ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ပိတ်ဆို့မှု နှစ်ရပ် ရုပ်သိမ်းရန် NDF ပြော

ပိတ်ဆို့မှု နှစ်ရပ် ရုပ်သိမ်းရန် NDF ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ စစ်ခေါင်းဆောင်များကို ပစ်မှတ်ထား ပိတ်ဆို့မှုမှလွဲ၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဒဏ်ခတ်ပိတ်ဆို့ရေးသည် ပြည်သူကို ထိခိုက်စေသဖြင့် ရုပ်သိမ်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF က ပြောဆိုသည်။

“ Sanctions မှာ ၃ မျိုး တွေ့တယ်။ ကုန်သွယ်ရေးပိတ်ဆို့မှု၊ ukmhရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့မှု၊ နောက်တခုက ပစ်မှတ်ထား ပိတ်ဆို့မှုပေါ့။ ပုဂ္ဂိုလ်တဦးတယောက်၊ တဖွဲ့တသင်းကို ပစ်မှတ်ထားပြီး သူတို့ ဘဏ္ဍာငွေကြေးတွေကို နိုင်ငံတကာ ဘဏ်တွေမှာ ငွေစာရင်းဖွင့်ထားခွင့် ပိတ်ပင်တာပေါ့။ အဲဒီမှာ ပထမ ၂ ခုက ပြည်သူတွေကို ထိခိုက်နေတယ်ဗျ” ဟု NDF ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။


ဤပိတ်ဆို့မှုနှစ်ခုသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ဖြစ်ပေါ်ပြောင်းလဲမှုအတွက် မထိရောက်သည့်အပြင် နိုင်ငံတိုးတက်မှုကိုပါ နှောင့်နှေးစေသည်ဟု ဆိုသည်။

’’ပြည်သူကို မထိခိုက်ဘူးလို့ ပြောမရဘူး။ ကုန်သွယ်ရေးပိတ်ဆို့မှုကြောင့် အထည်အလိပ်လုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံတကာက လာရောက်မလုပ်ကိုင်နိုင်တော့ နိုင်ငံရဲ့ စီးပွားရေးမှာ အတိုင်းအတာတခုအထိ သက်ရောက်မှု ရှိနေတာပဲလေ။ စီးပွားရေး မတိုးတက်ရတဲ့ အကြောင်းတွေထဲမှာ Sanctions လည်း ပါတော့ နိုင်ငံရေး မပြောင်းလဲမချင်း Sanctions ပိတ်ထားမယ်ဆိုရင် ပြည်သူတွေကို မငဲ့ကွက်ရာ ရောက်နေပြီလို့ပဲ ပြောချင်ပါတယ်’’ ဟု ဦးခင်မောင်ဆွေက ပြောဆိုသည်။

NDF က ပိတ်ဆို့မှုနှစ်ရပ် ရုပ်သိမ်းရန် ပြောသော်လည်း ဝါ့ရင်နိုင်ငံရေးသမား ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကမူ ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းရန် လိုလားသည်။

စစ်ခေါင်းဆောင်များကို ပစ်မှတ်ထားရာမှာလည်း လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၌ တစုံတရာ တိုးတက်ပြောင်းလဲမှု မရှိသဖြင့် ယင်းပိတ်ဆို့မှု ဖယ်ရှားလျှင် ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ထားသည်။

uthuwai“လူ့အခွင့်အရေးတို့၊ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်တာတို့လည်း ဘာမှထူးခြားမလာဘူးပေါ့နော်။ အကယ်၍ Sanctions တွေ ရုပ်သိမ်းလိုက်ရင် ပိုကောင်းလာမယ်လို့ ကျနော်တို့က ဒီလိုတွက်တာပါ’’ ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဦးသုဝေက မဇ္ဈိမကို ပြောသည်။ ပိတ်ဆို့မှုအားလုံး ဖယ်ရှားပေးရန် ယခုလ ၄ ရက်နေ့တွင် ရန်ကုန်ရှိ သံရုံးများသို့ စာတမ်းတစောင် ပို့ခဲ့သည်ဟုလည်း ဆိုသည်။


စစ်အစိုးရ၏ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အမေရိကန်အစိုးရက ၁၉၉၃ ခုနှစ်တွင် လက်နက်တင်ပို့မှုကို ပိတ်ပင်ခဲ့ကာ၊ ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်များ မပြုလုပ်ရန် တားမြစ်ခဲ့သည်။

ထို့အပြင် ၂ဝဝ၃ ခုနှစ်တွင် “မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ (၂ဝဝ၃)” ကို ပြဋ္ဌာန်းလိုက်ရာ၊ ဥပဒေထဲတွင် အမေရိကန်ရှိ မြန်မာစစ်အစိုးရ အသိုင်းအဝိုင်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ဗီဇာပိတ်ဆို့ခြင်းတို့ ပါဝင်သည်။ သို့သော် မြန်မာနိုင်ငံမှ ကျွန်းသစ်နှင့် ကျောက်မျက်ကို အခြားနိုင်ငံမှ တဆင့်ခံ တင်သွင်းခွင့် ပြုထားသည်။

အမေရိကန်သမ္မတ မစ္စတာအိုဘားမားကလည်း ပြီးခဲ့သည့်နှစ် မေလထဲတွင် စီးပွားရေးပိတ်ဆို့မှုကို ထပ်မံ၍ သက်တမ်းတိုးခဲ့သည်။

