သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကျားထိန်းသိမ်းရေး သဘာဝသစ်တောအတွက် လယ်သိမ်းမှုများကို လယ်သမားများတရားစွဲ

ကျားထိန်းသိမ်းရေး သဘာဝသစ်တောအတွက် လယ်သိမ်းမှုများကို လယ်သမားများတရားစွဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။      ။ စစ်အစိုးရနှင့် အဆက်သွယ်ရှိသည့် စီးပွားရေးသမားကြီးက ဟူးကောင်းတောင်ကြားတွင် `ကျားထိန်းသိမ်းစောင့်ရှောက်ရေး ဘေးမဲ့တောတခု’ တည်ထောင်နိုင်ရန် အတွက် လယ်မြေများ သိမ်းယူခဲ့သဖြင့် ကချင်ပြည်နယ်မှ လယ်သမား ၁၇ ဦးသည် မနက်ဖြန်တွင် နိုင်ငံ၏ အမြင့်ဆုံး တရားရုံးဖြစ်သော ဗဟိုတရားရုံးတွင် တရားစွဲ၊အရေးဆိုသွားမည်ဖြစ်သည်။

စစ်အစိုးရ၏ လူယုံတဦးဖြစ်သော ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက လယ်မြေများသိမ်းယူ ခဲ့သဖြင့် ဟူးကောင်း တောင်ကြား ကျေးရွာ ငါးရွာမှ လယ်သမား ၁၄၈ ဦးက ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် လျော်ကြေးရရှိရေးအတွက် လျှောက်ထားခဲ့ကြသည်။

hugawngယခုလအစောပိုင်းက ပြည်ပမီဒီယာနှင့် နိုင်ငံတကာမီဒီယာများတွင် အုတ်အော်သောင်းတင်း ဖော်ပြခဲ့သော သတင်း၌ မြန်မာနိုင်ငံက ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းစောင့်ရှောက်ရေး ဘေးမဲ့တောတခုကို ၄၂၄၈ စတုရန်းမိုင် (၁၁ဝဝဝ စတုရန်းကီလိုမီတာ) အထိ သုံးဆတိုးကာ ဟူးကောင်းချိုင့်ဝှမ်း တခုလုံးတွင် တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြသည်။

သို့သော် လူထုအခြေပြု အဖွဲ့အစည်းအုပ်စုများနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၏ မဟာမိတ်အဖွဲ့ အစည်းတခုဖြစ်သော ကချင်ဖွံ့ဖြိုးရေးကွန်ရက်အုပ်စု (KDNG) ၏ ဗုဒ္ဓဟူးနေ့က သတင်းထုတ် ပြန်ချက်အရ ယုဇနကုမ္ပဏီ၏ ဘေးမဲ့တောဆိုသည်မှာ အမှန်စင်စစ် ရယ်စရာမျှသာဖြစ်သည်ဟုဆိုသည်။

`လယ်ထွန်စက်တွေ၊ မြေထိုးမြေကော်စက်ကြီးတွေ အများကြီးရောက်လာကာ တောတွေကို အပြောင် ရှင်းပစ်လိုက်ကြသည်၊ ဝါးရုံတွေလည်းကုန်ပြီ၊ ရှိပြီးသားလယ်တွေလဲ ပြောင်သလင်းခါ သွားကြပြီဖြစ်သည်´ ဟု အဆိုပါအစီရင်ခံစာတွင် ရေးသားထားသည်။ ကျားများ ကျက်စားရာမြေ၊ အမဲမလိုက်ရဟု ရေးသားတားမြစ်ထားသော ဆိုင်းဘုတ်များကို ယခုဖုန်းဆိုးမြေအတိ ဖြစ်နေပြီဖြစ်သော မြေပြင်တွင် စိုက်ထူထားကြသည်။ ကျားများမည်သို့မှ နေမဖြစ်သည့် တောတခုသာဖြစ်သည်´ ဟု ရေးသားထားသည်။

