သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကြွက်ကျ ချင်းရွာ ၁၂ဝ ခန့် အကူအညီ မရ

ကြွက်ကျ ချင်းရွာ ၁၂ဝ ခန့် အကူအညီ မရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ချင်းပြည်နယ်တောင်ပိုင်း ကြွက်များသောင်းကျန်းရာ ၄ မြို့နယ်ရှိ ကျေးရွာ ၁၂ဝ ခန့်တွင် စားနပ်ရိက္ခာ ရှားပါးနေသော်လည်း ဒေသအာဏာပိုင်များက အကူအညီပေးခြင်း မရှိကြောင်း ဒေသတွင်းရှိ နိုင်ငံရေးပါတီများနှင့် အစိုးရမဟုတ်သော အဖွဲ့များက ပြောဆိုလိုက်ကြသည်။

မင်းတပ်၊ ပလက်ဝ၊ မတူပီနှင့် ကန်ပက်လက် မြို့နယ်များရှိ ကျေးရွာ ၁၂ဝ ခန့်တွင် ပြီးခဲ့သည့် လလယ်ခန့်မှ စတင်၍ ကြွက်အုပ်များ ရောက်လာသဖြင့် စိုက်ပျိုးထားသည့် ဆန်၊ ပြောင်းဖူးနှင့် ပဲမျိုးစုံကို ကြွက်များက ဖျက်ဆီးပြီးနောက်  အစာရေစာ ရှားပါးမှု ကြုံတွေ့နေသော်လည်း အာဏာပိုင်များ၏ အကူအညီမရရှိကြောင်း ပြောဆိုခြင်း ဖြစ်သည်။
mouse1
“အုပ်လိုက် ဝင်လာတာ။  တဧကဆို ခဏနဲ့ ပျက်စီးတယ်။ အဲဒိမှာ စားစရာမရှိတော့ ရွာထဲ ဝင်လာတယ်။ စပါးကျီထဲက ဆန်တွေလည်း စားတယ်။ အာဏာပိုင်ဘက်က သိတယ်၊ အသိလည်း ပေးတယ်၊ ဘာမှ အခုချိန်ထိ မလုပ်ပေးဘူး” ဟု ချင်းတိုးတက်ရေးပါတီ တွဲဖက် အထွေအထွေ အတွင်းရေးမှူး (၂)  ဦးစိန်ထွန်းက မဇ္ဈိမကို ပြောသည်။

ကြွက်ဘေးသင့် ပြည်သူများကို ကူညီစောင့်ရှောက်ရန် ၄ မြို့နယ်ရှိ ခရစ်ယာန် တရားဟော ဆရာများနှင့် မြို့မိမြို့ဖ ၁၅ ဦးဖြင့် ဖွဲ့ထားသည့် အရေးပေါ် ကော်မတီကိုလည်း အာဏာပိုင်များက မကူညီကြောင်း ပြောဆိုသည်။

“အပင်တွေက အသီးတောင် မသီးသေးဘူး။ ပြောင်းဖူးတွေဆို အဖူးတွေ အကုန်ကိုက်စားတယ်။ မြက်ပင်ပါ ကိုက်စားတာ။ ဇူလိုင်လလယ်လောက်က စဖြစ်တော့ ပျက်စီးတာ များနေပြီ။ ဆပ်နီ၊ ဆပ်ဝါတွေရော၊ ပဲ အပင်ပေါက်တွေရော။ ပြောင်းဖူးတော့ ကုန်သလောက်ပဲ။ ခယက၊ မယကကို ဇူလိုင်လလယ်လောက်က အသိပေးပြီးသားပါ။ အခုချိန်ထိ ဘာမှ မလုပ်ပေးဘူး၊ လူတွေ သေမှ လုပ်ပေးမယ် ထင်တယ်” ဟု  အရေးပေါ်အဖွဲ့ဝင် ဦးသန်ဘူး (Thang Bu) က ပြောသည်။

ယခုလဆန်းပိုင်းက စစ်အစိုးရ သာသနာရေးဝန်ကြီး သူရအောင်ကိုနှင့် ချင်းပြည်နယ် ပယက ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ဟုန်ငိုင်းတို့ မင်းတပ်မြို့ ခရိုင်ရုံးတွင် ဒေသအာဏာပိုင်များနှင့် တွေ့ဆုံစဉ် ကြွက်များသည် ဘိုးဘွားစဉ်ဆက်က ရှိနေသဖြင့် အထူးအဆန်း မဟုတ်ကြောင်းသာ ပြောဆိုသွားခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့နယ်ရှိ ရွာပေါင်း ၅ဝ၊ ပလက်ဝနှင့် မတူပီမှ ၃ဝ စီနှင့် ကန်ပက်လက် ၁ဝ ရွာတွင် လူဦးရေ ၄,ဝဝဝ ကျော် နေထိုင်ပြီး ပြောင်းဖူး၊ ဆန်၊ ဆပ်ဝါ၊ ဆပ်နီ၊ ပဲမျိုးစုံ၊ နှမ်းတို့ကို အဓိက စိုက်ပျိုးကြသည်။

