ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မြို့ပတ်ရထား တိမ်းမှောက် လေးဦး ဒဏ်ရာရ

မြို့ပတ်ရထား တိမ်းမှောက် လေးဦး ဒဏ်ရာရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်မြို့ပတ် ရထားတစီးမှ နောက်ဆုံးတွဲသည် ကမာရွတ်မြို့နယ်အတွင်း ကမာရွတ် ဘူတာနှင့် လှည်းတန်းဘူတာ အကြားတွင် ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန်က ပြုတ်ကျကျန်ပြီး လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားရာ လူလေးဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။


အင်းစိန်မှ ရန်ကုန်ဘူတာကြီးသို့ မောင်းနှင်လာသည့် မြို့ပတ် ရထားအမှတ် (တ-၈) သည် ကမာရွတ် ဘူတာ
ကျော်လွန်ပြီးနောက် နောက်ဆုံးလူစီးတွဲ ပြုတ်ထွက်ပြီး လမ်းဘေးသို့ တိမ်းမှောက်ခဲ့ရာမှ အမျိုးသား ၃ ဦးနှင့်
အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ လမ်းချော်တိမ်းမှောက်ခဲ့သည့် ရထားတွဲအတွင်း လူဦးရေ ၂၀ ခန့်
သာ ပါဝင်ပြီး ထိခိုက် ဒဏ်ရာရသူများမှာ အင်းစိန် ဘူတာရုံပိုင်ကြီး ဦးကျော်ရွှေ (၅၆) နှစ်၊  ဦးရဲဝင်း (၅၇) နှစ်၊
ကိုလှဦး (၂၇) နှစ် နှင့် ဒေါ်နော်လီခင် (၄၉) နှစ်တို့ ဖြစ်သည်။

“ အင်းစိန်ကနေ ၁ နာရီ ၃၅ မိနစ်မှာ ထွက်လာတာ။ ကျနော်လဲ နောက်တွဲ ပြုတ်သွားတယ်ဆိုတာ သိသိခြင်း
ရထားကို ရပ်လိုက်တာပဲ။” ဟု ရထားစက်ခေါင်း မောင်းနှင်သူ ဦးဝင်းမင်းဦးက ပြောသည်။
trainaccident5
အခင်းဖြစ်ပွားမှုကို မျက်မြင်ကြုံတွေ့ခဲ့သည့် အနီးဝန်းကျင် နေသူတဦးက “ ကျနော်တို့က ဈေးဆိုင်ထဲမှာ ထိုင်
နေတာ။ 'ဂလုံး' ဆိုပြီး အသံကြီးထွက်လာလို့ ကြည့်လိုက်တော့ ရထားကနေ တွဲတတွဲ ကျန်ခဲ့ပြီး သူက
တစောင်းကြီး ကိုက် ၁၅၀ လောက် ဆက်သွားနေပီးမှ လဲသွားတာ။ အဲ့တာ အနားက လူတွေက အားလုံးပြေးပြီး
လှေကားတွေ ခုံတွေရှာပြီး ခရီးသည်တွေ ဆွဲထုတ်ကြတာ။ ” ဟု ပြောသည်။

