ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဗိုလ်မစွဲလျှင် ဦးတေဇက တသင်းလုံး ထုတ်ပစ်မတဲ့

ဗိုလ်မစွဲလျှင် ဦးတေဇက တသင်းလုံး ထုတ်ပစ်မတဲ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနေရှင်နယ်လိဂ်တွင် ဗိုလ်မစွဲပါက ဘောလုံးသမားများသာမက နည်းပြနှင့် အုပ်ချုပ်ရေးအဖွဲ့ပါ ပြောင်းပစ်မည်ဟု ရန်ကုန်ယူနိုက်တက်အသင်းပိုင်ရှင် ဦးတေဇက ရာဇသံပေးလိုက်သည်။

“အသင်းပိုင်ရှင် ဦးတေဇက MNL ဖလားရအောင်ယူသွားဖို့ အသင်းနဲ့ပတ်သက်တဲ့သူ အားလုံးကို အထူးသတိပေးချက် ထုတ်ပြန်တယ်ဆိုတာ ဟုတ်ပါတယ်။ လာမယ့် ဥဿာနဲ့ပွဲမှာ ကျနော်တို့ နိုင်အောင် ကစားမှ ဖြစ်မှာပါ” ဟု ရန်ကုန်အသင်း၏ မန်နေဂျာ ဦးအောင်ကျော်လွင်က မဇ္ဈိမကို ပြောသည်။

နာက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ် ၃ ခုတွင် ၂ ပွဲ သရေ၊ utayzasတပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ရန်ကုန်ယူနိက်တက်သူဌေး ဦးတေဇက ဘောလုံးသမားများအနေဖြင့် ပိုင်ရှင်အတွက် မကစားဘဲ ရန်ကုန်တိုင်း ပြည်သူများကိုယ်စား ပြင်းထန်စွာ ပေးဆပ်ကစားဖို့ လိုကြောင်းနှင့် MNL လက်ကျန်ပွဲစဉ်အားလုံး အနိုင်ရအောင် ကစားသွားရန် သတိပေးထားသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နှင့် ယခုလ ၄ ရက်နေ့တွင် Southern Myanmar ၊ ကမ္ဘောဇ အသင်းတို့နှင့် ကစားခဲ့သည့် MNL ပွဲစဉ် ၂ ခုတွင် ရန်ကုန်က ဂိုးမရှိ သရေကျခဲ့သည်။ ထို့ပြင် ယခုလ ၈ ရက်နေ့က Max Cement Cup ရှုံးထွက်ပွဲစဉ်အဖြစ် Southern Myanmar အသင်းနှင့် ကန်ရာ နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ဘောလုံးသမားများ အားလုံး၊ အုပ်ချုပ်သူနှင့် နည်းပြအဖွဲ့များ အားလုံးကို ပရိသတ်ကျေနပ်အောင် မပေးဆပ်နိုင်သော တာဝန်မကျေသူများဟု ဦးတေဇက အပြစ်တင်သည်။

“နောက်ဆုံးပွဲစဉ် ၃ ပွဲမှာ အနိုင်မရခဲ့တဲ့အတွက် ကျနော်တို့အပေါ်ကို ဖိအားတွေ ကျလာပါပြီ။ MNL စကတည်းက ကျနော်တို့ ဗိုလ်စွဲဖို့ ရည်မှန်းထားတာပါ။ လက်ကျန်ပွဲတွေ အနိုင်ကစားပြီး ဖလားရအောင် ကြိုးစားသွားမှာပါ” ဟု ဦးအောင်ကျော်လွင်က ပြောသည်။

ရန်ကုန်အသင်းသည် ရာသီကုန်ချိန်အထိ ယှဉ်ပြိုင်ရန် ၇ ပွဲကျန်ရှိနေပြီး တွေ့ရမည့် အသင်းများမှာ ဥဿာ၊ မနောမြေ၊ ဇွဲကပင်၊ မကွေး၊ လက်ရှိ ချန်ပီယံ ရတနာပုံ၊ ဇေယျာရွှေမြေနှင့် Delta United တို့ ဖြစ်သည်။

ရန်ကုန်အသင်းသည် လက်ရှိ MNL အမှတ်ပေးဇယား၌ အဆင့် ၄ နေရာ ရောက်နေပြီး ထိပ်ဆုံးရှိ ရတနာပုံ အသင်းနှင့် ၈ မှတ် ကွာနေသည်။

“၈ မှတ်ကွာတယ်ဆိုပေမယ်လို့ ရန်ကုန်က တပွဲလျော့နေတယ်လေ။ တပွဲနိုင်ရင် ၅ မှတ်ပဲ ကွာတော့မယ်။ ရတနာပုံကို နိုင်လိုက်ရင် ၂ မှတ်ပဲ ကွာတော့မယ်လေ။ ဘောလုံးဆိုတာ လုံးပါတယ်။ ချန်ပီယံမဖြစ်ဘူးလို့ မပြောနိုင်သေးပါဘူး” ဟု ရန်ကုန်အသင်း ပရိသတ်တဦးက ပြောသည်။

မနှစ် စက်တင်ဘာက စသည့် မြန်မာနေရှင်နယ်လိဂ် ၂ဝဝ၉ - ၂ဝ၁ဝ ရာသီတွင် လေ့ကျင့်ရေးကွင်း တည်ဆောက်မှု၊ ဘောလုံးသမား ခေါ်ယူအားဖြည့်မှု စသည်တို့အတွက် သိန်း ၅,ဝဝဝ ကျော် ရန်ကုန်အသင်းက သုံးစွဲခဲ့ကြောင်း ဦးအောင်ကျော်လွင်က ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်း၏ နည်းပြချုပ်မှာ မျိုးလှိုင်ဝင်းဖြစ်ပြီး အုပ်ချုပ်သူမှာ ဦးအောင်ကျော်လွင် ဖြစ်သည်။ အသင်းပိုင်ရှင်မှာ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားကြီး ဦးတေဇဖြစ်ကာ အသင်းဥက္ကဋ္ဌမှာ ဦးတေဇ၏ သား ပြည့်ဖြိုးတေဇ ဖြစ်သည်။ အသင်းခေါင်းဆောင်မှာ ဂါနာလူမျိုး ဆင်မြူရယ်လ် ဟန်ဆန် (နံပါတ် ၂၆) ဖြစ်သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1062 guests and 1 member online