သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကေအိုင်အို ဆေးဝါးပစ္စည်းများ ပြန်ရပြီ

ကေအိုင်အို ဆေးဝါးပစ္စည်းများ ပြန်ရပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္စျိမ)။      ။ ကျပ်ငွေ ၁၆ သိန်း တန်ဖိုးရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ပိုင် ဆေးဝါးများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းဆည်းခဲ့ပြီးနောက် ၄ ရက်အကြာ ယနေ့ ညနေပိုင်းတွင် ပြန်လည်ရရှိပြီဟု သိရသည်။

ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင် ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ KIO တပ်ရင်း ၇ တည်ရှိရာ ထိန်နန်ကျေးရွာ ဆေးပေးခန်း၌ တနှစ်စာ အသုံးပြုရန် ဒေါက်တာယောဟန်က မြစ်ကြီးနားမြို့သို့ လာရောက်ဝယ်ယူရာ ရဲတပ်ဖွဲ့နှင့် စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက သိမ်းဆည်းယူငင်သွားသော ဆေးဝါးများ ပြန်လည်ရရှိခြင်း ဖြစ်သည်။

“ဗိုလ်မှူးဒီးရမ်က လက်ခံပြီးတော့ ဆရာဝန် ယောဟန်က ရဲစခန်းကနေ ၃ ဘီးနဲ့ ပြန်သယ်လာတယ်״ ဟု KIO နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) စစ်ဘက်ရေးရာ လုံခြုံရေးဌာနမှ စစ်ဦးစီးမှူး (ပထမတန်း) ဒုဗိုလ်မှူးကြီးသက်ပုံ သိမ်းဆည်းခဲ့သော ဆေးဝါးများကို အမှတ် (၁) ရဲစခန်းသို့ ယူဆောင်လာပြီးနောက် မြစ်ကြီးနားရှိ KIO ဆက်ဆံရေးရုံးမှ ဗိုလ်မှူးဒီးရမ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆေးဝါးများ ပြန်ပေးရန် KIO ဗဟိုဆက်ဆံရေးရုံးက (မပခ) စစ်ဌာနချုပ်သို့ ပြီးခဲ့သည့်လ ၃၁ ရက်နေ့တွင် တောင်းဆိုခဲ့သေးသည်။

KIO နှင့် စစ်အစိုးရကြား နိုင်ငံရေးအရ ထိခိုက်လာမည်ကို စိုးရိမ်သဖြင့် ယခုလို ပြန်ပေးကြောင်း အမည်မဖော်လိုသူ KIO အရာရှိတဦးက သုံးသပ်သည်။

“KIO က တရားဝင် စာပို့လို့ ဖြစ်တယ်။ နောက်ပြီးတော့ ဒီအကြောင်းတွေကို KIO/KIA ဗဟိုဌာနချုပ် လူကြီးတွေလည်း အကုန်သိတယ်။ နိုင်ငံရေးမှာ ထိခိုက်လာမှာ စိုးရိမ်လို့ ပြန်ပေးတယ်လို့ ယူဆတယ်״ ဟု သူက မဇ္စျိမကို ပြောသည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်းရန် ငြင်းဆန်နေသော KIO နှင့် စစ်အစိုးရအကြား နှစ်ဘက်ဆက်ဆံရေး တင်းမာနေပြီး စစ်ရေးပြင်ဆင်မှုများ ရှိနေရာ မြစ်ကြီးနား-လိုင်ဇာလမ်း၊ မြစ်ကြီးနား-တနိုင်းလမ်းနှင့် ဧရာဝတီမြစ်ကြောင်း ရေလမ်းများတွင် ခရီးသွားလာမှုနှင့် ကုန်သွယ်မှုများ၌ တားဆီးပိတ်ပင်မှုများ ရှိနေကြောင်း သိရသည်။

KIO က နယ်ခြားစောင့်တပ် လက်မခံကြောင်းနှင့် ပတ်သက်၍ ယမန်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံ စာပို့ခဲ့သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1607 guests and 1 member online