ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > KIO ရှေ့ရေး ဆွေးနွေးမည်

KIO ရှေ့ရေး ဆွေးနွေးမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ)။      ။ ရွေးကောက်ပွဲကျင်းပမည့်ရက်ထွက်လာပြီးနောက် ကချင်လွတ်မြောက်ရေးအဖွဲ့၏ ရှေ့ရေးနှင့်ပတ်သက်၍ အဖွဲ့တွင်းဆွေးနွေးမှုကို မနက်ဖြန် ပြုလုပ်မှာဖြစ်ကြောင်း  ကချင်ခေါင်းဆောင်များက ပြောသည်။

တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ KIO ဌာနချုပ်ရှိ ၂ ရက်ကြာအစည်းအဝေးတွင် ကေအိုင်အိုအဖွဲ့ လက်အောက်ခံဌာနများမှ ဦးဆောင်သူများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ကချင်ယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များ၏ သဘောထား အမြင်များ ဆွေးနွေးကြမှာဖြစ်ပြီး အနည်းဆုံး လူ ၄ဝ တက်ရောက်ဖွယ်ရှိသည်။

“ကျနော်တို့ ရှေ့ဆက်သွားရမယ့် လမ်းကြောင်းပေါ်မှာ သူတို့အမြင်တွေ တင်ပြဖို့ဘဲ။ အသွင်ကူး ပြောင်းရေးနဲ့ ပတ်သက်လို့ပေါ့နော်။ ၂ရက် ၃ ရက်လောက် ကြာမယ်ထင်တယ်။ မနက်ဖြန် မနက် ၈ နာရီလောက်မှာ စမယ်”ဟု ကေအိုင်အို၏ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။
9999
စစ်အစိုးရက KIO ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ ရွေးကောက်ပွဲမတိုင်မီ အဖြေပေးရန် ဇူလိုင်လ ၁၂ ရက်နေ့က အမှတ် ၁ စက်မှုဝန်ကြီးဦးအောင်သောင်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်တို့မှတဆင့် သတိပေးထားသည်။

လက်နက်ကိုင် အင်အား ၈ ထောင်ခန့်ရှိသော KIO ကမူ စစ်အစိုးရထံ ပြည်ထောင်စု တပ်မတော်တွင် ကချင်တပ်ရင်းများ အဖြစ်သာ ပါဝင်လိုကြောင်း နောက်ဆုံး ဆွဲကိုင်ထားသည်။

“ကျနော်တို့ ကချင်ပြည်သူလူထုရဲ့ ရှေ့လက္ခဏာ ဘယ်လိုသွားမလဲဆိုတာနဲ့ ပတ်သက်လို့ အမြင်တွေ ဖလှယ်ကြဖို့ဘဲ။ ပင်လုံစာချုပ်မှာ ပြောထားတဲ့ အတိုင်းဆိုရင် အသွင်ကူးပြောင်းတာပဲ။ အသွင်ကူးပြောင်းရေး ဆိုတာက ကချင်ရဲ့ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့် အာဏာပေါ့၊ အဲဒါရရင်တော့ အသွင်ကူးပြောင်းမယ်”ဟု အမည်မဖော်လိုသူ ကေအိုင်အိုအရာရှိ တဦးက ပြောသည်။

KIO အဖွဲ့က ပြီးခဲ့သည့် မေလမှစတင်၍ ကေအိုင်အို၏ အောက်ခြေအဆင့် ဝန်ထမ်းများနှင့် ပြည်သူကို အသွင်ပြောင်းရေးနှင့် ပတ်သက်၍ သဘောထားများတောင်းဆိုထားပြီး ဖြစ်သည်။

တိုင်းရင်းသား ငြိမ်းအဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခင်နှစ် ဧပြီလ ၂၈ ရက်မှစတင်ခဲ့ရာ ယနေ့ထိ KIO အပါအဝင် မွန်ပြည်သစ်ပါတီ၊ ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်(SSA-N) စသည့် အဖွဲ့အစည်းများက  လက်မခံဘဲ ငြင်းဆန်နေဆဲဖြစ်သည်။


 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1752 guests online