သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရထားလမ်းပျက်၊ အသီးအနှံ ဈေးတက်

ရထားလမ်းပျက်၊ အသီးအနှံ ဈေးတက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။       ။ မန္တလေး-မြစ်ကြီးနား ရထားလမ်း ၃ ရက်ကြာ အဆက်အသွယ် ပြတ်တောက်ခဲ့သဖြင့် မြစ်ကြီးနားသို့ ရထားဖြင့် တင်ပို့ရောင်းချသော ကုန်စိမ်းနှင့် ပန်းမန်ဈေးနှုန်းများ ယခင်ထက် ကျပ် ၃ဝဝ မှ ၅ဝဝ ကျပ်အထိ မြင့်တက်သွားသည်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင်  ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမြန်ရထားတစင်း လမ်းချော် တိမ်းမှောက်ခဲ့သဖြင့် ရထားပြေးဆွဲမှု ရပ်တန့်ခဲ့ရာမှ ကချင်ပြည်နယ် မြစ်ကြီးနားတွင် သစ္စာပန်း၊ ဂန္ဓမာပန်း၊ ခရမ်းချဉ်သီး၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ မုန်ညင်းဖြူနှင့် ငရုတ်သီး စသည့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်သွားခြင်း ဖြစ်သည်။

Train1“သစ္စာပန်းတို့ ဂန္ဓမာပန်းတို့လို ဘုရားပန်းတွေ ဈေးတက်သွားတယ်။ အရင်က ၈ဝဝ လောက်ပဲ ပေးရတာ။ အခု ၁၂ဝဝ၊ ၁၃ဝဝ ရှိတယ်။ တခြား ကုန်စိမ်းတွေလည်း အကုန်ဈေးတက်ကုန်တယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ တက်ဈေးနဲ့ပဲ ဝယ်စားနေရတာပဲ” ဟု မြစ်ကြီးနားမြို့ခံ အိမ်ရှင်မတဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးဘူတာမှ တနင်္ဂနွေနေ့ နေ့လည်ပိုင်းတွင် ထွက်ခွါလာသော အမှတ် ၅၅ အဆန် အမြန်ရထားသည်  စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ့်ခမ်းနှင့် ဘုံချောင်း ဘူတာ ၂ ခုကြားရှိ လမ်းပိုင်းအရောက် ည ၁ဝ နာရီခန့်၌ စက်ခေါင်းတွဲနှင့် လူစီးတွဲတတွဲ လမ်းချော်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းရထားတွဲတွင် စက်ခေါင်းမပါ လူစီးတွဲ ၉ တွဲနှင့် ဂါတ်ဗိုလ်တွဲ ၁ တွဲ စုစုပေါင်း ၁ဝ တွဲ ပါဝင်သည်။

အဆိုပါ ရထားသည် ယနေ့ နံနက် ၄ နာရီခွဲတွင် မြစ်ကြီးနားဘူတာသို့ ဝင်ရောက်လာခဲ့သော်လည်း လမ်းခရီးတွင် ၂ ရက်ခန့် ကြာမြင့်ခဲ့သည့်အတွက် ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ ခရမ်းချဉ်သီး စသော ကုန်စိမ်းပစ္စည်းများ ပုပ်သိုး ပျက်စီးခဲ့သဖြင့် ကုန်သည်များလည်း ကျပ်သိန်းနှင့်ချီ၍ အရှုံးပေါ်ခဲ့ကြကြောင်း မြစ်ကြီးနားမြို့မှ ကုန်စိမ်းသည်တဦးက ပြောသည်။

“ကုန်သည်တွေ သိန်းနဲ့ချီပြီး ရှုံးကုန်ကြတယ်။ တချို့က ၁ သိန်း ၂ သိန်း၊ ပစ္စည်းများတဲ့ လူဆို ၅ သိန်းလောက် အထိကို ရှုံးကြတယ်” ဟု သူက ပြောသည်။

Train2“ကောလင်းမြို့က ဆိုင်ကယ်ကယ်ရီသမား နှစ်ယောက် သေတယ်တဲ့။ သူတို့က ခုံတော့ရတယ်။ အိုက်လို့ဆိုပြီး စက်ခေါင်းနားမှာ သွားစီးတာ။ ရထားမှောက်တော့ သူတို့ ညပ်သွားတယ်။ အဲဒီ ရထားတွဲမှာပါတဲ့ မိတ်ဆွေ ကုန်သည်တယောက် ပြန်ပြောပြတာ” ဟု မြစ်ကြီးနားမြို့က ကုန်သည်တဦးက မဇ္ဈိမကို  ပြောသည်။

သို့သော် မြစ်ကြီးနားဘူတာမှ တာဝန်ရှိသူတဦးက ရထားမှောက်ခြင်းကြောင့် လူသေဆုံးခြင်း မရှိကြောင်း ငြင်းဆိုသွားခဲ့ပြီး မန္တလေးဘူတာမှ တာဝန်ရှိသူကမူ လူသေဆုံးသည့် ကိစ္စများကို မိမိတို့ မသိကြောင်း ပြောသည်။

ပျက်စီးသွားသည့် လမ်းပိုင်းအား ပြန်လည်ပြုပြင်နေသဖြင့် မန္တလေးနှင့် မြစ်ကြီးနား ဘူတာရုံများတွင် တနင်္ဂနွေနေ့မှ ယနေ့အထိ မန္တလေး-မြစ်ကြီးနားခရီးစဉ် လက်မှတ်များ ရောင်းချခြင်း မရှိဘဲ ခရီးစဉ်များကို ရပ်ဆိုင်းထားးသည်။

“မြစ်ကြီးနား ခရီးစဉ်တွေ ရပ်ထားတာ ၃ ရက် ရှိပါပြီ။  ၁ဝ ရက်နေ့တော့ ပြန်ကောင်းသွားမှာပါ” ဟု မန္တလေး ဘူတာကြီး၏ စုံစမ်းရေးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားဘူတာက တာဝန်ရှိသူတဦးက ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်နေ့ကို မပြောနိုင်သေးကြောင်း ပြောဆိုသည်။

မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်ကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက အမှတ် ၃၇၊ ၅၅၊ ၅၇၊ ၄၁ စသည့် အမြန် ရထား ၄ စင်းဖြင့် ပြေးဆွဲနေသည်။

မြန်မာနိုင်ငံတွင် လူစီးနှင့် ကုန်တင်ရထား အပါအဝင် မီးရထား အစင်းပေါင်း ၄၃၃ စင်းနှင့် ဘူတာရုံပေါင်း ၈၄ဝ ရုံရှိကြောင်း ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ထုတ်ဝေခဲ့သည့် စစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1568 guests and 1 member online