သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဗိုလ်နှုတ်ခမ်းမွှေးမှာ အင်အား တထောင်ရှိပါသည်

ဗိုလ်နှုတ်ခမ်းမွှေးမှာ အင်အား တထောင်ရှိပါသည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။    ။ နယ်ခြားစောင့်တပ် မပြောင်းဘဲ တင်းခံနေသော ဗိုလ်နှုတ်ခမ်းမွှေး ဦးစီးသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်တွင် အင်အား  တထောင်ခန့် ကျန်သေးကြောင်း ဒီကေဘီအေ အရာရှိများက ပြောသည်။

ဗိုလ်နှုတ်ခမ်းမွှေး လက်အောက်ရှိ ကော့ကရိတ် အခြေစိုက်တပ်များဖြစ်သော ဗိုလ်မှူးဉာဏ်မင်း ဦးစီးသော ၉ဝ၆ တပ်ရင်း၊ ဗိုလ်မှူးကျော်ကျော်၏ အမှတ် ၉ဝ၅ တပ်ရင်း၊ ဗိုလ်မှူးကျော်သက်၏ အမှတ် ၉ဝ၄ တပ်ရင်းနှင့် ဗိုလ်မှူးချင်းလုံ၏ ဗျူဟာတပ်ခွဲ ၁ နှင့် ၂ တို့က  နေပြည်တော်၏ ဒီကေဘီအေတပ်များ နယ်ခြားစောင့် အသွင်ပြောင်းရေးကို လက်မခံသေးဘဲရှိနေသည်။
dkba-notkhanmway
ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးကြီးစောလားပွယ်လက်အောက်တွင် တပ်ရင်း ၄ ခုရှိခဲ့ရာက ဗိုလ်မုတ်သုံနှင့် ဗိုလ်စောဘီလူးတို့ဦးစီးသောတပ်ရင်းများမှ အင်အား ၃ဝဝ  နယ်ခြားစောင့်တပ်အဖြစ် သြဂုတ် ၂၁ ရက်က ပြောင်းသွားပြီးဖြစ်သည်။

“ဒီတပ်ရင်းတွေမှာ ခေါင်းဆောင်ဖြစ်နေတဲ့ တပ်ရင်းမှူးတွေက ဘားအံ-ကော့ကရိတ်-မြဝတီတို့မှာ လုပ်ငန်းတွေရှိတော့ မဝင်လို့မဖြစ်တော့ ဝင်ကြတာပေါ့လေ။ တကယ်တိုက်ရည်ခိုက်ရည်ရှိတဲ့ ဒုတပ်ရင်းမှူး အရာရှိတွေကတော့ လိုက်မသွားပါ ဘူး။ ကျနော်တို့နဲ့ လာပေါင်းနေပါတယ်”ဟု ဗိုလ်မှူးချင်းလုံက မဇ္ဈိမကိုပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ကွင်းကလေးနှင့် ပိုင်ကျုံမြို့နယ် ဖာသိမ်ကျေးရွာတို့တွင် နယ်ခြားစောင့်တပ် ပြောင်းသော အခမ်းအနားများ တပြိုင်နက်ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ ဒီကေဘီအေမှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်သန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။

ယခုလ ၁၈ ရက်ကလည်း ဒီကေဘီအေ ဥက္ကဋ္ဌ စောသာထူးကျော်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်မှူးကြီး စောချစ်သူတို့ လက်အောက်ခံတပ်ရင်းများ မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲလိုက်ကြပြီး ဖြစ်သည်။

“ကျနော်ကတော့ လစာတသိန်းကျော်ရတယ်။ ရာထူးဘယ်အဆင့်ထိလျော့တယ်ဆိုတာတော့ မပြောတော့ဘူး။ ကျနော်တို့က ကရင်တွေပါ။ တံဆိပ်သာပြောင်းသွားတာ နှလုံးသားကတော့ ကရင်ပါပဲ။ နယ်ခြားစောင့်တပ်ဖြစ်သွားတဲ့ အတွက် လှုပ်ရှားမှုတွေက အရင်ပုံစံမျိုးဖြစ်တော့မှာ မဟုတ်ဘူး”  ဒီကေဘီအေမှ နယ်ခြားစောင့်တပ်ပြောင်းသွားခဲ့သည့် စောထွန်းမြင့်က မဇ္ဈိမကို ပြောသည်။

ဒီကေဘီအေဟောင်းများ ယခုနှစ်ရွေးကောက်ပွဲ တွင်ဝင်ရောက်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တပ်မှူးအဆင့်ပင် မသိဘဲ ဖြစ်နေကြသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1587 guests and 1 member online