`ဤဒေသကြီးတခုလုံးကို ပြည်ပမှတင်သွင်းရောက်ရှိလာသော အလုပ်သမား ၂ ထောင် ကျော်က နေ့စဉ်ပင် ဓါတ်မြေသြဇာများ၊ ပေါင်းသတ်ဆေးများအသုံးပြုပြီး ပီလောပီနံ၊ ကြံ နှင့် (ဇီဝ လောင်စာထုတ်လုပ်နိုင်သည့်) ကြက်ဆူစိုက်ခင်းကြီးများဖြစ်အောင် ပြုပြင်ပြောင်းလဲနေကြသည်´ ဟု အဆိုပါအစီရင်ခံစာတွင် ရေးသားထားသည်။

ဟူးကောင်းတောင်ကြားတွင် လုပ်ငန်းများအခြေစိုက်ကတဲက ကုမ္ပဏီသည် မြေ ဧက ၄ သိန်းကျော်ကို သိမ်းယူခဲ့ပြီဖြစ်ကာ ကြံနှင့်ပလောပီနံ စိုက်ပျိုးရန်အတွက် စစ်အစိုးရက ၂ဝဝ၆ ခုနှစ်က ခွင့်ပြုခဲ့သောပမာဏ၏ နှစ်ဆမျှ ခုတ်ထွင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟု Kachinnews.com က ယခင်အပတ်က ရေးသားဖော်ပြခဲ့သည်။ ဤသို့သိမ်းယူခဲ့သောမြေများတွင် မိသားစုပေါင်း ၁,ဝဝဝကျော် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့သော မြေအများအပြားလည်း ပါဝင်သွားခဲ့သည်။

လွန်ခဲ့သောနှစ်လအတွင်း လယ်သမား ၁၂ဝ ကျော်ကို မြေတဧကလျှင် ကျပ် ၈ဝ,ဝဝဝ (အမေရိကန်ဒေါ်လာ ၈ဝ) ပေးကာ ကြေအေးစေခဲ့သည်ဟု လယ်သမားများအတွက်လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးမြင့်လွင် ကပြောသည်။
freetigerandcorrectfarmer`လယ်သမား ၁၇ ယောက်ကခုထိ ဒီငွေကိုလက်မခံကြသေးဘူး။ သူတို့ပေးတဲ့လျော်ကြေးက ပေါက်ဈေးထက် အဆမတန်နည်းနေတယ်လို့ သူတို့ကပြောကြတယ်´ ဟု သူက ပြောသည်။

မတ်လတွင် လယ်သမားအုပ်စုတခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအကြံပေးကော်မတီသို့ စာရေးကာ ယုဇနကုမ္ပဏီအား တရားစွဲဆိုနိုင်ရေးအတွက် ရှေ့နေတဦးငှားရမ်းပေးပါရန် တောင်းဆိုတင်ပြခဲ့သည်။ လွန်ခဲ့သောလတွင် ပထမဆုံးအမှုစွဲတင်နိုင်ခဲ့သည်။

`လယ်သမားတွေကစုစုပေါင်း မြေ ၁ဝ၄ဝ ဧက ဆုံးရှုံးသွားခဲ့တာ´ ဟု ဦးမြင့်လွင်ကပြောသည်။
ရှေ့နေ၏ပြောဆိုချက်အရ ထိုသို့တိုင်ကြားသော လယ်သိမ်းခံရသည့်လယ်သမားများမှာ ဝါရာ ဇွပ်၊ နန်းဆိုင်၊ ဘန်ကော့၊ အွန်ဂရာ နှင့် ဂျာသူဇွပ် ကျေးရွာများမှဖြစ်ပြီး စုစုပေါင်းလယ်မြေဧက ၃၉၆၅ အနက် ၁ဝ၃၈.၄၇ ဧက အသိမ်းခံခဲ့ရသည်ဟု ဆိုသည်။

လယ်သမားများမှာ သူတို့၏ စားဝတ်နေရေးဘဝများ ပျက်စီးသွားခဲ့ရုံသာမက နေအိမ်များမှလည်း မောင်းထုတ်ခံခဲ့ကြရသည် ဟုဆိုသည်။ အချို့ကိုအနီးရှိ စံပြ ကျေးရွာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး အများစုမှာ ဒုက္ခရောက် နေကြဆဲရှိသည်။

