ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မြို့အာဏာပိုင် ဖုန်းဈေး ကျပ် ၅ သိန်း တင်ရောင်းဟု ဒေသခံများပြော

မြို့အာဏာပိုင် ဖုန်းဈေး ကျပ် ၅ သိန်း တင်ရောင်းဟု ဒေသခံများပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့ အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စ်ီက မြန်မာ့ဆက်သွယ်ရေး ချပေးသည့် အော်တိုကြိုးဖုန်းများအား တလုံးလျှင် ကျပ် ၅ သိန်း ဈေးတင်ကာ အလွဲသုံးစားလုပ်ကြောင်း တိုင်တန်းခဲ့သူ ဒေသခံတဦးက ပြောသည်။

တယ်လီဖုန်း ရှားပါးသော မြို့နယ်တခုဖြစ်သော နမ့်စန်အတွက် မြန်မာ့ဆက်သွယ်ရေးက အထိုင်ချဖုန်းလိုင်းတခုအတွက်  ကျပ် ၇ သိန်းသာ သတ်မှတ်ထားပေးသော်လည်း မြို့နယ်အာဏာပိုင်များက တလုံးလျှင် ၁၂ သိန်းဖြင့် ပြန်လည်ကောက်ခံသဖြင့် ဖုန်းလိုင်းသွယ်တန်းခဲ့သူ ဒေသခံများက တဆင့်မြင့်သော ခရိုင်ကောင်စီ ခယက သို့ တိုင်တန်းသည်။

မဇ္ဈိမက ခရိုင်ကောင်စီသို့ ဆက်သွယ်မေးမြန်းရာ nangsanစုံစမ်းစစ်ဆေးမှုများပြုလုပ်သွားပြီးဖြစ်၍ စစ်ဆေးတွေ့ရှိမှုကို ပြည်နယ်ကောင်စီသို့ တင်ပြသွားမှာ ဖြစ်သည်ဟု ဆိုသည်။

“ဖုန်းဝယ်တဲ့လူတွေ တိုင်တဲ့ဟာကို ကျနော်တို့ကိုယ်တိုင် သွားစစ်ဆေးပြီးပါပြီ။ ကျနော်တို့အနေနဲ့ကတော့ ပယက ကို ထပ်တိုင်မှာပါ” ဟု လွိုင်လင် ခယက အထွေထွေအတွင်းရေးမှူး ဦးကျော်သန်းက မဇ္ဈိမကို ပြောသည်။

မြန်မာ့ဆက်သွယ်ရေးဌာနက ဒီဇင်ဘာလ ၂ဝ၁ဝ ခုနှစ်ထဲတွင် နမ့်စန်အတွက် အော်တိုကြိုးဖုန်း အလုံး ၂၀၀ တပ်ဆင်ခွင့်ပြုခဲ့သည်။  အပိုဆောင်းတောင်းခံငွေ ကျပ် ၅ သိန်းအနက် ရန်ပုံငွေ ၂ သိန်းဟု မယက က ဆက်သွယ်ရေးသို့ တင်ပြသော စာတွင် ဖော်ပြထားသည်ဟု ဌာနတွင်း သတင်းရပ်ကွက်တခုက ပြောသည်။

နမ့်စန်မြို့နယ် မယက ဥက္ကဌ ဦးတင်မြင့်ကတော့ အလွဲသုံးစားလုပ်ခြင်း မဟုတ်ကြောင်း ငြင်းဆန်လိုက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုရန် ကော်မတီဝင်အားလုံးနှင့် တိုင်ပင်၍ အပိုငွေကောက်ခံခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမသို့ ပြောသည်။

“အဲဒီကိစ္စကို ဒီလထဲမှာလည်း ခရိုင်က ဆင်းစစ်သွားသေးတယ်။ ကျနော်တို့က ဒီငွေတွေကို ပိုကောက်တယ်ဆိုတာ လာဘ်ယူတာလည်း မဟုတ်ဘူး၊ မတရား ကောက်ခံတာလည်း မဟုတ်ဘူး။ မြို့ဖွံ့ဖြိုးရေးအတွက်၊ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ဖို့ ကောက်ခံခြင်းသာ ဖြစ်တယ်” ဟု သူက ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့တွင် နမ့်စန်မြို့နယ် အထူးစုံစမ်းစစ်ဆေးရေး (စစစ) အဖွဲ့ကပါ လာစစ်ခဲ့သေးသည်ဟု ဆိုသည်။

ဖုန်းဝယ်ယူသူ ၁၅ ဦးနှင့် မယက ရုံးဝန်ထမ်းများပါ စစ်ဆေးခံရပြီး အားလုံးက ဟုတ်မှန်ကြောင်း ထွက်ဆိုခဲ့သော်လည်း အရေးယူမှု မရှိသေးသည့်အပေါ် ဒေသခံများက မေးခွန်းထုတ်နေကြသည်။

“ ခုချိန်ထိ အရေးမယူသေးဘဲ ဘော်လီဘော ပုတ်နေကြတယ်” ဟု တယ်လီဖုန်းလိုင်းသွယ်ထားသူ တဦးက ပြောသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1010 guests and 1 member online