သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > စည်းကမ်းပျက်နေပြည်တော်

စည်းကမ်းပျက်နေပြည်တော်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။     ။ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် လမ်းညွှန်ဆိုင်းဘုတ်များနှင့် မီးလုံးများကို ဖျက်ဆီးနေသူများ ရှိနေသည် ဟု နေပြည်တော် ရဲများက ပြောသည်။

မြို့တွင်း မြို့ပြင်ထွက်လမ်းများရှိ လမ်းညွှန်ဆိုင်းဘုတ်များ၊ အချက်ပြမီးများ၊ လမ်းဘေးမီးလုံးများကို ဖြုတ်ချခြင်း၊ ရိုက်ခွဲ ဖျက်ဆီးခြင်းများ ယခုလဆန်းမှ စတင်ဖြစ်ပွားနေပြီး တရားခံများကို လိုက်လံ စုံစမ်းနေသည်ဟု နေပြည်တော် အမှတ် (၁) ရဲစခန်းမှ ရဲအရာရှိ တဦးက ပြောသည်။
stresssss
“အရင် ရက်ပိုင်းကတော့ နေပြည်တော် အဝိုင်းကြီးက မီးလုံးတွေကို တက်ပြီး ရိုက်ခွဲသွားတယ်။ အခု ကားမှတ်တိုင် လမ်းညွှန်တွေကို ခွာပစ်တာတို့၊ တွန်းလှဲထားတာတွေရှိနေတယ်။ ဒီလိုလုပ်တဲ့ လူတွေကို ကျနော်တို့ စောင့်ကြည့်နေပါတယ်” ဟု အဆိုပါရဲအရာရှိက မဇ္ဈိမကို ပြောသည်။

မိမိတို့၏ နယ်မြေပိုင်အတွင်းမှာ အလားတူ ဖြစ်ပျက်မှုများရှိနေသော်လည်း စည်ပင်မှ တင်ပြလာမှုကို စောင့်ဆိုင်းနေကြောင်း နေပြည်တော် အခြေစိုက် အမှတ် (၃) ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တဦးက ပြောသည်။

ယခုနှစ် မေလပိုင်းမှစ၍ ဇူလိုင်လထိ ယာဉ်စီးကမ်းထိန်းသိမ်းရေး ဌာနက နေပြည်တော်အတွင်း စည်းကမ်း ဖောက်ဖျက်ပြီး မောင်းနှင် သွားလာနေကြသော ကား၊ ဆိုင်ကယ်နှင့် ၃ ဘီးဆိုင်ကယ်များအား ဖမ်းဆီး ဒဏ်တပ်မှုများ ပြုလုပ်ခဲ့သည်ဟုသိရသည်။

“ဒီလိုလမ်းထိပ်တွေ ပွိုင့်ဇုန်တွေမှာ ဖျက်ဆီးတဲ့ ကိစ္စတွေကတော့ အဲဒီ ယာဉ်စည်းကမ်း ဒဏ်တပ်မှုတွေ နောက်ပိုင်းမှာ ဖြစ်လာတာတွေပါ။ တချို့ အမူးသမားတွေက မထီမဲ့မြင်လုပ်ပြီး ဖျက်ဆီးတာတွေလဲရှိတယ်” ဟု အဆိုပါ အမှတ် (၃) ရဲအရာရှိက မဇ္ဈိမကိုပြောသည်။

ယခုနှစ် မတ်လကလည်း နေပြည်တော်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ သမဝါယမဝန်ကြီးဌာန အိမ်တွင်းစက်မှု လက်မှုဦးစီး ဌာန ဝန်ထမ်းများနေထိုင်သည့် တိုက်အမှတ် ၇၄၈ အခန်းအမှတ် ၃၂၊ ၃၃၊ ၃၄ တို့်မှ ရုံးဝန်ထမ်းများ ရုံးသွားတက်ချိန် နေ့လယ်ပိုင်းတွင် ဖောက်ထွင်းခိုးယူမှုဖြစ်ပွားခဲ့သေးသည်။
ထိုအမှုကိုလည်း ယခုထိ တရားခံ ဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1563 guests and 1 member online