ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အခြေခံမူကြမ်းကို ကန့်ကွက်မဲထည့်ရန် ကချင်နှင့် မူဆလင်အဖွဲ့များတိုက်တွန်း

အခြေခံမူကြမ်းကို ကန့်ကွက်မဲထည့်ရန် ကချင်နှင့် မူဆလင်အဖွဲ့များတိုက်တွန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်။    ။ မြန်မာတိုင်းရင်းသား လူမျိုးစုများအား ကိုယ်စားပြုခြင်း မရှိနိုင်ဘဲ စစ်အစိုးရသက်တမ်းကိုသာ ဆွဲဆန့်ပေးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟုဆိုကာ လူထုတရပ်လုံးက ကန့်ကွက်မဲပေးကြရန် မြန်မာ မူစလင်အစည်းအရုံးနှင့် ကချင် အမျိုးသားအစည်းအရုံးတို့က တိုက်တွန်းလိုက်သည်။

"SPDC (နအဖ) လုပ်မယ့် Constitution (အခြေခံဥပဒေ) မှာပါတဲ့ အချက်အလက်ကို ကြည့်မယ်ဆိုရင် မြန်မာပြည်သူတွေရော၊ ကချင်ပြည်သူတွေရော ကောင်းအောင် ကာကွယ်ပေးထားတာ မရှိဘူး။ ဒီမိုကရေစီစနစ်အရ ဖွဲ့စည်းထားတာ မဟုတ်ဘူး။ အဲဒါကြောင့် ကချင်ပြည်သူတွေရော အားလုံး ကန့်ကွက်ဖို့ တိုက်တွန်းလိုက်တာပါ" ဟု ပြည်ပအခြေစိုက် ကချင်အမျိုးသား အစည်းအရုံး (KNO)မှ ဥက္ကဌ ဒူဝါဘောမ်ဝမ် လရော်က ပြောသည်။

ကချင် အမျိုးသားအစည်းအရုံး၏ ပြည်သူလူထုသို့ ပန်ကြားချက်တွင် မြန်မာပြည်သူများ၏ ဘဝပုံရိပ်မှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တည်မှီနေခြင်းကြောင့် ဥပဒေ ရေးဆွဲသည့်အခါ ပြည်သူလူထုကို လွတ်လွတ်လပ်လပ် ဝေဖန်ဆွေးနွေးခွင့် ပေးရန်နှင့် ပြည်သူလူထုအနေဖြင့် ကြေညက်စွာ သိရှိနားလည်ရန် အရေးကြီးသည်ဟု ပါရှိသည်။

သို့သော်လည်း စစ်အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်၊ ခြိမ်းခြောက်မှုများကြောင့် ထိုအခွင့်အရေးများ ဆုံးရှုံးနေပြီး မည်သို့မည်ပုံ ရေးဆွဲထားသည်ကို ပြည်သူအများက သိရှိရခြင်း မရှိသေးဟု ဆိုထားသည်။

မြန်မာ မူဆလင်အစည်းအရုံးမှ ပြောခွင့်ရတဦးကလည်း "သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းမှာ ပါဝင်တဲ့ အချက်တွေက စစ်တပ်တခုထဲကိုသာ ကိုယ်စားပြုထားတဲ့ သဘောကို ဖော်ပြထားတဲ့အတွက် ကျနော်တို့က လုံးဝ မထောက်ခံဘူး၊ ကန့်ကွက်တယ်" ဟု ပြောသည်။

"မူစလင်တွေက ၁ဝဝ ရာခိုင်နှုန်း စစ်အုပ်စုကို လုံးဝ မထောက်ခံဘူး။ သူတို့ လုပ်ရပ်တွေက အင်မတန်မှ စက်ဆုတ်စရာ ကောင်းတယ်" ဟု သူက ဆက်ပြောသည်။

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1118 guests and 1 member online