ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > AK ကုမ္ပဏီဝန်ထမ်းလေးဦး ပြန်ပေးဆွဲခံရ

AK ကုမ္ပဏီဝန်ထမ်းလေးဦး ပြန်ပေးဆွဲခံရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ မွန်ပြည်နယ် တောင်ပိုင်းရှိ လမ်းတံတားများကို ပြုပြင်ဆောက်လုပ်ရန် ကန်ထရိုက် ရယူထား သည့် AK ကုမ္ပဏီပိုင် မော်တော်ကားနှင့် ဝန်ထမ်းအိမ်ရာကို မီးရှို့ကာ ဝန်ထမ်းများကို လက်နက်ကိုင် တစုက ပြန်ပေး ဆွဲ ခေါ်ဆောင်သွားသည့် ဖြစ်ရပ်တခု သောကြာနေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။

မုဒုံမြို့နယ် ကမာဝက်ရွာအနီးတွင် စခန်းချထားစဉ် ဟပွေးသန်းလွင် (ခေါ်) ကိုရင်လေးအဖွဲ့ဟု လူသိများသည့် မွန်လက်နက်ကိုင်အဖွဲ့မှ ငါးဦးခန့်က နံနက် ၆ နာရီခွဲခန့်တွင် ဆယ်ဘီးကားတစီး၊ ဝန်ထမ်းများ နားခိုရာ တဲတလုံးကို မီးရှို့ကာ ဝန်ထမ်း လေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ ကုမ္ပဏီကို မဇ္ဈိမအနေဖြင့် ဆက်သွယ်
၍ မရသေးပေ။
ak
“မီးလောင်ပြီး ပေါက်ကွဲသံတွေ ရွာထဲထိ ကြားတယ်။ သွားကြည့်တဲ့လူတွေ ပြောတာတော့ တဲနဲ့ ကားက ပြာကျသွား တယ်” ဟု အခင်းဖြစ်ပွားရာနှင့် တမိုင်သာသာခန့် ဝေးသည့် ကမာဝက်ရွာသူ တဦးက ပြောသည်။

အခြားရွာသူတဦးကလည်း “သူတို့ ပြန်ထွက်တဲ့အချိန်မှာ သူတို့ကို ပြန်ပို့ဖို့ AK ကုမ္ပဏီက ကားတစီးကို ဆွဲသွားတယ်။ သံဖြူဇရပ်ဘက် ထွက်သွားတယ်လို့ ကြားတယ်” ဟု ပြောသည်။

ထိုအဖွဲ့က ဆက်ကြေးတောင်းခံထားသည်ကို AK ကုမ္ပဏီက မပေးသည့်အတွက် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်နိုင်
ကြောင်း ဒေသခံများက ယူဆကြသည်။

ဇွန်လ ၁၁ ရက်နေ့တွင်လည်း မုဒုံ-သံဖြူဇရပ်ကြားတွင် လမ်းဖောက်နေသည့် AK ကုမ္ပဏီ ဝန်ထမ်းတဦးကို ထိုအဖွဲ့က
ငွေကျပ် သိန်း (၁၅ဝ) ဖြင့် ပြန်ရွေးရန် ပြန်ပေးဆွဲခဲ့ပြီး ဇူလိုင်လလယ်ခန့်တွင် ပြန်လွှတ်ပေးခဲ့သည်။

ဇူလိုင်လနှင့် သြဂုတ်လတွင်လည်း ကမာဝက်ရွာနှင့် ပတ်ဝန်းကျင်ရွာများရှိ စီးပွားရေး ချောင်လည်သည့် အိမ်များသို့ စာရေးသား ပေးပို့ကာ ဆက်ကြေးတောင်းခံခဲ့သည်။

၎င်းပြင် ဇူလိုင်လ ၁၇ ရက်နေ့တွင်လည်း မုဒုံနှင့် သံဖြူဇရပ်ကြားရှိ အစိုးရရာဘာခြံတခြံမှ တဲတလုံးကို ထိုအဖွဲ့က မီးရှို့ပြီးနောက် ရာဘာခြစ်လုပ်သားများ နေရပ်ပြန်ကြရန် အာဏာပိုင်များက သတိပေးထားခဲ့သည်။

မေလ ၁၄ ရက်က  မုဒုံမြို့အနီး အော်တိုအိပ်ချိန်းရုံး ဗုံးပေါက်ကွဲသည့်ဖြစ်ရပ်နှင့် ဇွန်လ ၂၉ ရက်နေ့က သံဖြူဇရပ်မြို့
နှင့် ရေးမြို့နယ်အကြား ခရီးသည်တင် မှန်လုံကားနှစ်စီးကို မီးတင်ရှို့ပြီး ကားသမား ခြောက်ဦးကို ပြန်ပေးဆွဲသွားသည့်
ဖြစ်ရပ်တွင်လည်း ၎င်းအဖွဲ့နှင့် ပတ်သက်နေသည်ဟု ဒေသခံများက ယူဆကြသည်။

ထိုလက်နက်ကိုင် အဖွဲ့သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွင် လှုပ်ရှားနေပြီး ယခင်က မွန်အမျိုးသား ကာကွယ်ရေးတပ်ဟု အမည်ပေးခဲ့သည်။

မွန်ပြည်သစ်နှင့် စစ်အစိုးရတို့ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီး နောက်ပိုင်းတွင် မွန်ပြည်နယ်အတွင်း ဆက်ကြေးကောက်ခံခြင်းနှင့် ပြန်ပေးဆွဲခြင်းများ မကြာခဏ ဖြစ်ပွားခဲ့သည်။

AK ကုမ္ပဏီသည် အရှည် မိုင် ၁၂ဝ ခန့်ရှိ မော်လမြိုင်မှ ရေးမြို့နယ် အဆုံးထိ ကတ္တရာလမ်းနှင့် တံတားများကို ပြုပြင်
ဆောက်လုပ်ရန်အတွက် ၂ဝ၁ဝ ခု နှစ်လယ်ပိုင်းမှ စပြီး မွန်ပြည်နယ်သို့စတင် ဝင်ရောက်ခဲ့သည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1079 guests and 1 member online