သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို

စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်ရှိ သဲဒါဒါးရွာကို စစ်အစိုးရတပ်များက မီးရှို့သဖြင့် နီးစပ်ရာ တောထဲသို့ ထွက်ပြေးပုန်းအောင်းနေသော ကရင်စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော်သည် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေသည်ဟု  ကရင်အမျိုးသား အစည်းအရုံး KNU က ပြောသည်။

ခြေမြန်တပ်ရင်း ၃၇ဝ နှင့် ၃၆၁ က ယခုလ ၂၃ ရက်နေ့တွင် မော်တာအလုံး ၄ဝ ခန့်ပါ အသုံးပြု တိုက်ခိုက်သလို ဘုရားကျောင်း၊ အလယ်တန်းကျောင်းနှင့် လူနေအိမ်ခြေ ၅ဝ ကျော်ကို ဖျက်ဆီးသွားသည်ဟု စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသော KNU က ဆိုသည်။
CIDKP-2
’’ကျနော်တို့နဲ့ တိုက်ပွဲမဖြစ်ဘူးဗျာ။ ရွာကို သက်သက် လာပစ်သွားတယ်။ ရွာသားတွေက တောထဲမှာ ပုန်းနေရတယ်။ နောက်ဆုံးရတဲ့ သတင်းအရက ၇ဝဝ ကျော်လောက် ရှိတယ်” ဟု KNU ဒုဥက္ကဋ္ဌ ဒေးဗစ် သာကပေါက မဇ္ဈိမကို ပြောသည်။

“ရွာသားတွေအနေနဲ့ ရွာက အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာရတယ်။ ရွာသားတွေမှာ ဘာမှ စားစရာ ပါမလာဘူး။ ပိုဆိုးတာက မိုးတွင်းဖြစ်နေတော့ အအေးမိဖျားတာတို့၊ အစားအစာ လုံလုံလောက်လောက် မရတာတွေ ဖြစ်နေတယ်။ ကျနော်တို့အနေနဲ့ အရေးပေါ် ဖြစ်နေတဲ့အတွက် ထိထိရောက်ရောက် လုပ်မပေးနိုင်သေးဘူး” ဟု သူက ထပ်ပြောသည်။

ပစ်ခတ်ဖျက်စီးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသော်လည်း ယခုကျေးရွာမှာ မြန်မာစစ်တပ် သတ်မှတ်မှုအရ အနက်ရောင်နယ်မြေတွင် ပါဝင်ကာ ရွာပုန်းရွာရှောင်ဖြစ်သည်ဟု ဒေသခံ စစ်မှုထမ်း အရာရှိဟောင်း တဦးက ပြောသည်။

”အနက်ရောင်နယ်မြေဆိုတဲ့ သဘောကတော့ အဲဒီနယ်မြေထဲမှာ တွေ့တဲ့သူ မှန်သမျှဟာ မိတ်ဆွေဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ရန်သူပဲ။ ပြည်သူဆိုတာ မရှိဘူးဆိုတဲ့ သဘောပေါ့” ဟု သူက ပြောသည်။

"အနက်ရောင်နယ်မြေထဲမှာရွာကိုမီးရှို့တယ်။ လူသတ်တယ်။ မိုင်းထောင်တယ်ဆိုတဲ့ သတင်းတွေက လုပ်တဲ့သူကို ဘယ်လိုမှ မထိခိုက်ဘူး ရာထူးတိုးဖို့ပဲ ရှိတယ်။ အမိန့်ကို တသွေမတိမ်း လိုက်နာတယ်ဆိုတဲ့ သဘောပေါ့” ဟု သူက ထပ်ပြောသည်။

ရွာပုန်းရွာရှောင်များကို မီးရှို့ဖျက်ဆီးရန် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးချုပ်ရုံးက တပ်များကို အမိန့်ပေးထားသည်။ မြန်မာစစ်တပ်မှာလည်း တိုင်းရင်းသားများအပါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲသတင်း ဖြစ်ပေါ်နေချိန်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA မှာလည်း နယ်ခြားစောင့်တပ် အမြန်ဖွဲ့ရေး ဖိအားပေးခံနေရရာ မပြောင်းလိုသူ အချို့လည်း ရှိနေသည်။

DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောလားပွယ် (နှုတ်ခမ်းမွေး) မှာ လူသိများသော ငြင်းဆန်နေသူ ဖြစ်သည်။  သို့သော် စစ်အစိုးရက တိုက်ခိုက်လာလျှင် KNU က DKBA နှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းထားသည်။

“သူက နယ်ခြားစောင့်တပ်ကို မပြောင်းချင်ဘူး။ နအဖ စစ်တပ်က ဖိအားပေးတယ်။ သူ့ကို ဖိအားပေးလို့ မရတော့ စစ်အစိုးရကို ထောက်ခံတဲ့ DKBA အဖွဲ့နဲ့ နအဖ တပ်တချို့က လက်နက်ကြီးတွေနဲ့ တိုက်ဖို့ ပြင်ဆင်နေတယ်။ စစ်အစိုးရဘက်က တိုက်လာရင်တော့ ကျနော်တို့အနေနဲ့ ဗိုလ်မှူးကြီး စောလားပွယ် ဘက်ကနေ ကူတိုက်ဖို့ ရှိတယ်။ သူတို့အနေနဲ့လည်း မိခင်အဖွဲ့ဖြစ်တဲ့ ကျနော်တို့ဆီကို ပြန်လာမယ် ဆိုရင်လည်း ကျနော်တို့ လက်ခံသွားမယ်” ဟု ဒေးဗစ်သာကပေါက ပြောသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1574 guests and 1 member online