သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > စာပေစိစစ်ရေး အလိုမရှိဟု စစ်တမ်းက ပြဆို

စာပေစိစစ်ရေး အလိုမရှိဟု စစ်တမ်းက ပြဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။      ။ စာပေစိစစ်ရေး မထားရှိဘဲ၊ လွတ်လပ်စွာ သတင်းဖော်ပြခွင့်ကို ကျင့်သုံးလိုကြောင်း မကြာသေးမီက ပြုလုပ်သော နိုင်ငံရေးပါတီတရပ်၏ လူထုစစ်တမ်း ကောက်ယူမှုတွင် အများစုက ဖြေဆိုလိုက်ကြသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီသည် မင်္ဂလာဒုံမြို့နယ်ထဲတွင်  ယခုလ ၁ ရက်နေ့က လူ ၁ဝဝဝ ကို အချက် ၁၄ ချက်ပါ လူထု သဘောထား စစ်တမ်းတခုကို တပတ်ကြာ ကောက်ခံရယူခဲ့ရာ ပြန်လည်ပေးပို့ခဲ့သူ ဦးရေ ၁ဝဝ အနက် အားလုံးက စာပေစိစစ်ရေးကို အလိုမရှိကြောင်း ဖြေဆိုကြခြင်း ဖြစ်သည်။

digitize-censorshipပြည်သူလူထုကတော့ သတင်းလွတ်လပ်ခွင့် များလေ ကောင်းလေပဲ။ အရမ်းကြီး လွတ်လပ်ခွင့် ပေးထားတာတော့ မဟုတ်ဘူး။ ကျနော်တို့က ဖြစ်နိုင်ခြေ ရှိတာကို Guide line ချပေးပြီး သူတို့ကို ရွေးချယ်ခိုင်းတာ။ လူ ၁ဝဝ လုံးလုံးက ရွေးချယ်ကြတာပေါ့လေ” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးနေမျိုးဝေက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “သူတို့ စိတ်ထဲမှာ သိနေတဲ့ အသိတခု ရှိတယ်။ သတင်းလွတ်လပ်ခွင့် ရှိရင် မတရားမှုတို့၊ တရားမမျှတာတို့ နည်းသွားမယ်တို့ သိနေတယ်ဗျ။ သတင်းလွတ်လပ်ခွင့် ရှိရင် အမှန်သိရတယ်။ ဝေဖန်ထောက်ရှုနိုင်တယ်ဆိုပြီး မြင်ကြတယ်” ဟု ပြောသည်။

စစ်တမ်းဖြေဆိုသူများထဲတွင် ကျောင်းဆရာများ၊ အလုပ်သမားများ၊ အလုပ်လက်မဲ့များ၊ အိမ်ရှင်မများနှင့် ဆင်းရဲချို့တဲ့ကာ ပညာရေး နိမ့်ပါးသူများလည်း ပါဝင်သည်။

သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ စာပေစိစစ်ရေးကို နှစ်ဆင့်ထားမည်။ ပထမအဆင့်ကို အမည်နာမ အသစ်ဖြင့် (ဥပမာ စာပေမှတ်တမ်းရုံး) မှတ်တမ်းများကို နိုင်ငံတဝှန်းလုံးရှိ မြို့နယ်များတွင် ထားရှိရမည်။ မည်သူမဆို၊ မည်သည့် အဖွဲ့အစည်းမဆို ထုတ်ဝေသော စာပေမှန်သမျှကို သက်ဆိုင်ရာ မြို့နယ် မှတ်တမ်းရုံးသို့  ပို့ပြီးသည်နှင့် ဖြန့်ဝေနိုင်သည်ဟု ဆိုထားသည်။

ထိုသို့ ဖြန့်ဝေခြင်းနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ကာကွယ်ပေးရမည်။ သို့သော် စာပေပါ မမှန်ကန်သော အကြောင်းအရာများအတွက် တရားဥပဒေနှင့်အညီ တရာရုံး၏ အဆုံးအဖြတ်အတိုင်း ထုတ်ဝေသူနှင့် ရေးသားသူတို့ တာဝန်ယူရမည်။ မှန်ကန်သော အကြောင်းအရာများအတွက် ကင်းလွတ်ခွင့် ရစေရမည်ဟုလည်း ရေးသားထားသည်။

ထို့ပြင် နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များကိုမူ ပြည်ထောင်စု လွှတ်တော်မှအပ  လုံးဝ ထုတ်ဝေခွင့် မပြု၊ ကာမရာဂဆိုင်ရာ ညစ်ညမ်းစာပေများ ထုတ်ဝေခွင့် မပြု၊ မည်သည့် စာပေမဆို ထုတ်ဝေသူနှင့် ရေးသားသူတို့၏ ဓာတ်ပုံ၊ အမည်အရင်းနှင့် နိုင်ငံသား စိစစ်ရေး အမှတ်တို့ကို ရေးသားဖော်ပြပါရှိရမည်ဟုလည်း ဆိုသည်။

