ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကြံ့ဖွံ့နှင့် ကျားဖြူဆွေးနွေး

ကြံ့ဖွံ့နှင့် ကျားဖြူဆွေးနွေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သော စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းတို့အဖွဲ့နှင့်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသည်။

ဦးအောင်သောင်း၊ ဆောက်လုပ်ရေးနှင့်  လျှပ်စစ် ၂ ဝန်ကြီး ဦးခင်မောင်မြင့်တို့ ကျားဖြူခေါ် ရှမ်းပါတီ၏ ဒုဥက္ကဋ္ဌ စိုင်းဆောင်ဆီနှင့် ကျောက်မဲမြို့နယ် ဥက္ကဋ္ဌ စိုင်းခမ်းကျော်တို့ကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတွင် နိုဝင်ဘာ ၁၇ က တွေ့ဆုံသည်။

တိုင်းရင်းသားများနှင့် ဆက်ဆံရေးကောင်းသည်ဆိုကာ sndpရွေးကောက်ပွဲပြီး အစိုးရသစ် ပုံရိပ်ကောင်းစေရန် ကြံ့ဖွံ့ဘက်က လုပ်ခြင်းဟု ကျားဖြူခေါင်းဆောင်များနှင့် လေ့လာသူများက သုံးသပ်သည်။

“လွှတ်တော်ရောက်ရင် အနာဂတ် ပြည်ထောင်စုကြီးကို တည်ဆောက်ရာမှာ ဝိုင်းပြီး ပူးပေါင်းလို့ရှိရင် ပိုပြီး ထိရောက်တဲ့ ပြည်ထောင်စုကြီး ဖြစ်နိုင်တဲ့အကြောင်းပေါ့” ဟု စိုင်းဆောင်ဆီက ပြောသည်။

ပထမဆုံး ကျင်းပမည့် လွှတ်တော်အတွင်း ဆွေးနွေးမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်ဟု သူက ပြောသော်လည်း  အသေးစိတ်ပြောရန် ငြင်းဆိုသည်။

မဲလိမ်မဲညစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံနေရသော ရွေးကောက်ပွဲတွင် ၇၆ ရာခိုင်နှုန်းကျော် နိုင်ထားပြီး အစိုးရကို ဦးဆောင်မည့် ကြံ့ဖွံ့ပါတီက လွှတ်တော်တွင်း တိုင်းရင်းသား အတိုက်အခံ အင်အားနည်းအောင် သေချာ လုပ်နေဟန်တူကြောင်း စိုင်းဆောင်ဆီက  ပြောသည်။

Aung-Thaungထိုနေ့မနက်က ဝန်ကြီးနှစ်ပါး ကျားဖြူပါတီ မူဆယ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသေးသည်။ ရန်ကုန်နေ ကျားဖြူဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းနှင့် ကြံ့ဖွံ့ အထွေထွေ အတွင်းရေးမှူးချုပ် ဦးဌေးဦးတို့လည်း နိုဝင်ဘာ ၁၆ က တွေ့ခဲ့ကြသည်ဟု မဇ္ဈိမ ရန်ကုန်သတင်းထောက်က ဆိုသည်။

ကျားဖြူပါတီက ၅၇ နေရာအနိုင်ရရာတွင် ၃၅ နေရာမှာ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်က မဲဆန္ဒနယ်များ ဖြစ်သည်။ စိုင်းဆောင်ဆီမှာ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်ပြီး ၂ဝဝ၅ တွင် နှုတ်ထွက်ခဲ့သည်။ တကျော့ပြန် ရွေးကောက်ပွဲတွင် ကျောက်မဲ ပြည်သူ့လွှတ်တော်နေရာအတွက် အရွေးခံထားရသည်။

ကြံ့ဖွံ့ခေါင်းဆောင်များ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP တာဝန်ရှိသူတချို့ နှင့်လည်း နိုဝင်ဘာ ၂၂ က တွေ့ဆုံခဲ့သေးသည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1036 guests and 1 member online