စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ခရစ်ယာန် ဘာသာဝင်များအပေါ် မတရား ဖိနှိပ်

ခရစ်ယာန် ဘာသာဝင်များအပေါ် မတရား ဖိနှိပ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ချင်းပြည်နယ်အတွင်း အာဏာပိုင်များက လက်ဝါးကားတိုင်များ ဖျက်ဆီးနေခြင်းသည် ခရစ်ယာန် ဘာသာဝင်များအပေါ် မတရား ဖိနှိပ်ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ချင်းခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့တွင် ချင်းပြည်နယ် မင်းတပ်မြို့နယ် မယက နှင့် ခရိုင် ခယက အာဏာပိုင်များက ချောင်းရိုးရွာအနီး ဆုတောင်းဥယျာဉ်တွင် အမြင့် ၂၃ ပေ၊ အနံ ၃ ပေနှင့် ထု ၁ ပေရှိ အင်္ဂတေဖြင့် တည်ထားကိုးကွယ်သည့် လက်ဝါးကားတိုင် ဖျက်ဆီးခံရသည့်အပေါ် ရှုတ်ချသည့် ဆန္ဒပြပွဲ ကျင်းပကာ ယခုလို ပြောဆိုခြင်း ဖြစ်သည်။

chrit1ခရစ်ယာန် ဘာသာဝင်တွေရဲ့ လုပ်ပိုင်ခွင့်တွေ လုံးဝ မရှိတော့ဘူး။ ဆောက်ပြီးသား ဘုရားကျောင်းတွေ ဖျက်ဆီးတာ အများကြီးပဲ။ အသစ်ဆောက်လို့လည်း မရ၊ ခရစ်ယာန်ဘာသာရေးကို ဖျောက်ဖျက်ချင်တာပဲ။ လက်ဝါးကားတိုင် ဖျက်တာလည်း ခရစ်ယာန်တွေရဲ့ မှတ်ပုံတင်ကို ဖျက်ဆီးနေတာပဲ” ဟု Delhi Burmese Christian Fellowship (DBCF) အသင်းတော် အတွေတွေ အတွင်းရေးမှူး Steven Ral Kap Tluang က မဇ္ဈိမကို ပြောသည်။

မတူခရစ်ယာန် မိတ်သဟာရ သင်းအုပ်ဆရာ ဒေါက်တာ Hung Om က “ဘာသာရေးဆရာ၊ ဧဝံကေလိဆရာ၊ သင်းအုပ်ဆရာတွေ လွတ်လွတ်လပ်လပ်နဲ့ တရားဟောခွင့် မရှိတာ တွေ့မြင်နေရတယ်။ ဘုရားကျောင်း ဖျက်ဆီးတာတွေ၊ လက်ဝါးကားကိုင် အခုလို ဖျက်ဆီးတာတွေ၊ အဟောင်းတွေကို အသစ်ပြုပြင်ခွင့် မရှိတာတွေ အများကြီးပဲ။ ဒါတွေဟာ အစိုးရက ကြီးမားတဲ့ မဟာဗျူဟာ သုံးပြီး ခရစ်ယာန်ဘာသာ အမျိုးတုန်းအောင် ဖိနှိပ်နေတာ” ဟု မဇ္ဈိမကို ပြောသည်။

ချင်းပြည်နယ် ၉ မြို့နယ်ဖြစ်သည့် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝနှင့် ထန်တလန်ရှိ လက်ဝါးကားတိုင်များကို ၁၉၉၄ ခုနှစ်မှစ၍ မြို့နယ်အာဏာပိုင်များက ဖျက်ဆီးလာခဲ့ရာ မင်းတပ်မြို့ လက်ဝါးကားတိုင် ဖျက်ဆီးခံရမှုမှာ နောက်ဆုံးဖြစ်ကြောင်း ဆန္ဒပြသူများက ပြောဆိုခဲ့ကြသည်။

“အရင်ဖျက်တဲ့ နေရာမှာ စေတီ ဆောက်ထားတယ်။ ချင်းပြည်နယ်မှာရှိတဲ့ အာဏာပိုင်တွေ၊ စစ်သားတွေက ချင်းလူမျိုး တယောက်မှ မရှိဘူး။ ဒါက လူမျိုးကြီးဝါဒနဲ့ ထားတယ်” ဟု ဒေါက်တာ Hung Om က ပြောသည်။

ကက်သလစ် အသင်းတော် ဥက္ကဋ္ဌ Domimit Salong က “ကျနော်တို့ ခရစ်ယာန်တွေ တအားကို ခံစားပါတယ်။ လက်ဝါးကားတိုင်က ကျနော်တို့ သခင်ယေရှုခရစ်တော်က ကမ္ဘာလူသားတွေကို အပြစ်မှ လွတ်မြောက်ရန် အသေခံတဲ့ အရာဖြစ်တယ်။ လက်ဝါးကားတိုင်က ခရစ်ယာန်တွေရဲ့ မှတ်ပုံတင်တခု၊ အသက်တခု ဖြစ်တယ်။ ဒါတွေကို ဖျက်ဆီးလိုက်တာ လုံးဝ ရက်စက်လွန်းတယ်” ဟု ပြောသည်။

ယနေ့ နယူးဒေလီမြို့တွင် ချင်းခရစ်ယာန် ဒုက္ခသည် ၂ဝဝchrit ခန့် ဆန္ဒပြပွဲက မြန်မာပြည်တွင် ခရစ်ယာန် ဘာသာအပေါ် မတရား ဖိနှိပ်ခြင်းနှင့် လွတ်လပ်ခွင့် မရှိခြင်းများကို နိုင်ငံတကာ ခရစ်ယာန်များနှင့် အိန္ဒိယ အစိုးရက အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

“လက်ပိုက်ကြည့်မနေကြဖို့၊ အရေးယူပေးဖို့ မေတ္တာပို့ ဆုတောင်းရင်း ဆန္ဒပြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံနဲ့ နိုင်ငံတကာရှိ ခရစ်ယာန်တွေ သိအောင် ဆက်ပြီး အကြောင်းကြား အသိပေးမယ်” ဟု Domimit Salong က ပြောသည်။

အိန္ဒိယနိုင်ငံတွင် ကျောင်းတက်နေရင်း ယနေ့ ဆန္ဒပြပွဲသို့ လာရောက်သည့် ချင်းအမျိုးသမီး Rosalinn က “မြန်မာပြည်မှာ ပိုထူးခြားတာက ဘာသာရေးဆိုရင် ဘယ်ဘာသာမှ မပြောနဲ့ သူကိုးကွယ်တဲ့ ဘာသာတောင် လိုက်ချုပ်ချယ်တယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး အလေးမထားဘူး” ဟု သူက ပြောသည်။

နယူးဒေလီတွင် ရွှေ့ပြောင်းနေထိုင်ကြသည့် မြန်မာဒုက္ခသည်ပေါင်း ၈ဝဝဝ ကျော် ရှိပြီး DBCF ၊ Zomi Christian Fellowship ၊  RCM နှင့် Matu Christian Fellowship စသည်တို့ အပါအဝင် ခရစ်ယာန် အသင်းတော်ပေါင်း ၂ဝ ခန့် ရှိသည်။  ချင်းပြည်တွင် လူဦးရေ၏ ၉ဝ ရာခိုင်နှုန်းခန့်သည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1341 guests online