သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ပဲခူးလူငယ် ၂ ဦးကို စစ်တပ်က သဂြိုင်္ဟ်မည်

ပဲခူးလူငယ် ၂ ဦးကို စစ်တပ်က သဂြိုင်္ဟ်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။ ။ စစ်ဗိုလ်များက သေနတ်ဖြင့် ပစ်သောကြောင့် ပဲခူးမြို့ခံ လူငယ် ၂ ဦး သေဆုံးရမှုအပေါ် မြို့သူမြို့သားများ ဒေါသထွက်နေကြပြီး၊ ရုပ်အလောင်းများကိုမူ စစ်တပ်ကပင် မနက်ဖြန်တွင် သဂြိုင်္ဟ်မည်ဟု သေဆုံးသူ မောင်စိုးပိုင်ဇော်၏ မိသားစုဝင်တဦးက ပြောသည်။

ယခုလ ၄ ရက်နေ့ ည ၁၂ နာရီကျော်တွင် မြို့ခံလူငယ်များနှင့် ပဲခူးအခြေစိုက် ခလရ ခြေလျင်တပ်ရင်း ၅၉ မှ ဗိုလ်ကြီးအဆင့် ရှိသူများအကြား ခိုက်ရန်ဖြစ်ပွားရာ သေနတ်ဖြင့် ပစ်သောကြောင့် ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် မြလမ်းတွင် နေထိုင်ကြသူ ၂၂ နှစ်အရွယ် မောင်အောင်သူဟိန်းနှင့် ၁၈ နှစ်အရွယ် မောင်စိုးပိုင်ဇော်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြရသည်။

ရုပ်အလောင်းများကို ပဲခူးဆေးရုံသို့ စက်တင်ဘာလ ၅ backdoorhospitalsရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက် (ရယက) မှ တာဝန်ရှိသူများက ဆိုက္ကားပေါ်တင်၍ ကြိုးများချည်နှောင်ကာ ပို့ဆောင်ခဲ့ပြီး၊ မနက်ဖြန် ၁၂ နာရီတွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်၌ သင်္ဂြိုဟ်ရန်အတွက် စစ်တပ်က ဆောင်ရွက်နေသည်ကို မိသားစုဝင်များသာမက ပဲခူးမြို့ခံများပါ ဒေါသထွက်နေကြသည်။

’’လူငယ်တွေရဲ့ အလောင်းတွေကို စက်တင်ဘာ ၇ ရက်နေ့မှာ သဂြိင်္ုဟ်ဖို့ စီစဉ်နေပါတယ်။ အခုထိတော့ အိမ်ကို ပေးမသယ်ဘူး။ ရင်ခွဲရုံမှာပဲ ထားတယ်။ စစ်တပ်အစီအစဉ်နဲ့ပဲ သင်္ဂြိုဟ်ရမယ်လို့ ပြောတယ်’’ ဟု မောင်စိုးပိုင်ဇော်၏ မိသားစုဝင်တဦးက ပြောသည်။

’’ကျမတို့ သိသလောက်ကတော့ ဗိုလ်တွေကလည်း မူးနေတာလေ။ ကလေးတွေကလည်း အဲဒီလိုပဲ နေမှာပါ။ အမှန်ဆိုရင် အဲဒီလောက်ထိ ဖြစ်စရာမလိုဘူး။ ဗိုလ်တွေကတော့ သေနတ်ကိုင်ဆောင်ခွင့် ရထားတဲ့ လူသတ်သမားတွေလေ။ ကျမတို့ ဒီကလေးတွေ သေတဲ့အတွက် လုံးဝမကျေနပ်ဘူး’’ ဟု မောင်အောင်သူဟိန်း၏ မိသားစုဝင် တဦးက ဆေးရုံကြီး ရင်ခွဲရုံတွင် ရုပ်အလောင်း ထုတ်ယူရန် စောင့်ဆိုင်းနေစဉ် ပြောဆိုသည်။
တီဗီ သတင်း
အခင်းဖြစ်သည့်နေ့ ညနေပိုင်းတွင် မောင်စိုးပိုင်ဇော်တို့ လူငယ်တစုနှင့် အရပ်ဝတ် ဝတ်ဆင်ထားသည့် ခမရ ၅၉ စစ်အရာရှိတဦးသည် မြလမ်းထိပ်အနီး ကယ်လီဖိုးနီးယား ကာရာအိုကေ စားသောက်ဆိုင်မှ အထွက်တွင် စစ်အရာရှိတဦး၏ ၂ ဘီးဆိုင်ကယ်နှင့် လူငယ်များ၏ ၃ ဘီးဆိုင်ကယ်တို့ ဖင်ချင်းတိုက်မိရာမှ စတင်ကာ အပြန်အလှန် ထိုးကြိတ်ကြရာ အရာရှိဖြစ်သူ ခေါင်းတွင် ဒဏ်ရာရရှိသွားခဲ့သည်။

