သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကလေးစစ်သားတွေပါသွားသော နယ်ခြားစောင့်တပ်

ကလေးစစ်သားတွေပါသွားသော နယ်ခြားစောင့်တပ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။    ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်မှ အသွင်ပြောင်းသွားသော နယ်ခြားစောင့်တပ်များတွင် ကလေးစစ်သားများ ပါသွားကြောင်း လုပ်ဖော်ကိုင်ဖက်များက ပြောကြသည်။

“သူတို့က အရင်ကျနော်တို့ ဒီကေဘီအေ ကတည်းက တပ်သားတွေပဲ။ အခုကျနော်တို့နဲ့အတူတူ နယ်ခြားစောင့်တပ် ပြောင်းတော့လဲ သူတို့ပါတယ်လေ” ဟု ဗဟိုဌာနချုပ် ရုံးထိုင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောသည်။
childSoldier1
” ကျနော်သိသလောက်ကို အယောက် ၃ဝ-၄ဝ ကျော် လောက်ရှိလိမ့်မယ်။ ဒါတောင် ၉၉၉ နဲ့ ကလို့ထူးဘော ဗျူဟာ တပ်တွေကပဲ၊ တခြားတပ်တွေမပါသေးဘူး” ဟု သူကထပ်ပြောသည်။

အင်အား ၇,ဝဝဝ ကျော်ရှိကြောင်း ကြေညာထားသည့် ဒီကေဘီအေတွင် တပ်မှနှုတ်ထွက်သူနှင့် ကရင်အမျိုးသား အစည်းအရုံးနှင့် ပူးပေါင်းသွားသူများ မရှိသည့်နောက် နယ်ခြားစောင့်တပ် မပြောင်းလဲသူ အင်အား တထောင်ခန့်သာ ကျန်တော့သည်ဟု ယုံကြည်ရသည်။

“အခုဟာက လူငယ်တွေကိုအားပေးတယ်။ ဦးစားလဲပေးတဲ့သဘောနဲ့ပေါ့လေ။ တချို့ဆိုရင် ၁၆ နှစ်သာပြောတာ အကောင်ထွားတော့ ၂ဝ ကျော်အတိုင်းပဲ။ ဝင်ချင်လို့ဝင်တာရှိသလို တာဝန်ပေးလို့ ဝင်တာတွေလဲ ရှိတာပေါ့” ဟု ယခင် ၉၉၉ လက်အောက်ခံ တပ်ရင်း ၇ မှ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးက ပြောသည်။

မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့တွင် ကလေးစစ်သားအသုံးပြုမှုနှုန်း ၆,ဝဝဝ ခန့်ရှိပြီး ဒီကေဘီအေ သည် အထင်ရှားဆုံး အသုံးပြုသည့် တိုင်းရင်းသားတပ်တွင်ပါဝင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြောသည်။

“ဒီကေဘီအေက အခုဆိုလို့ရှိရင် နအဖရဲ့ လက်အောက်ခံ သဘောမျိုးဖြစ်လာပြီဆိုတော့ နအဖ အနေနဲ့ ကိုင်တွယ်ဖြေ ရှင်းရမယ့် အနေအထားမျိုးရောက်သွားပြီ။ တကယ်တမ်း ကလေးစစ်သားပပျောက်အောင် လုပ်ဆောင်နေတဲ့စစ်တပ် ဆိုရင်တော့ ဒါကို ဘယ်လိုမှလက်ခံလို့မရဘူး”ဟု ဦးအောင်မျိုးမင်းက ပြောသည်။
childSoldier
“နအဖ အနေနဲ့ နယ်ခြားစောင့်တပ်ပြောင်းလာတဲ့အခါမှာ ကလေးစစ်သားတွေပါတဲ့ဟာကို သူတို့အနေနဲ့ မပါအောင် ပထမဆုံးလုပ်ရမယ်။ အဲလိုမျိုးဖြစ်နေတဲ့ကလေးတွေကို နေရင်းရပ်ရွာကို ပြန်ပို့ပေးရမယ်”ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးများဆိုင်ရာ အခွင့်အရေးစာချုပ် CRC ကို ၁၉၉၂ တွင် လက်မှတ် ထိုးထားပြီး ဖြစ်သဖြင့် မြန်မာစစ်တပ်အတွင်း ကလေးစစ်သားအသုံးပြုမှုတွေ့ရှိပါက စစ်မှုထမ်းဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲနိုင်ကြောင်း ဦးအောင်မျိုးမင်းကပြောသည်။

ကလေးစစ်သား အသုံးမပြုရေးနှင့် ပတ်သက်ပြီး မြန်မာ စစ်အစိုးရက ကုလသမဂ္ဂနှင့် ပူးပေါင်းပြီး၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်က အရွယ်မရောက်သေးသူ ကလေးငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

သို့သော် ထိုအဖွဲ့မှာ ဟန်ပြသာဖြစ်ပြီး ကလေးစစ်သားစုဆောင်းမှုလုပ်နေသေးကြောင်း ဝေဖန်သူများက ပြောကြသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1647 guests and 1 member online