သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > သိန်း ၁ဝဝ ထုတ်ချေးပြီး မဲဆွယ်တဲ့ ဘဏ္ဍာရေးဝန်ကြီးကို ထူးက စပွန်ဆာပေး

သိန်း ၁ဝဝ ထုတ်ချေးပြီး မဲဆွယ်တဲ့ ဘဏ္ဍာရေးဝန်ကြီးကို ထူးက စပွန်ဆာပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ)။     ။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက  ရွေးကောက်ပွဲဝင်မည့်  သူ့ဇာတိ ကျောက်ပန်းတောင်းမြို့နယ်တွင် အတိုးနှုန်းနည်းနည်းဖြင့် ငွေချေးမဲဆွယ်နေသည်ဟု ဒေသခံများက ပြောသည်။

ယခုလ ၁၈ ရက်မှစ၍ ၄ ရက်ကြာ စည်းရုံးရေးခရီးစဉ်တွင် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများကို ဦးလှထွန်းက  ၂ ကျပ်တိုးနှုန်းဖြင့် ပါတီစည်းရုံးရေးမှူး၂ဝ ကို ၅ သိန်းစီ ချေးငွေ ထုတ်ပေးသည်။

ယခုလ ၂၁ ရက်က ကျောက်ပန်းတောင်းမြို့ မိမြို့ ဖများကို  ဧည့်ခံသည့် ပုပ္ပားတောင် ဂေါက်ကလပ် ဂေါက်ရိုက်ပြိုင်ပွဲ စရိတ်နှင့်တကွ ဦးလှထွန်း စည်းရုံးရေး ခရီးစဉ်များတွင် ထူးကုမ္ပဏီက အကုန်အကျခံသည်ဟုလည်း သိရသည်။
usda
”သူက ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ဝင်ပါ၊ နောက်ပိုက်ဆံချေးပေးမယ်။ ကျနော်တို့ လုပ်နေတာက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ လိုချင်တဲ့အတွက် ရွေးကောက်ပွဲ ကျင်းပတယ်။ အဲဒီအတွက် မဲထည့်ပေးကြပါလို့ ပြောတယ်” ဟု ကျောက်ပန်းတောင်းမြို့ခံ တဦးက ပြောသည်။

အလားတူ ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ကျောင်းဆရာ၊ ဆရာမများကိုလည်း တဦးလျှင် အနည်းဆုံး ကျပ် ၅ သောင်းစီ ထုတ်ချေးခဲ့သည်ဟု အခြားဒေသခံ တဦးက မဇ္စျိမကို ပြန်ပြောပြသည်။

ထို့ပြင် ဆင်တပ်ကျင်း၊  အင်တောနှင့် အင်တိုင်းကျေးရွာအုပ်စုမှ ရွာ ၉ ရွာ ကိုလည်း မတက်မနေရဟုဆိုကာ ရွာသားတဦးလျှင် ကျပ် ၂ သောင်းမှ ၃ သောင်းအထိ ၂ ကျပ်တိုးနှုန်းဖြင့် ချေးသည့်အပြင် အင်္ကျီအဝတ်အစား၊ စာအုပ်၊ ခဲတံ၊ ဘောလ်ပင် စသည်များ ဝေမျှပြီး စည်းရုံးသေးသည်။

ဝန်ကြီးနှင့်အတူ ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဦးချစ်ခင် ပါဝင် မဲဆွယ်နေသဖြင့် အစိုးရပိုင်ငွေများ ထုတ်ချေးပေးသကဲ့သို့ ဖြစ်နေသောကြောင့် ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်သလို ဖြစ်နေကြောင်း မြို့ခံ တဦးက ဝေဖန်သုံးသပ်သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အဓိကအားဖြင့် ကြံ့ဖွံ့ပါတီအပြင်  တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ(တစည) တခုတည်းသာ စည်းရုံးဆင်းသေးကြောင်း သိရသည်။ အလားတူ တံခါးမကျေးရွာတွင် ကြံ့ဖွံ့က အဝီစိ ရေတွင်းတတွင်း တူးပေးခြင်း ယခုလ စည်းရုံးရေး ခရီးစဉ်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

၁၉၉၃ က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာယကအဖြစ် တည်ထောင်ခဲ့သော လူမှုရေးကြံ့ဖွံ့အသင်းမှ ဇူလိုင်လ ၆ ရက်နေ့တွင် နိုင်ငံရေးပါတီ ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲပြီးနောက် ဝန်ကြီးချုပ် အပါအဝင် လက်ရှိရာထူး ရယူထားသော စစ်ဗိုလ်ချုပ်အချို့ တပ်မှ နုတ်ထွက်၍ ရွေးကောက်ပွဲတွင် အရွေးခံရန် ပြင်နေကြသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1583 guests and 1 member online