ထို့နောက်တွင် စစ်အရာရှိက သူ၏ စစ်ဖွဲ့ကို ခေါ်လာပြီးနောက် လူငယ်များ နေထိုင်သည့်ဘက်သို့ လာရောက်ကာ ရှာဖွေခေါ်ထုတ်စဉ် နှစ်ဖက်အကြား ထိုးကြိတ်မှုများ ဖြစ်ပွားပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှု ပေါ်ပေါက်လာကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

’’ပဲခူးမှာ ဒီကိစ္စက အရမ်းကို အရေးပါတဲ့ ပြဿနာတခု ဖြစ်သွားပြီ။ ဒါဟာ သေတဲ့သူတွေရဲ့ မိသားစု တစုချင်းကိစ္စ မဟုတ်တော့ဘူး။ မြို့ပေါ်နေသူတွေ အားလုံးရဲ့ ကိစ္စပဲ။ ဒီလိုသေနတ်နဲ့ ပစ်သတ်တာကို ငြိမ်ခံရင် နောက်လည်း သတ်လို့ရတယ်လို့ မြင်မှာပဲ။ ဘယ်လိုဆောင်ရွက်မလဲဆိုတာပဲ စဉ်းစားကြတော့’’ ဟု ပဲခူးမြို့ပေါ်မှ ဆရာတော်တပါးက မိန့်ဆိုသည်။

စစ်တပ်မှ သေနတ်နှင့် ပစ်ခတ်ခြင်းကြောင့် ပဲခူးတွင် နိုင်ငံရေးနှင့် စပ်ဆိုင်သော အရေးအခင်းအထိ ကူးစက်သွားနိုင်ကြောင်း မြို့ခံများအကြား ထင်ကြေးပေးမှုများလည်း ရှိနေသည်။

’’မြလမ်းမှာဆိုရင် တယောက်ကိုတယောက် ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ ဘာမှကို မပြောနိုင်လောက်အောင် ဖြစ်နေကြတယ်။ ပြောမထွက်လောက်အောင်ကိုပဲ။ ကျနော်တို့ မြလမ်းမှာ လူတွေ တိတ်ဆိတ်နေတယ်။ အရင်ကဆိုရင် ကလေးတွေနဲ့ ဆော့လို့၊ ဆိုင်ကယ်တွေလည်း ပုံမှန်သွားလာနေကြတာ။ အခုဆိုရင် တယောက်မှ မရှိဘူး။ အားလုံး တိတ်ဆိတ်နေကြတယ်’’ ဟု မြလမ်းတွင် နေထိုင်သူတဦးက ပြောသည်။

ပဲခူးမြို့ အခင်းဖြစ်ရာ နယ်မြေပိုင်ဖြစ်သော အမှတ် ၃ ရပ်ကွက် ရဲစခန်းကို မေးမြန်းကြည့်ရာ ဒုရဲအုပ် သိန်းမြင့်က ’’အမှုကို စခန်းမှူး ကိုင်ပါတယ်။ ကျနော်လည်း မနေ့ညကမှ ခရီးသွားရာကနေ ပြန်ရောက်တာ။ ဂဃနဏ မသိပါဘူး။ စခန်းမှူးလည်း အပြင်သွားပါတယ်။ သွားရောက်စစ်ဆေးနေပါတယ်’’ ဟု ပြောဆိုသည်။ သို့သော် ၎င်းအမှုကို ရဲစခန်းတွင် အမှုဖွင့်ထားပြီဟု ဆိုသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1642 guests and 1 member online