သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > စာရေးဆရာမကြီး ခင်နှင်းယု အသက် ၈၅ နှစ် အောက်မေ့ဖွယ်

စာရေးဆရာမကြီး ခင်နှင်းယု အသက် ၈၅ နှစ် အောက်မေ့ဖွယ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကွယ်လွန်သူ စာရေးဆရာမကြီးခင်နှင်းယု (၁၉၂၅-၂ဝဝ၃)သည် ယနေ့ စက်တင်ဘာလ ၇ ရက်တွင် အသက် ၈၅ နှစ် ပြည့်ပြီ ဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်းဦးနု၏ နှမဝမ်းကွဲ၊ ကိုယ်ရေးအတွင်းဝန်နှင့် မြဝတီမဂ္ဂဇင်းအယ်ဒီတာချုပ်ဟောင်း ဗိုလ်မှူးကြီးကျော်သောင်း၏ဇနီး ခင်နှင်းယုသည် အမျိုးသားရေး၊ ဒီမိုကရေစီရေးစာပေများ အစဉ်တစိုက်ရေးသားခဲ့ပြီး အာဏာရှင်ဝါဒတိုက်ဖျက်ရေးလမ်းကြောင်းတွင် အနှစ် ၅ဝကျော် ခိုင်မာစွာ ရပ်တည်ခဲ့သည်။

ဝါးဆယ်မကျောင်းသားသမဂွ အမှုဆောင် (၁၉၃၈ -၃၉)၊ ဂျပန်ခေတ် ဝါးခယ်မမြို့နယ် Khin-Hnin-Yuအာရှလူငယ်အစည်းအရုံး အမျိုးသမီးဌာန အတွင်းရေးမှူး (၁၉၄၃) ၊ စစ်ပြီးခေတ် ဖ.ဆ.ပ.လ သတင်းနှင့် ဝါဒဖြန့်ချိရေးဌာန လက်ထောက်အတွင်းရေးမှူး (၁၉၄၆) ၊ ယင်းဌာန တွဲဖက်အတွင်းရေးမှူးနှင့် ဖ.ဆ.ပ.လ သတင်းစဉ် တာဝန်ခံ အယ်ဒီတာ (၁၉၄၇) စသည့်နိုင်ငံရေးတာဝန်များဆောင်ရွက်ခဲ့သည် ။ ၁၉၄၆ မှစကာ "မခင်စု" အမည်ရင်းဖြင့် ဖ.ဆ.ပ.လ သတင်းစဉ်တွင် ဆောင်းပါးများ ရေးခဲ့သည်။

၁၉၅၁ က နွေနှောင်းရွက်ကျန် ရှုမဝမဂ္ဂဇင်းဝတ္ထုရှည်၊ သရဖူ မြဝတီဝတ္ထုရှည်များဖြင့် ထင်ရှားလာပြီး ကျွန်းဧကရီ၊ စိမ်းသင့်မှစိမ်း၊ မျှော်လင့်လို့ဖြင့် မဆုံးနိုင်တယ် မဂ္ဂဇင်းဝတ္ထုရှည်များ၊ မွှေး (၁၉၅၉)၊ ပန်းများကိုပွင့်စေသူ (၁၉၆၁)၊ ပန်းပန်လျက်ပါ (၁၉၆၂)၊ သခွတ်ပန်း (၁၉၆၂)၊ အောင်မြင်သောနေ့ (၁၉၆၂)၊ မိုးကျော်သူ (၁၉၆၃)၊ သပြေ (၁၉၆၃)၊ ယဉ်မင်းပိုက် (၁၉၆၄)၊ လမင်းကြီးသာစမ်းပါ (၁၉၆၅) စသည့်လုံးချင်းဝတ္ထုများ၊ မိန်းမတို့အကြောင်း၊ ကြာတော၌ရွာသောမိုး (၁၉၆၄)၊ မုတ်သုန်စောင်းကြိုး (၁၉၆၅)၊ ဘူဇဝါလော ဇူဇကာလော(၁၉၇ဝကျော်) ဝတ္ထုတိုများ၊ ဇီဝစိုးစံအိမ် (၂ဝဝ၃) ဆောင်းပါးပေါင်းချုပ်ဖြင့် အထူးလူကြိုက်များခဲ့သည်။

ကျွန်မ၏ချစ်သူ (၁၉၇၂) ဝတ္ထုဟန် အတ္ထုပ္ပတ္တိမှာ အပိတ်ခံခဲ့ရသည်။ ၁၉၆ဝတွင် ကြေးမုံရိပ်သွင် ဝတ္ထုတိုပေါင်းချုပ်ဖြင့် စာပေဗိမာန်ထောင်ဆု၊ ၁၉၉၅တွင် မြကြာဖြူ နှင့် အမျိုးသားစာပေဆု (ဝတ္ထုရှည်) ရခဲ့သည်။ ၁၉၆၂ ကိုင်ရိုတွင်ကျင်းပသော ဒုတိယအကြိမ် အာရှ၊ အာဖရိက စာရေးဆရာများညီလာခံသို့ ဇဝနဦးဆောင်သော မြန်မာစာရေးဆရာအဖွဲ့တွင် လိုက်ပါခဲ့သည်။ စာရေးဆရာကြီးဦးနုအမှတ်တရ စာပေကုသိုလ်ကို ဦးဆောင် ကမကထပြုပေးခဲ့သည်။

လူတွင်ကျယ်အထက်လွှာတို့၏ ပရဟိတအမည်ခံ ပကာသနလောကကို ခင်နှင်းယုသရော်ထားပုံမှာ ယခု အန်ဂျီအိုခေတ်ထိ ဆီလျော်လှ၍ ပြန်လည်ဖော်ပြလိုက်ပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။