အလားတူ ဥပရောသမဂ္ဂ EU နိုင်ငံများကလည်း စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းခြင်း (သို့မဟုတ်) ရောင်းချခြင်းကို ၁၉၉၆ ခုနှစ်တွင် တားမြစ်ခဲ့သည်။ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဘက်များ၏ ပြည်ပတွင် တရားဝင် ထားရှိသော ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်လိုက်သလို ခရီးသွားလားခွင့်ပိတ်ဆို့မှုတို့ ပြုလုပ်ပြီး ဒဏ်ခတ်အရေးယူခဲ့သည်။

မြန်မာရဟန်းတော်များ၏ ၂ဝဝ၇ စက်တင်ဘာ လှုပ်ရှားမှုတွင် စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် EU က လူသားချင်း စာနာမှုအကူအညီမှလွဲပြီး နှစ်နိုင်ငံကြား အကူအညီများကို ရပ်ဆိုင်းလိုက်သည်။ ထို့အပြင် သစ်၊ ကျောက်မျက်နှင့် သတ္ထုတင်ပို့မှုကိုပါ တားမြစ်လိုက်သည်။

ဝါရှင်တန်အစိုးရနှင့် EU နိုင်ငံများ အရေးယူ ပိတ်ဆို့မှု စာရင်းတွင် ၂ဝ၁ဝ ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များလည်း ပါဝင်သည်။

ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ထောက်ခံသည်။

u-win-tinဗိုလ်ချုပ်ကြီးတွေနဲ့ သူ့မိသားစုတွေကို ပစ်မှတ်ထားတဲ့ Sanction က တခု၊ သူတို့နဲ အပေါင်းအပါ လုပ်ငန်းရှင် သူဋ္ဌေးကြီးတွေကို ပစ်မှတ်ထားတဲ့ Sanction က တခု။ အဲဒါတွေက ကျနော်တို့နဲ့ မဆိုင်ဘူး။ စစ်ဗိုလ်တွေနဲ့ အရေးယူထားသူတွေရဲ့ ကိစ္စ၊ ပြည်သူတွေကို ထိခိုက်တယ်ဆိုရင် ထိခိုက်တဲ့ Sanction တွေဟာ ဘာတွေလဲ၊ ဘယ်လောက်ထိ ခိုက်သလဲဆိုတာ လေ့လာမယ်။ ပြီးရင်တော့ ပြင်သင့် ပြင်မယ်၊ ပြောင်းသင့် ပြောင်းမယ်” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။


စီးပွားရေး ဖွံ့ဖြိုးမှု နှောင့်နှေးစေခြင်းသည် အနောက်နိုင်ငံများ အရေးယူပိတ်ဆို့မှုက အကြောင်းတရပ်အနေဖြင့် ပါဝင်သော်လည်း စီမံခန့်ခွဲမှု အားနည်းခြင်းက အကြောင်းတရားတခုဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က သုံးသပ်သည်။

“အဓိကတော့ မဟုတ်ပါဘူး။ အကြောင်းတရားတခုအနေနဲ့တော့ ပြောလို့ရတယ်။ နိုင်ငံအဆင့် စီးပွားရေးစီမံခန့်ခွဲမှုမှာ အတော်လေး အားနည်းတယ်။ Macro Economic Management မှာ အတော်လေး အားနည်းတယ်။ အပြောင်းအလဲမှာ ဒါလေးများ ဖြစ်လာမလားလို့ ဆရာတို့ မျှော်လင့်တယ်။ Sanctions ရုပ်သိမ်းလိုက်တာနဲ့ နေ့ချင်းညချင်း ပြောင်းလဲသွားမယ်လို့တော့ မယုံကြည်ပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

အလုံးစုံ ပိတ်ဆို့အရေးယူမှုထက် ပြည်သူများကို ထိခိုက်မှုနည်းသည့် ပစ်မှတ်ထားပိတ်ဆို့မှု၊ စစ်လက်နက် တင်ပို့ရောင်းချရေး ပိတ်ဆို့မှုကိုသာ ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း ထိုင်းနိုင်ငံရှိ ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှ ဦးအောင်သူငြိမ်းကလည်း ပြောသည်။

ပိတ်ဆို့အရေးယူမှုကို တိုက်ရိုက်လုပ်နေသည်မှာ အနောက်နိုင်ငံများ ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်အောင် စီးပွားရေးဝန်းကျင် ဖန်တီးနေသည်မှာ စစ်အစိုးရကိုယ်တိုင် ဖြစ်ကြောင်း မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ဝင်တဦးဖြစ်သူ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ Macquarie တက္ကသိုလ် ဘောဂဗေဒဌာန တွဲဘက်ပါမောက္ခ ရှောင်တန်းနဲလ် က ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်ထဲတွင် မဇ္ဈိမနှင့် ဆက်သွယ်မေးမြန်းခန်း တရပ်တွင် သုံးသပ် ပြောဆိုခဲ့ဖူးသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရန် အင်ဒိုးနီးရှားနိုင်ငံတွင် ယခုလ ၁၆ ရက်နေ့ ကျင်းပခဲ့သော အစည်းအဝေး၌ တောင်းဆိုခဲ့သည်။

အလားတူပင် တိုင်းရင်းသားဒေသများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသဖြင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးရန် ရွေးကောက်ပွဲဝင် ရှမ်း၊ ရခိုင်၊ မွန်၊ ချင်းနှင့် ဖလုံ-စဝေါ် စသည့် တိုင်းရင်းသားပါတီများက ယခုလ ၁၆ ရက်နေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုခဲ့သည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1038 guests and 1 member online