ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ILO လုပ်ငန်းစဉ် တိုးချဲ့မည့်ကိစ္စ ဒေါ်စု ထောက်ခံ

ILO လုပ်ငန်းစဉ် တိုးချဲ့မည့်ကိစ္စ ဒေါ်စု ထောက်ခံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO အမှုဆောင် ဒါရိုက်တာ မစ္စတာ Guy Ryder အဖွဲ့နှင့် သောကြာနေ့တွင် တွေ့ဆုံခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင်း ILO လုပ်ငန်းစဉ်များ တိုးချဲ့မည့်ကိစ္စကို ထောက်ခံကြောင်း ဆွေးနွေးခဲ့သည်။

ILO က အစိုးရသို့ တင်ပြထားသည့် အလုပ်သမား အကျိုးစီးပွား ကာကွယ်ရေး လုပ်ငန်းများ၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ကိစ္စများကို ထောက်ခံကြောင်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ မနက် ၁ဝ နာရီခွဲမှ ၁၂ နာရီအထိ ဆွေးနွေးခဲ့ရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ILO ရဲ့ လုပ်ပိုင်ခွင့်တွေကို တိုးချဲ့ဖို့ dasskmeetguyryder1sအစိုးရကို သူတို့တင်ပြထားတာတွေကို ရှင်းပြတယ်။ လုပ်ပိုင်ခွင့်တွေ တိုးချဲ့တဲ့ နေရာမှာ အလုပ်သမား အကျိုးစီးပွား ကာကွယ်ရေး လုပ်ငန်းတွေ၊ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်တို့ဘာတို့ ပါတယ်လို့ အဲဒီလို ပြောပါတယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် ILO ရှိနေသည်မှာ အားတက်ကြောင်းနှင့် ယခုလို တိုးချဲ့လုပ်ကိုင်မည့် လုပ်ငန်းစဉ်များကိုလည်း သဘောတူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲသို့ ILO အမှုဆောင်ဒါရိုက်တာ Mr. Guy Ryder ၊  မြန်မာနိုင်ငံဆိုင်ရာ ILO ဆက်သွယ်ရေးအရာရှိ Mr. Steve Marshall နှင့် ကိုယ်စားလှယ်အဖွဲ့ဝင် ၃ ဦး၊ NLD ဘက်မှ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဥာဏ်ဝင်းနှင့် ဦးဟန်သာမြင့်တို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

Mr. Guy Ryder နှင့် အဖွဲ့သည် ကြာသပတေးနေ့ ညနေ ၃ နာရီမှ ၆ နာရီအထိ မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးကိစ္စ ဆောင်ရွက်နေသူ ပုဂ္ဂိုလ် ၈ဝ ခန့်ကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများ ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သေးကြောင်း ဆွေးနွေးပွဲတက်သူ NLD ဥပဒေရေးရာ အတိုင်ပင်ခံရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ကြာသပတေးနေ့ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အများစုက မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းမှုကို တင်ပြပြီး၊ ILO ဘက်ကလည်း ၎င်းတို့၏ ကူညီနိုင်မှုများကို ပြန်ဆွေးနွေးခဲ့သည်ဟု ဦးအောင်သိန်းက ပြောသည်။

“ကလေးစစ်သားကိစ္စတွေကို တင်ပြတယ်။ အဲဒီကလေးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုတာဝန်ယူမှု ရှိတယ်ဆိုတာရယ် တချို့တွေက တပ်ထွက်လက်မှတ်ပေးတယ်၊ တချို့တွေက တပ်ထွက်လက်မှတ် မပေးဘူး။ အဲဒီလိုလူတွေကို ထပ်ပြီးတော့ အရေးမယူနိုင်အောင် ထောက်ခံချက်လိုရင် သူတို့ ပေးမယ်ပေါ့။ သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အထောက်အထားလိုအပ်ရင် သူတို့ပေးမယ်လို့ ပြောပါတယ်” ဟု သူက ဆိုသည်။

ILO နှင့် မြန်မာအစိုးရတို့ ချုပ်ဆိုထားသည့် အဓမ္မလုပ်အားပေး ကိစ္စများ တိုင်ကြားရေးအတွက် လုပ်ထုံးလုပ်နည်းများ ပါဝင်သည့် နားလည်မှုစာချွန်လွှာကို နေပြည်တော်တွင် ကြာသပတေးနေ့က နောက်ထပ် တနှစ်သက်တမ်းတိုးခဲ့သည်။

ကလေးစစ်သား စုဆောင်းခံရမှုနှင့် တောင်သူလယ်သမားများ လယ်ယာသိမ်းခံရမှုများကိုလည်း ILO သို့ တင်ပြတိုင်ကြားနိုင်သည်။

မြန်မာအစိုးရသည် ကလေးစစ်သား ၆ဝ,ဝဝဝ ခန့်ကို စစ်တပ်တွင်း သုံးစွဲနေပြီး အခြားလက်နက်ကိုင် အဖွဲ့အစည်းများမှ ၆,ဝဝဝ ခန့် သုံးစွဲနေသည်ဟု ထိုင်းအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်းက ခန့်မှန်းထားသည်။

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1018 guests and 1 member online