ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အဓမ္မခိုင်းစေမှု တိုင်ကြားချက် များလာဟု ILO ဆို

အဓမ္မခိုင်းစေမှု တိုင်ကြားချက် များလာဟု ILO ဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO မြန်မာနိုင်ငံ ရုံးခွဲသို့ အဓမ္မ လုပ်အားပေးမှု တိုင်ကြားချက်များ သိသာစွာ များလာပြီး ထိုကဲ့သို့ ဖြစ်ခြင်းမှာ လူထုအတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှုဆိုင်ရာ ဗဟုသုတများ များပြားလာသောကြောင့်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
 
၂ဝ၁ဝ နှစ်ဦးပိုင်းမှစ၍ ILO မြန်မာရုံးခွဲသည် အဓမ္မလုပ်အားပေး ခိုင်းစေမှုနှင့် ပတ်သက်သည့် တိုင်ကြားမှု ၅ဝ၆ ခုကို လက်ခံရရှိခဲ့သည်ဟု AFP က ဆိုသည်။
 
“အခုလို တိုင်ကြားမှုတွေ မြင့်တက်လာတာက အခွင့်အရေးနဲ့ ဥပဒေတွေကို နားလည် သတိထားမိလာတာတွေရယ်၊ တိုင်ကြားဖို့ ယုံကြည်မှု ပိုမိုရှိလာကြတာတွေရယ်ကြောင့်ပါ” ဟု ရန်ကုန်ရှိ ILO ဆက်ဆံရေးအရာရှိ Steve Marshall က မတ်လထဲတွင် ပြုလုပ်ခဲ့သည့် မဇ္ဈိမနှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။
 
မြန်မာနိုင်ငံ၌ ILO ရုံးခွဲကို တည်ထောင်ကာ အဓမ္မ 100th-ILOလုပ်အားပေး ခိုင်းစေမှု တိုင်ကြားသည်များကို စတင်လက်ခံသည့် ၂ဝဝ၇ ဖေဖော်ဝါရီမှစ၍ ယခုထိ တိုင်ကြားမှုပေါင်း ၇၄၉ ခု ရှိခဲ့သည်ဟု AFP သတင်းက ဆိုသည်။
 
ILO အနေဖြင့် အဓမ္မလုပ်အားပေးနှင့် ပတ်သက်သော အခွင့်အရေးနှင့် ဥပဒေများ သိနာလည်းမှု မြှင့်တင်ရေး ကမ်ပိန်းများကို မြန်မာနိုင်ငံတွင် ၂ဝဝ၇ မှစ၍ ပြုလုပ်ခဲ့ရာ၊ မြန်မာဘာသာနှင့် ရေးထားသည့် ပညာပေး စာစောင်များကို ဖြန့်ဝေခဲ့သည်။ ပိုပိုကျယ်ပြန့်စွာ သိရှိနားလည်စေရန် ယခုအခါ ထိုစာစောင်များအား တိုင်းရင်းသား ဘာသာများဖြင့် ရိုက်နှိပ် ဖြန့်ဝေနိုင်ရေး ဆွေးနွေးနေသည်ဟု ဆိုသည်။
 
Steve Marshall က ယခုထိ နိုင်ငံတကာနှင့် မြန်မာနိုင်ငံ ဥပဒေများအရ သတ်မှတ်ထားသော မိမိတို့၏ အခွင့်အရေးများကို သဘောမပေါက်သေးသူများ အများအပြား ရှိနေသေးသဖြင့် တိုင်ကြားမှု အရေအတွက်သည်
 ပြဿနာ အရွယ်အစားကို ရောင်ပြန် မဟပ်နိုင်ကြောင်းနှင့် လူအများက ရပိုင်ခွင့်များကို သဘောမပေါက်သေးသလို သဘောပေါက်ခဲ့လျှင်ပင် တိုင်ကြားမှုများ ပြုလုပ်နိုင်မည့် အနေအထား မရှိကြသေးကြောင်း မဇ္ဈိမကို အစောပိုင်းတွင် ပြောပြခဲ့သည်။
 