ရထားတွဲ တိမ်းမှောက်ရာသို့ ရန်ကုန်တိုင်း ဒေသကြီး ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်နှင့် စစ်တိုင်းမှူးတို့ပါ လာရောက်ခဲ့ပြီး ရန်ကုန်တိုင်း စစ်တိုင်းမှူးက ဖြစ်စဉ်မှာ ပြင်ပ ပယောဂကြောင့် ဖြစ်ခြင်း မဟုတ်ပဲ သဘာဝ အလျောက် ဖြစ်ပွားခြင်းဟု သတင်းထောက်များကို ပြောဆိုခဲ့ပြီး ဖြစ်ရပ်နှင့် ပတ်သတ်၍ အပြုသဘောဖြင့်
ရေးသားရန် သတင်းထောက်များကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရထားပို့ဆောင်ရေး ဝန်ကြီး လာရောက်ကြည့်ရှု့စစ်ဆေး :: ခရီးသည်လေးဦး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သော မြို့ပတ်ရထား တိမ်းမှောက်ရာသို့ လာရောက်ကြည့်ရှု့စစ်ဆေးသော ရန်ကုန်တိုင်းဒေသကြီး ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်ခင်ကို တွေ့ရစဉ်။ ရန်ကုန်ဘက်ဝင်လာသော မြို့ပတ်ရထားသည် ကြာသပတေးနေ့ စက်တင်ဘာ ၁ ရက်၊ ၂ဝ၁၁ ခုနှစ်က ကမာရွတ်နှင့် လှည်းတန်းဘူတာအကြားတွင် နောက်ဆုံးတွဲက ပြုတ်ထွက် တိမ်းမှောက်ရာ ခရီးသည် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရသွားသည်။ ဓာတ်ပုံ- မဇ္ဈိမ ရန်ကုန်မြို့ပတ် ရထားတွဲ ကမာရွတ်နှင့် လှည်းတန်း ဘူတာအကြား တိမ်းမှောက် :: တိမ်းမှောက်သွားသော ရန်ကုန်မြို့ပတ် ရထားတွဲကို ခရီးသည်များနှင့် အနီးပတ်ဝန်းကျင်လူများက ကြည့်ရှု့နေသည်ကို ကြာသပတေးနေ့ စက်တင်ဘာလ ၁ရက်၊ ၂၀၁၁ ခုနှစ်က တွေ့ရစဉ်။ ကမာရွတ် ဘူတာနှင့် လှည်းတန်း ဘူတာအကြား မွန်းလွဲ ၁ နာရီ ၅၅ မိနစ်က နောက်ဆုံးတွဲ ပြုတ်ကျကျန်ပြီး တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် ခရီးသည် လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန်မြို့ပတ် ရထားတွဲ ကမာရွတ်နှင့် လှည်းတန်း ဘူတာအကြား တိမ်းမှောက် :: တိမ်းမှောက်သွားသော ရန်ကုန်မြို့ပတ် ရထားတွဲကို ခရီးသည်များနှင့် အနီးပတ်ဝန်းကျင်လူများက ကြည့်ရှု့နေသည်ကို ကြာသပတေးနေ့ စက်တင်ဘာလ ၁ရက်၊ ၂၀၁၁ ခုနှစ်က တွေ့ရစဉ်။ ကမာရွတ် ဘူတာနှင့် လှည်းတန်း ဘူတာအကြား မွန်းလွဲ ၁ နာရီ ၅၅ မိနစ်က နောက်ဆုံးတွဲ ပြုတ်ကျကျန်ပြီး တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် ခရီးသည် လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန်မြို့ပတ် ရထားတွဲ ကမာရွတ်နှင့် လှည်းတန်း ဘူတာအကြား တိမ်းမှောက် :: ရန်ကုန်ဘက်သို့ ပြန်ဝင်သော မြို့ပတ်ရထား (စက်ခေါင်းအမှတ် DT-၉၃၆) သည် ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်က ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာ အကြားတွင် နောက်ဆုံးတွဲက ပြုတ်ထွက်ပြီး တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် ခရီးသည် လေးဦးပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။ ဓာတ်ပုံ- မဇ္ဈိမ ရန်ကုန်မြို့ပတ် ရထားတွဲ ကမာရွတ်နှင့် လှည်းတန်း ဘူတာအကြား တိမ်းမှောက် :: မြို့ပတ်ရထားတွဲ တိမ်းမှောက်မှုကြောင့် ဒဏ်ရရသွားခဲ့သော ခရီးသည် တဦးကို တိမ်းမှောက်သွားသော တွဲအနီး တွေ့ရစဉ် ။ ဓာတ်ပုံ- မဇ္ဈိမ။ကမာရွတ် ဘူတာနှင့် လှည်းတန်း ဘူတာအကြား မွန်းလွဲ ၁ နာရီ ၅၅ မိနစ်က နောက်ဆုံးတွဲ ပြုတ်ကျကျန်ပြီး တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် ခရီးသည် လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ ဓာတ်ပုံ- မဇ္ဈိမ။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1122 guests and 1 member online