့် အဲဒီနေ့က ဘယ်နေ့လဲဆိုတာ အတိအကျ မသိဘူး ဖြစ်နေ တယ်။ အဲလို အကြံပြု propose လုပ်တဲ့ ၃-၄ ရက်လောက် ရှိခဲ့တယ်” ဟု ဆိုသည်။

သို့သော် ဆရာတော် ဦးဥတ္တမနေ့ဟူ၍ သီးသန့် ကျင်းပနေပြီး၊ ၎င်းနေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်
ပြည်ပရောက် ရခိုင်အမျိုးသားများအကြား အဆိုပြုခြင်း မရှိပေ။

RNDP အနေဖြင့် အကြံပေးစာများကို လက်ခံနေဆဲဖြစ်ပြီး ဒေသန္တရ သဘောထား ကောက်ယူမှုတွေပြုလုပ်ကာ ရခိုင် တမျိုးသားလုံး လက်ခံနိုင်သည့် နေ့တနေ့အား အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပနိုင်ရန် နီးစပ်လာပြီဖြစ်ကြောင်း ဦးအောင်မြကျော်က ပြောသည်။

ယခုနှစ် ပြည်နယ်နေ့အား စစ်တွေမြို့အပြင် ကျောက်ဖြူနှင့် မောင်းတောမြို့များတွင်လည်း ကျင်းပကြကြောင်း သိရသည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1105 guests and 1 member online