စနေ, ၀၄ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရွေးကောက်ပွဲကာလ လာနီညာကြောင့် မိုးများနိုင်

ရွေးကောက်ပွဲကာလ လာနီညာကြောင့် မိုးများနိုင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကာလ နိုဝင်ဘာ ၇ ရက်နေ့သည် မိုးများခြင်း ရေကြီးခြင်း အပါအဝင် မုန်တိုင်းများ ဖြစ်ပေါ်နိုင်သော လာနီညာ အားကောင်းနိုင်သည့် ကာလ ဖြစ်နေသည်။

“သူက အေးပြီးတော့ မိုးများတဲ့ ဖြစ်စဉ်ဆိုတော့ သူသာဖြစ်လို့ရှိရင် ရွာသွန်းမိုးတွေ များမှာပေါ့ဗျာ။ ဒါပေမယ့် သူက တနှစ်လုံး မဟုတ်ဘူးလေ သူ့အကျိုးသက်ရောက်မှု ရှိတဲ့ ကာလက  နိုဝင်ဘာကနေ ဖေဖော်ဝါရီ လောက်ထိ ရှိတယ်။ ၂ဝ၁ဝ နိုဝင်ဘာက ၂ဝ၁၁ ဖေဖော်ဝါရီလပေါ့။ အဲဒါသူ့ရဲ့ အားအကောင်းဆုံးချိန်ပေါ့” ဟု လာနီညာ အားအကောင်းဆုံး ဖြစ်ပေါ်လာနိုင်မည့် အခြေအနေနှင့် ပက်သက်ပြီး မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

လက်ရှိအနေအထားတွင် လာနီညာ အနည်းငယ်ဝင်ရောက်နေပြီဖြစ်ပြီး လာမည့် ရှေ့ တစ်လ နှစ်လအတွင်း  အကျိုးသက်ရောက်မှု ပိုရှိလာပါက လာမည့် မိုးနှောင်း မိုးလွန်ကာများတွင် ပို၍ အကျိုးသက်ရောက်မှု ရှိလာမည်ဟု ဦးထွန်းလွင်က ဆိုသည်။

ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်သော The Voice Weekly နှင့် အင်တာဗျူးတွင် မြန်မာနိုင်ငံ၏ အဓိကမြစ်များဖြစ်သော ဧရာဝတီ၊ ချင်းတွင်း အပါအဝင် မြစ်ကြီးများတွင် ရုတ်တရက် ရေကြီးနိုင်မှုများကို သတိထားရမည်ဖြစ်ပြီး ဒုတိယ မုန်တိုင်းရာသီဖြစ်သော မိုးလွန် အောက်တိုဘာလနှင့် ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလတို့တွင် သတိပြုရလိမ့်မည်ဟု ဦးထွန်းလွင်က ဆိုထားသည်။

မိုးများခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်းများ ဝင်ရောက်ခြင်းများ ဖြစ်စေနိုင်သော လာနီညာ ဖြစ်စဉ်သည် အအေးဓာတ် လွန်ကဲခြင်းဖြစ်ပြီး အယ်လ်နီညို သည် လာနီညာ နှင့် ဆန့်ကျင်ဘက် အပူလွန်ကဲခြင်းကို ဖြစ်စေသည် ဟု သူကပြောသည်။

မြန်မာနိုင်ငံတွင် ယခုနှစ် နွေရာသီက အယ်လ်နီညိုကြောင့် အပူလွန်ကဲမှုများဖြစ်ပေါ်ခဲ့ပြီး သမိုင်းတလျှောက် အမြင့်ဆုံး အပူချိန်များဖြစ်ခဲ့သည်။

စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲပြုလုပ်ရန် ၂ဝဝ၈ ခုနှစ် မေလ ၁ဝ ရက်နေ့ကို ရက်သတ်မှတ် ကြေညာခဲ့ပြီး ၁ဝ ရက်နေ့မတိုင်မီ ၈ ရက်အလိုတွင် လူပေါင်း တစ်သိန်းလေးသောင်းခန့် သေဆုံးပြီး နှစ်သန်းခွဲခန့် အိုးအိမ်မဲ့စေခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြီး တိုက်ခတ်ခဲ့သည်။


 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1145 guests online