`ဒီကုမ္ပဏီက ကျနော်တို့လိမ္မော်ခြံတွေ၊ လ္ဘက်ခင်းတွေ၊ လယ်မြေတွေ၊ ဝါးရုံတွေ အားလုံးကို ဖျက်ဆီးပစ်လိုက်တာ၊ ပြီးတော့ကျနော်တို့မြေတွေကိုလဲ သိမ်းလိုက်တယ်။ ကျနော်တို့မြေနေရာမှာ အတင်းအကျပ် စက်ရုံတွေလာဆောက်တယ်။ ကျနော်တို့မှာမြေမရှိတော့ဘူး´ ဟု လယ်သမားတဦးက ပြောသည်။

သီးခြားအဖြစ်အပျက်တရပ်တွင် ကျေးရွာခြောက်ရွာမှ မိသားစု ၁၆၃ ဦးသည် ဖေဖော်ဝါရီလ အတွင်းက စိုက်ပျိုး၍မကောင်းသည့်မြေများသို့ အတင်းအကျပ် ရွှေ့ပြောင်းခြင်းခံခဲ့ကြရပြီး အခြားလယ်သမားများမှာ ပေးအပ်သောလျော်ကြေးငွေများကို လက်ခံရယူခဲ့ကြသည်ဟု KDNG သတင်းတွင်ရေးသားထားသည်။

မည်သို့ပင်ဆိုစေ၊ သတင်းများအဆိုအရ၊ အဆိုပါလျော်ကြေးငွေများကို လယ်သမားများက လိုလိုလားလားလက်ခံခဲ့ကြခြင်းမဟုတ်ဟု ဆိုသည်။ ဒေသခံရဲများက ရွာသားများကို တားဆီး နှောက်ယှက်မှုများပြုလုပ်ကာ လျော်ကြေးငွေများကို အတင်းအကျပ်လက်ခံခိုင်းခဲ့ခြင်းဖြစ်သည် ဟု လျော်ကြေးလက်ခံခဲ့ရသူ လယ်သမားတဦးကပြောသည်။
freetigerandcorrectfarmer1
`အစိုးရအရာရှိတွေက ညဥ့်နက်မှရောက်လာကြပြီး မေးစရာရှိတယ်လို့ပြောပြီး လယ်သမားတွေကိုခေါ်သွား၊ အတင်းအကျပ်သူတို့ကို ထိန်းသိမ်းထားကြတယ်´ ဟု သူမကပြောသည်။ စစ်အစိုးရကိုကြောက်၍ ရဲတပ်ဖွဲ့ဝင်များခေါ်ရာ လိုက်ပါသွားခဲ့ရသည်ဟု လည်း သူမကဆက်လက် ပြောဆိုသည်။

`သူတို့ပေးတဲ့ငွေယူမှဘဲ ကျမတို့ဘဝကလုံခြုံမှာလေ။ ယူဖို့ငြင်းတဲ့သူတွေကျ စိုးရိမ်ထိတ်လန့် ပြီးနေရတာပေါ့။ အိမ်မှာလဲကောင်းကောင်းနေလို့ အိပ်လို့မရဘူး။ ဟိုမှာဒီမှာ ပုန်းအိပ်နေရတာပေါ့´ ဟု သူမကပြောသည်။

စစ်အစိုးရက ယုဇနကုမ္ပဏီကို စိတ်တိုင်းကျ လုပ်ခွင့်ပေးထားခြင်းနှင့်ပတ်သက်၍ ကချင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ဖြစ်သော (KEO) က ယင်းတို့၏အမြင်ကို ယခုကဲ့သို့ပြောသည်။

`စစ်အစိုးရရဲ့စီမံကိန်းက နောက် ၁ဝ နှစ်အတွင်း ကချင်ပြည်နယ်က သဘာဝသယံဇာတ အားလုံးကို သူတို့ထိန်းချုပ်မှုအောက် အကုန်ရောက်စေဖို့ရည်ရွယ်ထားတာ´ ဟု ကေအီးအိုဒါရိုက်တာ ယောန ကပြောသည်။

