ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ငြိမ်းချမ်းရေးနေ့ KNU တဖက်သတ် အပစ်ရပ်မည်

ငြိမ်းချမ်းရေးနေ့ KNU တဖက်သတ် အပစ်ရပ်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။  ယခုလ ၂၁ ရက် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် ခုခံစစ်အသင့်ဖြင့် တနေ့တာ အပစ်ရပ်စဲမည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ယနေ့ ကြေညာလိုက်သည်။

“ကျနော်တို့က ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းဆိုတာကို ပြချင်တယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာတယ်ဆိုတာ လည်း တချိန်တည်းမှာ ပြချင်သလို နအဖကိုလည်း ငြိမ်းချမ်းရေးဆိုတာ လိုအပ်တယ်လို့ သတိပေးလိုတယ်” ဟု KNU ပြောခွင့်ရ စောဒေးဗစ် သကဘောက မဇ္ဈိမကို ပြောသည်။

KNU ထိန်းချုပ် နယ်မြေများရှိ တပ်ရင်းတပ်ဖွဲ့များသို့လည်း အပစ်ရပ်မည့်အကြောင်းကို လွန်ခဲ့သည့် ၃ ရက်ကတည်းက အကြောင်းကြားထားသော်လည်း စစ်အစိုးရကိုမူ တရားဝင် အကြောင်းကြားခြင်း မရှိဘဲ သိစေလို၍ သတင်းထုတ်ပြန်သည်ဟု ဆိုသည်။

ထိုနေ့တွင် စစ်အစိုးရက ထိုးစစ်ဆင်လာလျှင် knu1ပြန်လည်ခုခံသွားမည်ဟု စောဒေးဗစ်သကဘောက ဆိုသည်။ “တိုက်ခိုက်ရင်တော့ ပြန်ပြီး တိုက်ရမှာပဲ။ ကိုယ့်ကို တိုက်ခိုက်ရင် မကာကွယ်ရဘူးလို့ မရှိပါဘူး” ဟု သူက ပြောသည်။

နှစ် ၆၀ ကျော် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေစဉ် စစ်ဒဏ်ကြောင့် သေဆုံးသော ပြည်သူများမပါ KNU အဖွဲ့ဝင်ပင် တသောင်းနီးပါး ကျဆုံးခဲ့သည်ဟု ဒေးဗစ်သကဘောက ခန့်မှန်းထားသည်။

နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာလိုခြင်းနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတိုက်တွန်းမှုကို လေးစားလိုက်နာသောအားဖြင့် အပစ်ခတ်ရပ်စဲရေးခေါ်ရသည်ဟု ဆိုသည်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် တောင်းဆိုချက်များနှင့် စက်မှုထိပ်သီး ၈ နိုင်ငံ ဇွန်လ စည်းဝေးပွဲက မြန်မာ့နိုင်ငံရေးကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းသင့်သည့်ဟူသော ဆုံးဖြတ်ချက်ကြောင့်ဟု သူက ရှင်းပြသည်။

ယခုလ ၁၃ ရက်နေ့က KNU နှင့် စစ်အစိုးရတပ်များအကြား နောက်ဆုံးတကြိမ် တိုက်ပွဲဖြစ်ခဲ့သေးသည်။

KNU ၏ တနေ့တာ ယာယီ အပစ်အခတ်ရပ်စဲမှုနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ (CSW) က ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။

’’KNU ရဲ့ တဖက်သတ် ကြေညာချက်အပေါ် ကျနော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒါဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို တလေးတစား ရှိကြောင်း အရေးတကြီး ပြလိုက်တဲ့ လက္ခဏာဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးကို လိုလားတဲ့ ကရင်ပြည်သူတွေရဲ့ ဆန္ဒသင်္ကေတလည်းဖြစ်တယ်’’ ဟု CSW အရှေ့အာရှအဖွဲ့ခေါင်းဆောင် Benedict Rogers က ကြေညာပြောဆိုသည်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နှင့် မဲဟောင်ဆောင်၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲနှင့် ကလေးပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ပြုလုပ်သွားမည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) စောစံငြိမ်းသူ ကပြောသည်။ WLB က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အခမ်းအနားများ ကျင်းပသွားမည်ဖြစ်သည်။

ကုလ အထွေထွေ ညီလာခံက စက်တင်ဘာလ ၂၁ ရက်နေ့ကို နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အဖြစ် ၂၀၀၁ ခုနှစ်မှစ၍ သတ်မှတ်ခဲ့သည်။




 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1061 guests and 1 member online