နိုင်ငံတော် အစိုးရအား လက်နက်စွဲကိုင် တော်လှန်ရန်၊ ဥပဒေမဲ့ စီတန်းလှည့်လည် ဆန္ဒပြရန် လှုံဆော်ခြင်းမှအပ ဥပဒေကြောင်းအရ ကာကွယ်ပေးမည်။ ကလောင်အမည်ဖြင့် ရေးသားထုတ်ဝေလိုလျှင် ယခုအတိုင်း စာပေစိစစ်ရေးသို့ ဖြတ်သန်းထုတ်ဝေရမည်ဟု ဆက်လက်ဖော်ပြထားသည်။

စစ်တမ်းထဲတွင် လယ်ယာမြေ ပိုင်ဆိုင်ခွင့်၊ နိုင်ငံတော် ရသုံးငွေများကို စီမံခန့်ခွဲခြင်း၊ အခြေခံကျောင်းများ ထူထောင်ခွင့်၊ ပညာသင်ကြားမှု နည်းစနစ်များကို စီမံခန့်ခွဲခြင်း၊ အလုပ်ရှင် အလုပ်သမားဆိုင်ရာ စီမံခန့်ခွဲခြင်း၊ လျှပ်စစ်ဓာတ်အားနှင့် ကျန်းမာရေး စောင့်လျှောက်မှု စီမံခန့်ခွဲခြင်းတို့ကိုလည်း ထည့်သွင်းကောက်ယူထားသေးသည်။

နိုင်ငံတော် ရသုံးငွေစာရင်းအရေးနှင့် ပတ်သက်၍ အများပြည်သူများသို့ စနစ်တကျ နှစ်စဉ်ထုတ်ြပန်ပြီး ပြည်သူများက မိမိတို့ သဘောထားနှင့် ကိုက်ညီမှု ရှိစွာ သုံးစွဲခြင်း ရှိမရှိ ဝေဖန်ထောက်ပြလိုကြောင်း၊ ပညာသင်ကြားမှု နည်းစနစ်များနှင့် ပတ်သက်၍မူ စာသင်သားများအနေဖြင့် လွပ်လပ်စွာ ဆင်ခြင်တွေးတောပြီး အပြန်အလှန် ဆွေးနွေးနိုင်ခွင့် ရှိမှုကို ဖြေဆိုသူ အားလုံးက ရွေချယ်ခဲ့ကြသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးသည်  မဲပေးနည်းဆိုင်ရာ ပညာပေးလုပ်ငန်းကို လူထုအကြား ဆောင်ရွက်နေသော ပါတီလည်း   ဖြစ်သည်။

ထို့ပြင် ပြည်သူများအနေဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲအကြောင်း သိရှိနားလည်ခြင်း ရှိမရှိ သဘောထား စစ်တမ်းတခု ကောက်ယူခဲ့ရာ၊ ဖြေဆိုသူ ၃၆ ဦးအနက်  ၄ ဦးသာ အခြေခံ ဥပဒေ စာအုပ်ကို မြင်ဖူးပြီး တဦးသာ ဖတ်ဖူးကြောင်းနှင့် ဖတ်ဖူးသော်လည်း နားလည်မှု မရှိဟု ဖြေဆိုခဲ့ကြောင်း ဦးနေမျိုးဝေက ပြောသည်။

ပြီးခဲ့သည့် အပတ်အတွင်းကလည်း မြန်မာပြည်၏ ပညာရေးကဏ္ဍ၊ နိုင်ငံတော်ရသုံးငွေများ စီမံခန့်ခွဲခြင်း၊ လယ်ယာမြေများကို နိုင်ငံတော် ပိုင်စနစ် (ယခုအတိုင်း ထားခြင်း) နှင့် ပုဂ္ဂလိက လုပ်ကိုင်ခွင့် (ရောင်းဝယ် ပေါင်နှံ ငှားရမ်းခွင့် ရှိသော စနစ်) များနှင့် ပတ်သက်၍ မည်သည့်စနစ်က ယခု လက်ရှိနိုင်ငံကို ပိုမိုတိုးတက်စေသလဲ ဟူသော အချက်များကို စကားစစ်ထိုးရန် နိုင်ငံရေး ပါတီများကို အွန်လိုင်းမှ ဖိတ်ခေါ်ခဲ့ရာ မည်သည့်ပါတီမှ ရောက်မလာသဖြင့် ပါတီဥက္ကဋ္ဌ ညိုမင်းလွင်နှင့် အထွေထွေ အတွင်းရေးမှူး နေမျိုးဝေတို့ ၂ ဦးတည်းသာ စကားစစ်ထိုးခဲ့ကြောင်း သိရသည်။

“ပါတီအချို့ အင်တာနက် အသုံးပြုမှု မရှိလို့ မသိတာကြောင့် မလာနိုင်တာ ရှိသလို၊ တချို့ပါတီတွေက စိတ်ဝင်စားပေမယ့်  အကြောင်းအမျိုးမျိုးကြောင့် မလာဖြစ်ကြဘူး။ ဒါကြောင့် ကျနော်နဲ့ ဥက္ကဋ္ဌ ညိုမင်းလွင်တို့ပဲ မနေ့က ဆွေးနွေးဖြစ်ကြတယ်” ဦးနေမျိုးဝေက ရှင်းပြသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1567 guests and 1 member online