ယခုနှစ်တွင် လယ်သမား ၂၆ဝ သည် ရန်ကုန်ရှိ ကုလသမဂ္ဂအလုပ်သမားအဖွဲ့ရုံးဖြစ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရုံး (ILO) သို့ လယ်မြေသိမ်းခံရသည့်ကိစ္စများအတွက် ကြားဝင်ဆောင်ရွက်ပေးပါရန် စာရေးတိုင်ကြားခဲ့ကြသည်။

`တိုင်ကြားချက်တွေကို မတ်လက အိုင်အယ်လ်အိုက လက်ခံခဲ့ပါတယ်။ နောက်ထပ်ရွာအများ အပြားက အလားတူ တိုင်စာတွေထပ်မံရရှိခဲ့ပါတယ်´ ဟု ရန်ကုန်ရှိ အိုင်အယ်လ်အိုရုံး ဆက်သွယ်ရေးအရာရှိ စတိဗ်မာရှယ် (Steve Marshall) ကပြောသည်။

`အဓိကပြဿနာက လယ်သိမ်းခံရတာဘဲ။ ဒါပေမဲ့တချို့နေရာတွေမှာ လယ်သိမ်းခံရတာနဲ့အတူ အဓမ္မ လုပ်အားပေးခိုင်းစေတာတွေလဲရှိတယ်´ ဟု သူကဆက်လက်ပြောဆိုသည်။

စစ်အစိုးရနှင့်အဆက်အသွယ်ရှိသဖြင့် အမေရိကန်နှင့်ဥရောပသမဂ္ဂတို့၏ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းသွင်းထားခြင်းခံရသော ဦးဌေးမြင့်သည် နိုဝင်ဘာ ၇ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ တနင်္သာရီတိုင်း အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်အရွေးခံမည်ဟု ကြေညာထားသည်။ ယင်းဒေသတွင်သူပိုင် ဆီအုန်းစိုက်ခင်း အမြောက်အမြားရှိသည်ဟု KDNG သတင်းတွင် ရေးသားထားသည်။

ဦးဌေးမြင့်သည် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ဥက္ကဋ္ဌ၊ ငါးဖမ်းစက်လှေ ပိုင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ စသည့်ရာထူးများကိုလည်း ရယူထားသူဖြစ်ကာ ဟိုတယ်နှင့် အိမ်ခြံမြေလုပ်ငန်း ကဲ့သို့သော အခြားစီးပွားရေးလုပ်ငန်း အများအပြားကို ပိုင်ဆိုင်သူ ဖြစ်သည်။

ဟူးကောင်းတောင်ကြားသည် ကချင်ပြည်နယ်အနောက်ဘက် အိန္ဒိယနယ်စပ်တွင်တည်ရှိကာ ကူမုံတောင်တန်း အရှေ့နှင့် ပတ်ကွိုင်တောင်တန်း အနောက်ဘက်အကြားတွင် တည်ရှိသည်။ ချင်းတွင်းမြစ်နှင့် ဗြဟ္မပုတ္တရမြစ်တို့၏ ရေဝေကုန်းတန်းလည်းဖြစ်သည်။

ယခင်လကထုတ်ပြန်ခဲ့သော WCS အစီရင်ခံစာအရ ဥပဒေမဲ့အမဲလိုက်မှုများကြောင့် ဤဒေသတွင် ကျားကောင်ရေမှာ ၅ဝ ခန့်အထိလျော့ကျသွားခဲ့သည် ဟုဆိုသည်။

ဤသတင်းနှင့်ပတ်သက်၍ သဘောထားမှတ်ချက်တောင်းခံရန် နယူးရောက်အခြေစိုက် WCS နှင့် ရန်ကုန်ရှိ ယုဇနကုမ္ပဏီ နှစ်ခုစလုံးသို့ ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍မရခဲ့ပါ။

အကျယ်အဝန်း ၈၄၅၂ စတုရန်းမိုင်ရှိ ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ခေါ် စစ်အစိုးရက အမေရိကန်အခြေစိုက် ကမ္ဘာ့သားရိုင်း တရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WCS) အထောက်အပံ့ဖြင့် ၂ဝဝ၁ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1584 guests and 1 member online