ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဘဏ္ဍာရေး ကျပ်တည်းသဖြင့် ရေဘေးကူညီနိုင်မှု အားနည်းဟု NLD ပြော

ဘဏ္ဍာရေး ကျပ်တည်းသဖြင့် ရေဘေးကူညီနိုင်မှု အားနည်းဟု NLD ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ လွှတ်တော်ပြင်ပ အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ယခုနှစ် မိုးကာလတွင် ရေဘေးဒုက္ခကြုံတွေ့နေရသည့် နေရာများကို ပါတီ ဘဏ္ဍာရေး ကျပ်တည်းသဖြင့် သွားရောက် ကူညီနိုင်မှု အားနည်းခဲ့ရသည်ဟု NLD က ပြောသည်။

မိုးများ၍  ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် ရေဘေးဒဏ် ကြုံတွေ့ခဲ့
ကြရပြီး လယ်ယာ မြေများ ပျက်ဆီးဆုံးရှုံးသည့် အပြင်  စားသောက်ရေး အခက်ခဲများပင် ကြုံခဲ့ရသည်။

NLD အနေဖြင့် ရုံးချုပ်ရုံးစိုက်ရာ ရန်ကုန်မြို့ ဆင်ခြေဖုံး မြို့နယ်များတွင် ပညာရေးပံ့ပိုးမှုများ လုပ်ဆောင်နေရချိန်  ဘဏ္ဍငွေ အကျပ်အတည်းကြောင့် ရေကြီးဒဏ်ခံရသူများကို ပံ့ပိုးပေးနိုင်မှု အားနည်းနေရခြင်း ဖြစ်သည်ဟု NLD
ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင် က ပြောသည်။

“ဒီနှစ်က သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်တဲ့နေရာတွေက များတော့ ကျနော်တို့မှာလည်း ဆက်သွယ်မှုနေရာ ခက်ခဲ့တဲ့အပြင် ထောက်ပံ့ကူညီနိုင်မှုစွမ်းအား အခြေအနေကလည်း ရှိသေးတာကိုး။ ဒါပေမယ့် အတက်နိုင်ဆုံး လုပ်ပေးနိုင်ဖို့ အစီအစဉ်တွေ ရှိပါတယ်” ဟု ဦးအုန်းကြိုင် က မဇ္ဈိမကိုပြောသည်။

ရေကြီးနေသည့် ဒေသများတွင် သက်ဆိုင်ရာ ဒေသလူမှုဖွံ့ဖြိုးရေးအဖွဲ့များက စားဝတ်နေရေး ကိစ္စကို ကူညီပံ့ပိုးပေး
နေမှုများ ရှိနေသော်လည်း လုံလောက်သည့် ပံ့ပိုးမှုများ မရရှိပေ။

“လူမှုကူညီရေးနဲ့ ပါတ်သက်ပြီး ကျနော်တို့ ပေါ်လစီ မပြောင်းပါဘူး။ ကျနော်တို့အနေနဲ့ သက်ဆိုင်ရာမြို့နယ်တွေကို တတ်နိုင်သမျှ ကူညီမှုတွေပေးဖို့ တာဝန်ပေးထားပြီးသားပါ။ ဖြစ်နေတဲ့ နေရာတွေကို သွားရောက်ကူညီဖို့ ကျနော်တို့
မှာ လည်း အစီအစဉ် ရှိပါတယ်” ဟု ဦးအုန်းကြိုင်က ဆက်ပြောသည်။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲတွင် စွန်ချောင် ရေကာတာဖေါက်ချမှုကြောင့် အောက်ဘက်၌ရှိသော ကျောက်ထရံ၊ ထုံးဘို၊ မြို့လုလင်ရွာနှင့် တပ်ကုန်းရွာတို့တွင် ရေတိုက်စားသဖြင့် အိမ်ပြိုမှု၊ လူသေဆုံးမှုများပင်ရှိကြောင်း မြို့သစ်မြို့ NLD လူငယ် တာဝန်ခံ ကိုအောင်ကျော်ကျော်က ပြောသည်။

“ကျနော်တို့အနေနဲ့လည်း ကူညီမှုတွေက အပြည့်အဝမပေးနိုင်ဘူး။ အာဏာပိုင်တွေဘက်ကရော၊ ပါတီတွေကရော ကူညီတာမရှိဘူး။ ကျနော်တို့ကူညီမယ့် ဟာတွေကိုတောင် စစ်ဆေးမေးမြန်းတာတွေတောင် အာဏာပိုင်တွေက တားမြစ် တာတွေရှိတယ်” ဟု သူက မဇ္ဈိမကိုပြောသည်။

ထို့အတူပင် လွိုင်ကော်မြို့တွင် လူနေအိမ်အချို့ ရေနစ်မြုပ်ပြီး ဒီမောဆို မြို့နယ်တွင်လည်း ရေကြီးမှုများ ဖြစ်ပွားလျက် ရှိသည်။ သို့သော် ထိထိရောက်ရောက် ကူညီမှုများမရှိဟု ဒေသခံများက ပြောသည်။

NLD အနေဖြင့် ၂ဝ၁၁ ခုနှစ် မက်လပိုင်းက လေပြင်းကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည် တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ် များက အိုးအိမ်မဲ့ လေဘေး ဒုက္ခသည်များကို အစားအသောက် အဝတ်အထည်နှင့် ဆေးဝါးများ ကူညီပေးခဲ့သလို
 ကြွက်များ ကိုက်ဖြတ်သဖြင့် ကောက်ပဲ သီးနှံများ ပျက်စီးခဲ့ရသည့် ချင်းပြည်နယ်တွင်း မြို့နယ်များကိုလည်း ငွေကြေး ကူညီမှုများ ပံ့ပိုးပေးခဲ့သည်။

၂ဝ၁ဝ ခုနှစ် က ရခိုင်ပြည်နယ်တွင်း ဂီရိမုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းများတွင်လည်း ကူညီမှုများရှိခဲ့သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1096 guests and 1 member online