ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရခိုင့်အမွေအနှစ်များ ထိန်းသိမ်းရန်လိုဟု ဦးဇော်အေးမောင် ပြောဆို

ရခိုင့်အမွေအနှစ်များ ထိန်းသိမ်းရန်လိုဟု ဦးဇော်အေးမောင် ပြောဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။      ။ ရခိုင်လူမျိုးများ၏ ရှေးဟောင်း အမွေအနှစ်များသည် ပျောက်ကွယ်လုနီး ဖြစ်နေသဖြင့် ထိန်းသိမ်းဖော်ထုတ်ရန် လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး RNDP ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်အေးမောင်က ပြောဆိုသည်။

“ရခိုင်စာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။ ... အဲဒါကြောင့် ကျနော်တို့ အရင် ရေးခဲ့တဲ့ ရခိုင်စာကို ပြန်ဖော်ထုတ်ချင်ပါတယ်။ အခုချိန်မှာ မဖော်ထုတ်ရင် မကြာခင် ပျောက်ကွယ်သွားနိုင်ပါတယ်” ဟု အသက် ၅ဝ နှစ်အရွယ် ဦးဇော်အေးမောင်က မဇ္ဈိမကို ပြောသည်။ 

သူသည် RNDP (Rakhine Nationalities Development Party) မှ UZAMရန်ကုန်တိုင်းဒေသကြီးမှ ယှဉ်ပြိုင်မည့် ရခိုင်တိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သည်။

စစ်တွေဇာတိဖြစ်ပြီး တိုင်လျန်း ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင်ဖြစ်ကာ၊ ရန်ကုန်ရှိ ရခိုင်အဖွဲ့အစည်းများတွင် လွန်ခဲ့သည့် နှစ် ၂ဝ ခန့်ကတည်းက သာရေးနာရေးကိစ္စများကို ဦးစီးဆောင်ရွက်ခဲ့သူအဖြစ် ဦးဇော်အေးမောင်ကို လူသိများသည်။ သူသည် ရခိုင်သဟာယ အသင်း၏ ဒုဥက္ကဋ္ဌ တာဝန် အပါအဝင် အခြား လူမှုရေး အဖွဲစည်းများတွင်လည်း ထမ်းဆောင်ခဲ့သည်။

သူ၏ ပြိုင်ဘက်မှာ  ကြံ့ဖွံမှ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ဦးပိုင် စီးပွားရေးအုပ်စုမှ အထွေထွေ မန်နေဂျာ ဗိုလ်မှူး ထွန်းဇံအောင် ဖြစ်သည်။ 

ရခိုင်အမျိုးသားရေးကို အခြေခံသော RNDP ၏ ပါတီရုံးချုပ်ကို  စစ်တွေမြို့၌ ဖွင့်လှစ်ထားသည်။ သဘာဝဓာတ်ငွေ့ အမြောက်အများထွက်ရှိရာ ရခိုင်ပြည်နယ်မှ ရန်ကုန်တွင် လာရောက်အခြေချသူ ဦးရေ သိန်းပေါင်းများစွာရှိကြောင်း ရန်ကုန်ရှိ ရခိုင် လူမှုရေးအသင်းများက ခန့်မှန်းထားသည်။

အုပ်ချုပ်ရေး ပေါ်လစီကြောင့် ရခိုင်များ ဆင်းရဲရခြင်းဖြစ်သဖြင့် ပေါ်လစီပြောင်းလျှင် ပြေလည်မည်ဟုဆိုကာ ရခိုင်ပြည်နယ်၏ သဘာဝဓာတ်ငွေ့ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ပေါ်ပေါက်လာမှ လွှတ်တော်ထဲတွင် RNDP က တောင်းဆိုမည်ဟု ဆိုသည်။

ရခိုင်ပါတီ၏က အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ကို မဟာမိတ်အဖြစ် ရှု့မြင်ပြီး အရပ်ဘက်အတွက် ခွဲတမ်း ၃၃ဝ နေရာရရှိမည့် ပြည်သူ့လွှတ်တော်အတွက် မဲအနိုင်ရစေလိုကြောင်း ပြောသည်။

’’ပြည်ခိုင်ဖြိုးက ဘယ်လောက်ပဲ တနိုင်ငံလုံးပြိုင်ပြိုင်၊ ခမောက်ပါတီနဲ့ ယှဉ်လာရင် ခမောက် (NDF) ကို မဲထည့်ပါ။ NDF မရှိတဲ့ နေရာမှ တစညကို မဲပေးပါ။ တိုင်းရင်းသားပါတီနဲ့ယှဉ်ရင် တိုင်းရင်းသားပါတီကို မဲထည့်ပါ။ ၁ဝဝ ရာခိုင်နှုန်းမှာ တပ်က အစိတ်ရှိနေပြီ။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းမှာ ကျနော်တို့က ၆ဝ ရာခိုင်နှုန်းနိုင်ရင် ကျနော်တို့ လုပ်ပိုင်ခွင့် ရှိပြီ။ ပြည်ခိုင်ဖြိုးပါတီ နိုင်ရင်၊ ဒီပေါ်လစီ ဒီမူအတိုင်းသွားရင် တိုင်းပြည်က ဘာမှ ပြောင်းမှာ မဟုတ်ဘူး’’ ဟု ဦးဇော်အေးမောင်က မဇ္ဈိမကို ပြောသည်။

RNDP သည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့အတွက် ကိုယ်စားလှယ်လောင်း ၄၄ ဦးဖြင့် ရခိုင်ပြည်နယ် ဒေသအချို့အပြင့် ဧရာဝတီနှင့် ရန်ကုန်တိုင်းအတွင်း ယှဉ်ပြိုင်ရန် စီစဉ်နေသည်။

“ပြည်ပရောက်နေတဲ့ လူတွေကလည်း လုပ်စရာရှိတာ လုပ်ပါ။ ဒါပေမဲ့ နိုင်ငံရေး အခင်းအကျင်းတခုမှာ မဲမပေးနဲ့၊ မပြိုင်နဲ့ဆိုရင် ရခိုင်ပြည်သူအတွက် အကျိုးမပြုတဲ့ အဖွဲ့အစည်းတွေကပဲ နိုင်သွားရင် ရခိုင်ပြည်နယ် အကျိုးမရှိနိုင်လို့ ဝင်ပြိုင်တာပါ။ လွှတ်တော်ထဲမှာ အတိုက်အခံတွေ နည်းနည်းပါသွားရင် တဖက်က လုပ်ချင်တိုင်း လုပ်လို့မရအောင် ကိုယ်ကျိုးစွန့်ပြီး ပြောဆိုပေးသွားမှာပါ” ဟု ဦးဇော်အေးမောင်က ဆိုသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1068 guests and 1 member online