ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဂမ်ဘာရီနှင့် NLD တွေ့ဆုံရဖွယ်ရှိ

ဂမ်ဘာရီနှင့် NLD တွေ့ဆုံရဖွယ်ရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ။ ။ ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် မြန်မာပြည် ခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တွေ့ဆုံရန် အလားအလာ ရှိသည်ဟု ပါတီ သတင်းရပ်ကွက် အဆိုအရ သိရသည်။

“ကျနော် အကုန်အတိအကျတော့ မပြောလိုဘူး။ တွေ့မယ်ဆိုတဲ့ စကားလုံး အဆက်အစပ်အရ သိရတာပါ။ တွေ့မယ်ဆိုတဲ့ အချက်အလက်တွေကို ရထားပါတယ်။ ကျန်တာ ဘာမှ မပြောလိုသေးပါဘူး။ ဘာတွေ ပြောကြမယ်ဆိုတာက အစပေါ့ဗျာ။ စောပါသေးတယ်” ဟု ပါတီ အကြီးအကဲ တဦးက ပြောသည်။

သို့သော် မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်၍ ရုတ်တရက် အပြောင်းအလဲ မရှိနိုင်ကြောင်း သူက ယခုလို ဆက်ပြောသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် နအဖ စစ်အစိုးရ အနေဖြင့် လွှတ်တော် ခေါ်ယူရေးနှင့် ပတ်သက်၍ တာဝန် ပျက်ကွက်သည့်အပေါ် NLD မှ တရားစွဲဆိုခဲ့ရာ တရားရုံးချုပ်က တထိုင်ထဲနှင့်ပင် ပယ်ချလိုက်သော်လည်း NLD က ဥပဒေ လမ်းကြောင်းနှင့်အညီ ဆက်လက်၍ လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။

“ကျနော်တို့က ပုဂ္ဂိုလ်ရေး ချဉ်းကပ်မှုနဲ့ အလုပ်မလုပ်ပါဘူး။ ဥပဒေအရပဲ အလုပ်လုပ်ပါတယ်။ ဥပဒေမှာရှိတဲ့ ဥပဒေ အကူအညီနဲ့ တရားစွဲဆိုခြင်းပဲ ဖြစ်ပါတယ်။ လက်မခံတာက လက်မခံသူများရဲ့ ဥပဒေအပေါ်မှာ ရှုမြင်တဲ့အပေါ်မှာသာ မူတည်တာပါ။ ကျနော်တို့က ပုဂ္ဂိုလ်ရေး အဖွဲ့အစည်း ချဉ်းကပ်ပြီး လုပ်တာမျိုး မလုပ်ပါဘူး” ဟု ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ပြောသည်။ 

သူက ဆက်ပြီး “ကျနော်တို့က ဥပဒေရေးရာနဲ့ အညီတော့ လုပ်မှာပဲ။ အဲလိုလုပ်တဲ့ဟာတွေကို သူတို့ ဘာမှ မတုံ့ပြန်ရင် အဲဒါ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ တာဝန်တွေပဲ ဖြစ်မယ်လို့ ကျနော် ဒီလိုပဲ ခံယူထားပါတယ်” ဟု ပြောသည်။

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1042 guests online