ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကချင်နှင့် ဆွေးနွေးပွဲဆက် အပစ်ခတ်ရပ်ရေး အလှမ်းဝေးဆဲ

ကချင်နှင့် ဆွေးနွေးပွဲဆက် အပစ်ခတ်ရပ်ရေး အလှမ်းဝေးဆဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။       ။ ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် အစိုးရဘက်က စေလွှတ်လိုက်သော ကိုယ်စားလှယ် အဖွဲ့တို့ လဂျားယန် ကျေးရွာတွင် တနင်္လာနေ့က ဆွေးနွေးခဲ့ကြသော်လည်း ပြည်နယ်အဆင့်သာ ငြိမ်းချမ်းရေးလုပ်မည် ဆိုသည့်အတွက် အပစ်ခတ်ရပ်ရေး သဘောတူလက်မှတ်ရေးမှာ မရေမရာပင်  ဖြစ်နေသေးသည်။

KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်ဦးဆောင်သော ငါးဦးပါအဖွဲ့နှင့် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး
သန်းအောင် ဦးစီးသော ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့ဝင် ၃ ဦးတို့သည် အပစ်ခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး နှစ်နာရီခွဲခန့်ကြာ ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင်းရှိ KIO ထိန်းချုပ်ရာ လဂျားယန်တွင်
 ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

KIO က တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ် ရပ်စဲရေး တင်ပြထားချိန်တွင် အစိုးရဘက်ကတော့ ပြည်နယ် အဆင့်သာ ငြိမ်းချမ်းရေးကို ဆက်လက် ဆုတ်ကိုင်ထားသည်။
Pan_Awng
KIO က တင်ပြထားသော တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ် ရပ်ဆိုင်းရေးနှင့် နိုင်ငံရေးအရ ဆက်လက်
ဆွေးနွေးရေးတို့နှင့် ပတ်သက်ပြီး ဆက်လက်၍ မျက်နှာချင်းဆိုင် ဆွေးနွေးရန်သာ သဘောတူညီခဲ့ကြသည်ဟု KIO တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။

“ ဒီနေ့ တွေ့ဆုံမှုနဲ့တော့ လက်မှတ်ထိုးဖို့ မဖြစ်နိုင်သေးဘူး။ ဒီ့ထက်ပိုပြီး တွေ့ဆုံမှုတွေ လုပ်ရအုန်းမယ်။ သူတို့ဘက် အပေါ် မူတည်ပါတယ်။ လက်မှတ်ထိုးဖို့က နိုင်ငံတည်ငြိမ်မှု ဘယ်လောက်ထိ လိုလားတယ်ဆိုတဲ့ အပေါ် မူတည်ပါတယ်”ဟု ဦးလနန်က ပြောသည်။ 



အစိုးရဘက်ကလည်း ပြည်နယ်အဆင့်သာ အပစ်ခတ် ရပ်စဲရန်သာ ဆက်လက် ဆုတ်ကိုင်ထားကြောင်း တွေ့ဆုံမှုတွင် ပါဝင်သော  KIO တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

ဆွေးနွေးချက်များ အထက် တင်ပြမည်ဟု အကြောင်းပြန်သွားသော အစိုးရ ကိုယ်စားလှယ် အဖွဲ့များက တနင်္လာနေ့ တွင်ပင် မြစ်ကြီးနားသို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

ယနေ့ တွေ့ဆုံမှုတွင်လည်း ဇွန်လ ၂၇ ရက်နေ့ကတည်းက ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ဖွဲ့စည်းထား
သော ငြိမ်းညှိနှိုင်းအဖွဲ့ ၅ ဦးထဲမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်- ပမခ စစ်ဆင်ရေး ဗိုလ်မှူးကြီး ထွန်းထွန်းအုန်းနှင့် စစ်ဘက်ရေးရာဌာနမှ ဗိုလ်မှူးနိုင်လင်းတို့ ပါဝင်ခြင်း မရှိသေးပေ။

အစိုးရ ကိုယ်စားလှယ်များနှင့် လုံခြုံရေး တပ်ဖွဲ့များကို မြစ်ကြီးနားမြို့မှ လမ်းခရီး တဝက်ခန့်ရှိ ရွှေညောင်ပင်-ဂါးရာယန် ကျေးရွာ အကြားရှိ ချောင်းတဖက်ခြမ်းမှ KIO ၏ လုံခြုံရေး တပ်ဖွဲ့များ လာရောက်ကြိုဆိုခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၂၈ ရက်နေ့က KIO ဘက်မှ နှစ်ဘက် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ် ရေးထိုးပြီးနောက် ၄၈ နာရီအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင်းသို့ မြန်မာတပ်များ ထိုးစစ်ဆင်မှုများကို ရုပ်သိမ်းပေးရန် ညွှန်ကြားချက် ထုတ်ပြန်ပေးရန်နှင့် ၁၅ ရက်အတွင်း တနိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းပေးရေး နိုင်ငံရေးဆွေးနွေး
ဖော်ဆောင်မည် ဆိုသော အချက်များကို မြန်မာအစိုးရက ထုတ်ပြန်ကြေငြာပေးရန် တောင်းဆိုထားသည်။ 

အစိုးရနှင့် KIO သဘောတူညီချက် လက်မှတ် ရေးထိုးထားသော စာချုပ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်
ရေးသား ထားစေလိုပြီး ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အပေါ် သမ္မတ ဦးသိန်းစိန်အစိုးရ၏ သဘောထားကို ရှင်းလင်း
စေရန် KIO ၏ စာတွင် ပါရှိခဲ့သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1120 guests and 1 member online