အခင်းဖြစ်ရာ ကျေးရွာများအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က ဆန်အိတ် ၃ဝဝ ခန့် ထောက်ပံ့ရန် မင်းတပ် ခရိုင်နှင့် မြို့နယ် အာဏာပိုင်များထံ ပြီးခဲ့သည့် လလယ်ကတည်းက တင်ပြခဲ့ရာ ယခုလဆန်းပိုင်းတွင် ခွင့်မပြုကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

“အရေးပေါ် ကော်မတီ က WFP ကို ဆက်သွယ်တယ်။ WFP က ကူညီဖို့ အဆင်သင့်ပဲ။ အာဏာပိုင်က ခွင့်ပြုရင် ရတယ်လို့ ပြောတယ်။ ခယကနှင့် မယက ကို ဇူလိုင်လလယ်လောက်က စာနဲ့ တင်တယ်။ ခွင့်မပြုဘူးလို့ ဖုန်းနဲ့ စာနဲ့ အကြောင်းပြန်တာ” ဟု ချင်းတိုးတက်ရေးပါတီက ဦးစိန်ထွန်းက မဇ္ဈိမကို ပြောသည်။

ဆန်အိတ် ၃ဝဝ ပေးပို့မည့် ကိစ္စနှင့်ပတ်သက်၍ အသေးစိတ် သိရှိရန် မင်းတပ်မြို့ မယက ရုံးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဝန်ထမ်းတဦးက ကြွက်များ သောင်းကျန်းနေသည်ကို အတည်ပြုပြောဆိုသော်လည်း အခြားကိစ္စများကို ပြောဆိုရန် ငြင်းဆိုသည်။

အလားတူ ရန်ကုန်မြို့ရှိ WFP ရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ကျ ဝန်ထမ်းတဦးက ပြောရေးဆိုခွင့် ရှိသူများ မရှိကြောင်းသာ ပြောဆိုခဲ့သည်။
mouse
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO မှ ကွင်းဆင်းညွှန်ကြားရေးမှူး ဦးသေရ (Terah) က စားနပ်ရိက္ခာခေါင်းပါးရာဒေသတွင် သစ်တောထဲမှ မျောက်ဥနှင့် သစ်သီးဝလံများကိုသာ စားသုံးနေရကြောင်းနှင့် ပြည်ပအကူအညီ လက်မခံလိုခြင်းသည် စစ်အစိုးရ၏ ပေါ်လစီဖြစ်ကြောင်း ပြောဆိုသည်။

“WFP က ကူညီမှာကို လက်မခံတာက နအဖရဲ့ ပေါ်လစီပါ။ ပြည်ပရဲ့ သြဇာညောင်းမှုကို လုံးဝလက်မခံဘူး။ နအဖက ဘာမှ လုပ်ပေးတာ မရှိဘူး။ ပြည်ပက ထောက်ပံ့ရင် ပြည်ပကို အားကိုးမှာ စိုးရိမ်လို့ပဲ” ဟု သူက ပြောသည်။

ရွာသားများက ထောင်ချောက်နှင့် ရရာလက်နက်မျိုးစုံသုံးကာ ကြွက်နှိမ်နင်းရေး ပြုလုပ်နေကြောင်းနှင့် ဖမ်းမိသည့် ကြွက်များကို ဟင်းစားအဖြစ်လည်း အသုံးပြုနေကြောင်း သိရသည်။

“ကြွက်ရှိတဲ့ ရွာတိုင်းက လုပ်အားပေးလုပ်သလိုပဲ ကိုယ့်ဘာသာကိုယ် နှိမ်နှင်းရေး လုပ်ကြတယ်။ ကြွက်တွေကို ကြွက်ထောင်ချောက်တွေနဲ့ ဖမ်းတယ်။ ရရာလက်နက်နဲ့ အမျိုးမျိုး သတ်နေကြပါတယ်။ တချို့က စားတယ်၊ ဟင်းအတွက် မပုပ်သိုးအောင် အခြောက်လှန်းတယ်။ တချို့က မြောင်းတွေမှာ လွှင့်ပစ်တယ်၊ မြေမြှုပ်တယ်။ ကြွက်သားကို ရောင်းစားတာ မရှိဘူး” ဟု ချင်းတိုးတက်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၃) ဖြစ်သူ ပလက်ဝမြို့သား ဦးဆွမ်ထိုက် (Sun Thaih) က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ကြွက်ဝမ်းဖြူတွေ၊ တချို့ အညိုရောင်သန်းတယ်။ အိမ်ကြွက်ထက် နည်းနည်းကြီးတယ်။ လယ်ကွင်းတွေမှာရှိတဲ့ ကြွက်တွေထက် သေးတယ်။ တောထဲတောင်ထဲ အစာရှာ နေထိုင်ကြတယ်။ သစ်ပင်သစ်ခေါင်းတွေမှာလည်း နေတယ်။ ဝါးပင်တွေ အသီးသီးတော့ စားကြတယ်။ မျိုးတအားပွားတော့ တောထဲမှာ အစာမရှိတော့လို့ အစာရှာရင်း လူတွေနေတဲ့ ဘက်ကို ရောက်လာတယ်” ဟု ပြောသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1550 guests and 1 member online