ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရွေးကောက်ပွဲကြောင့် MNL ပွဲစဉ် ရွှေ့ ဆိုင်း

ရွေးကောက်ပွဲကြောင့် MNL ပွဲစဉ် ရွှေ့ ဆိုင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။     ။ ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နှင့် တိုက်ဆိုင်နေ၍ မြန်မာနေရှင်နယ်လိဂ် MNL ပွဲစဉ် ၂၂ ကို ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF က ပြောသည်။

MNL ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ် ၂၂ ကို မူလက နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် ကျင်းပရန် သတ်မှတ်ထားသော်လည်း ယခု နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်နေ့များသို့ ရွှေ့ ဆိုင်းလိုက်သည်။

“ခုလို ရက်ရွှေ့လိုက်တာ ဘောလုံးအဖွဲ့ချုပ်ရဲ့ အစီအစဉ်ပါ။ ဘောလုံးသမားတွေ မဲပေးဖို့ လိုတယ်လေ။  နယ်ကလူတွေလည်းပါနေတော့ သူတို့ဒေသကိုပြန်ပြီး မဲပေးနိုင်အောင် စီစဉ်လိုက်တာပါ။ တနိုင်ငံလုံး အလုပ်ရှုပ်နေတဲ့အချိန်မှာ ဘောလုံးပွဲကြီးလုပ်နေတာက မသင့်တော်ဘူးလေ”ဟု MNL ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးဝင်းသူမိုးက မဇ္ဈိမကို ပြောသည်။

ပွဲကျင်းပမည့် ရက် ရွှေ့လိုက်သော်လည်း ဘောလုံးကွင်း အပြောင်းအလဲမရှိကြောင်း၊ အသေးစိတ် အချက်အလက်များကို လာမည့် အပတ်အတွင်း MFF က ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ပွဲစဉ် ၂၂ တွင် ကမ္ဘောဇနှင့် ဥဿာယူနိုက်တက် (တောင်ကြီးကွင်း)၊ ဇေယျာရွှေမြေနှင့် ရတနာပုံ (မုံရွာကွင်း)၊ Southern Myanmar နှင့် မနောမြေ (သုဝဏ္ဏကွင်း)၊ ရန်ကုန် ယူနိုက်တက်နှင့် ဒယ်လ်တာ ယူနိုက်တက် (တောင်ကြီးကွင်း) ၊ နေပြည်တော်နှင့် မကွေး (သုဝဏ္ဏကွင်း) တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မတ်လ ၁၃ ရက်က စတင်ခဲ့သည့် တတိယအကြိမ် MNL ပြိုင်ပွဲတွင် အသင်း ၁၁ သင်း ယှဉ်ပြိုင်နေပြီး ပွဲစဉ် ၁၆ အပြီးတွင် မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ အသင်းက ၃၄ မှတ်ဖြင့် ထိပ်ဆုံးက ဦးဆောင်နေသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1055 guests and 1 member online