“ကျနော်တို့ အများကြီး လုပ်ရပါဦးမယ်” ဟု Marshall က AFP ကို ပြောခဲ့သည်။
 
အဓမ္မ လုပ်အားပေး ခိုင်းစေမှုနှင့် ပတ်သက်၍ အစိုးရ မဟုတ်သည့် လက်နက်ကိုင် အုပ်စုများအပေါ် စွပ်စွဲတိုင်ကြားချက်များနှင့် ပတ်သက်၍မူ စုံစမ်းစစ်ဆေးရန် အတော်ခက်ခဲနေသည်ဟု Marshall က ပြောခဲ့ပြီး၊ လတ်တလောတွင် ILO အနေဖြင့် အပစ်ရပ် အုပ်စုများအပေါ် စွပ်စွဲချက်များအား စုံစမ်းစစ်ဆေးနိုင်ရေးနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် ညှိနှိုင်းနေသည်ဟု ဆိုသည်။
 
အရွယ်မရောက်သေးသည့် ကလေးငယ်များအပေါ် စစ်တပ်တွင်း ခန့်ထားမှုနှင့် ပတ်သက်သည့် တိုင်ကြားမှုများမှာ တခါတရံ တယောက်တည်းနှင့် ပတ်သက်သော ကိစ္စများ ဖြစ်သော်လည်း တခါတရံတွင် အမှုတခုတည်းကိုပင် ဆက်နွယ်နေသူ အများအပြားက တိုင်ကြားခြင်းမျိုးလည်း ရှိသည်ဟု Marshall က ထောက်ပြခဲ့သည်ဟု AFP က ဆိုသည်။
 
၂ဝဝ၇ မှစ၍ အရွယ်မရောက်သေးသည့် ကလေးစစ်သားများ မြန်မာစစ်တပ်မှ ခန့်ထားမှုပေါင်း ၁၇၄ ခုကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီး၊ ထိုကလေးစစ်သားများကို မိသားစုဆီ ပြန်ပို့နိုင်ခဲ့သည်ဟု ဆိုသည်။ အကျိုးဆက်အားဖြင့် စစ်ဘက်အရာရှိ ၂ဝ ဦးနှင့် အခြားရာထူးအဆင့်ရှိသူ ၁၁ဝ ဦးကို အရေးယူ အပြစ်ပေးနိုင်ခဲ့သည်ဟု စစ်ဘက်အရာရှိများ၏ အဆိုအရ သိရကြောင်း Marshall က AFP သို့ ပြောခဲ့သည်။
 
အဓမ္မလုပ်အားပေး ခိုင်းစေမှု အထူးသဖြင့် မြန်မာစစ်တပ်မှ အတင်းအကျပ် ခိုင်းစေမှုသည် နိုင်ငံအနှံ့ တွေ့ရလေ့ရှိသည်။ ထိုသို့ ခိုင်းစေခံရမှုမှာ တိုင်းရင်းသားလူမျိုးများ အတွက် ပုံမှန် အခြေအနေကဲ့သို့ပင် ဖြစ်လာခဲ့သည်။
 
မြန်မာအစိုးရအနေဖြင့် ILO ကို နိုင်ငံအတွင်း လုပ်ငန်းစဉ်များ ဆက်လုပ်နိုင်ရန် နောက်တနှစ်တိုးကာ ၂ဝ၁၁ ဖေဖော်ဝါရီအထိ ခွင့်ပြုခြင်းဖြင့် ပူးပေါင်းဆောင်ရွက်လိုမှု ပြသခဲ့သော်လည်း အဓမ္မခိုင်းစေမှု တိုင်ကြားသည်များ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ အနည်းဆုံး လူ ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု သိရသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1104 guests and 1 member online