စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > စောဝေ နရသိန်အလွန် ပန်းချီပြပွဲ

စောဝေ နရသိန်အလွန် ပန်းချီပြပွဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန်(မဇ္ဈိမ)။    ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ”အာဏာရူးကြီး” ဟု ဝေဖန်ခဲ့သည်ဆိုသော စွဲချက်ဖြင့် ထောင်ကျခဲ့သော ပန်းချီဆရာစောဝေက ၄င်းပိုင် အဓိပတိ ပန်းချီခန်းမတွင် 3 Artists' Show ပန်းချီပြပွဲကို ယနေ့ စတင်ပြသခဲ့သည်။

ကိုစောဝေနှင့်အတူ သမီး အွိ၊ စာရေးဆရာ မောင်မိုးသူတို့ ရေးဆွဲထားသော ပန်းချီကား စုစုပေါင်း ၃၃ ကားကို စက်တင်ဘာ ၅ ရက်နေ့အထိ ပြသမှာ ဖြစ်သည်။

sawwai1ထောင်ထဲတွင် ၂ နှစ်နှင့် ၅ လနေခဲ့ရပြီး မေလနှောင်းပိုင်းက ပြန်လွတ်လာခဲ့သော ကိုစောဝေက  “ကျနော် ပြန်လွတ်လာပြီး နောက်ပိုင်း ဒီပြပွဲက ပထမဦးဆုံး ပြသတာ ဖြစ်တယ်၊ စစ်ဆေးရေးတွေ လာတယ်၊ ထုံးစံအတိုင်းပေါ့၊ ရစ်ကြတယ်၊ ကျနော် ၂ဝဝ၃ ခုနှစ်က ဆွဲထားတဲ့ April လို့ အမည်ပေးထားတဲ့ ပန်းချီကားကို ပြသရန်မသင့် ဆိုပြီးတော့ပိတ်တယ်၊ အမှန်တော့ သင်္ကြန်ပုံရိပ်တွေကို ဆွဲထားတာပါ”ဟု ပြောသည်။

ပန်းချီကားများအပြင် အင်စတော်လေးရှင်းများကိုပါ ပြသထားသည်။ သူ၏ ဖျားနာနေသော ကမ္ဘာအင်စတော်လေးရှင်းကို ပရိသတ်များ စိတ်ဝင်စားကြကြောင်း သိရသည်။

“သူပြထားတာက ခြင်ထောင်ကြီးထဲမှာ ကမ္ဘာလုံးပုံကို sawwaiလုပ်ထားတယ်၊ ပြီးတော့ ဆေးပုလင်း ချိတ်ထားတယ်၊ ကမ္ဘာလုံးမှာ အပေါက်တွေပါတယ်၊ ပလတ်စတာတွေကိုလည်း ကပ်ထားတယ်၊ လုပ်ထားတာက ပညာသားပါတယ်၊ ကမ္ဘာကြီး ပျက်စီးပြီး မကျန်းမမာ ဖြစ်နေတာကို ပေါ်လွင်စေတယ်လေ”ဟု ပြပွဲလာ ပန်းချီချစ် ပရိသတ်တဦးက ပြောသည်။

ပြပွဲတွင် အခရိုင်းလစ်နှင့် ဆီဆေး ပန်းချီကားများ ပါဝင်ကြောင်း၊ ပြပွဲကာလအတွင်း ရောင်းချပေးကြောင်းလည်း သိရသည်။ပြပွဲကို ပန်းချီဦးလွန်းကြွယ်၊ စာရေးဆရာကြီးပါရဂူ၊ စာရေးဆရာမကြီး ခင်ဆွေဦးနှင့် အနုပညာ အသိုင်းအဝိုင်းကလူများ တက်ခဲ့ကြသည်။

သူ၏ “ဖေဖော်ဝါရီ ၁၄” ကဗျာထိပ်စီးအစ စာလုံးများကို အစဉ်လိုက်ဖတ်ကြည့်လျှင် “အာဏာရူးကြီးမှူးကြီးသန်းရွှေ”ဟု စာကြောင်းပေါ်လာသဖြင့် နိုင်ငံတော် အသရေဖျက်မှုဖြင့် ကိုစောဝေ ထောင်ချခံခဲ့ရသည်။



 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1327 guests online