ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒီချုပ်လူငယ်များက ကန့်ကွက်မဲပေးရန် NO လှုပ်ရှားမှု စတင်

ဒီချုပ်လူငယ်များက ကန့်ကွက်မဲပေးရန် NO လှုပ်ရှားမှု စတင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ။    ။ နအဖ ၏ လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးရေး NO လှုပ်ရှားမှုတရပ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များက ယနေ့ (တော်လှန်ရေးနေ့) ၌ ရုံးချုပ်ရှေ့တွင် လုပ်ဆောင်ခဲ့ကြသည်။

အဖွဲ့ချုပ်လူငယ် ၂ဝ ကျော်က NO တံဆိပ် ကပ်ထားသည့် တီရှပ် အဖြူ၊ အပြာ၊ အနီ တို့ကို ဝတ်ဆင်ကာ ၆၃ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနား မစတင်ခင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်ရှေ့တွင် ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

nld-demo.jpg

"ရှပ်အဖြူ၊ အနီ၊ အပြာတွေမှာ NO စာလုံးရေးထားပြီး အပေါ်မှာက ' ပြတ်ပြတ်သားသား ဆန့်ကျင်ကြ' စာတန်း ကပ်ထားတဲ့ ရှပ်တွေကို ဝတ်ပြီးတော့ ဖက်ဆစ် တော်လှန်ရေးအလံတွေ ကိုင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးတွေ၊ ကမ္ဘာမကြေ သီချင်းဆိုတယ်။ နောက်ပြီး လူထု ဆန္ဒခံယူပွဲအလိုမရှိ ဆိုပြီး အော်ကြတာပေါ့ ' ဟု အဖွဲ့ချုပ်လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

အဖွဲ့ချုပ်လူငယ်များက တနာရီကြာမျှ ကြွေးကြော်သံများ ဟစ်အော်ခဲ့ကြသည်။ 

ကြံ့ဖွံ့နှင့် အထူး ရဲသတင်းတပ်ဖွဲ့ဝင်အချို့ လာရောက်ကာ ဓာတ်ပုံရိုက် သတင်း ယူခဲ့ကြသော်လည်း တစုံတရာ နှောင့်ယှက်ခြင်း မရှိခဲ့ကြောင်းနှင့် "ဒါကတော့ အဖွဲ့ချုပ် လူငယ်တွေရဲ့ ကိုယ့်ဆန္ဒကို ကိုယ်ထုတ်ဖော်တာ။ လာကြည့်တဲ့ ပြည်သူလူထုတွေမှာလည်း တစုံတရာ မက်ဆေ့ခ်ျတော့ ရသွားမှာပေါ့" ဟု ဟု အဆိုပါ လူငယ်က ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားတွင်မူ နဝတ၏ ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေး ကတိကဝတ်များ ဖြစ်သည့် ၁၉၈၉ ရွေးကောက်ပွဲဥပဒေပုဒ်မ (၃) နှင့် ၁၊၉ဝ ကြေညာချက် အပိုဒ် ၁၂ တို့နှင့်အညီ နအဖ ကိုယ်တိုင်က ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေးကို တောင်းဆိုခဲ့သည်။

ထို့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရေး၊ နှစ်ရှည် ထောင်ဒဏ်ကျခံနေရသည့် ရှမ်းဒီချုပ်ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးအပါအဝင် ရှမ်းခေါင်းဆောင်များကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် နအဖကို တောင်းဆိုခဲ့ကြသေးသည်။

သည့်နောက် မြို့နယ်များရှိ အဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင်များ၏ ရုံးခန်းများကို ချိတ်ပိတ်ထားခြင်းမှ ပြန်ဖွင့်ပေးပြီး စည်းရုံး လှုပ်ရှားခွင့်များ ပြန်ပေးရန်နှင့် ၉ဝ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံရေးပါတီများကို မှတ်ပုံတင်အသစ် ထုတ်ပေးပြီး စည်းရုံး လှုပ်ရှားခွင့် ပြန်ပေးရန်လည်း တောင်းဆိုခဲ့သည်။

အခမ်းအနားသို့ ဝါရင့် နိုင်ငံရေးသမားများနှင့် နိုင်ငံခြားသံရုံးများမှ သံတမန်များ အပါအဝင် လူဦးရေ ၅ဝဝ ကျော် တက်ရောက်ခဲ့ကြပြီး အခန်းအနားအပြီး အဖွဲ့ချုပ် လူငယ်များက အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုများ ရေးသားတင်ဆက်သည့် ဘုန်းဘုန်းချမှ လုံးလုံးရမယ် တိုက်ပွဲခေါ် မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်များမှ နှစ်သက်ရာ သီချင်းများကို သံချပ်ထိုးကာ နအဖ အစိုးရ၏ ချို့ယွင်းချက်များကို ဝေဖန်ခဲ့ကြသည်။

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1122 guests and 1 member online