သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဂက်စ်အရောင်းဆိုင် မီးလောင်၊ တဦး ဒဏ်ရာရ

ဂက်စ်အရောင်းဆိုင် မီးလောင်၊ တဦး ဒဏ်ရာရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။      ။ ရန်ကုန်တိုင်း သုဝဏ္ဏမြို့သစ်ရှိ အစိုးရ ဂက်စ်အရောင်းဆိုင်တွင် ယမန်နေ့က မီးလောင်မှု ဖြစ်ပွားရာ ဆိုင်ဝန်ထမ်းတဦး ပြင်းထန်စွာ မီးလောင်ဒဏ်ရာ ရရှိသွားကြောင်း ရန်ကုန်တိုင်း မီးသတ်ဌာန အဆိုအရ သိရသည်။

သုဝဏ္ဏမြို့နယ် ၂၉ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် အစိုးရ ဂက်စ် အရောင်းဆိုင် အမှတ် ဝ၂၈ ၌ နံနက် ၁၁ နာရီခန့်တွင် ဝရိန်ဆော်နေသည့်မီးမှ ဂက်စ်ပိုက်သို့ မီးကူးစက်ရာ အသက် ၃ဝ နှစ်အရွယ် ဆိုင်ဝန်ထမ်း ကိုဖိုးဇော်၏ ရင်ဘတ်တွင် မီးစွဲလောင်ခဲ့ခြင်း ဖြစ်သည်။

’’မီးပွားစင်တဲ့အခါ အရင်ဆုံး မီးဟတ်ခံရတာကတော့ ပိုက်လိုင်းကို ဝရိန်ဆော်နေတဲ့ MOGE ဝန်ထမ်း ဒုတိယ စက်မှုလုပ်သား ဖိုးဇော်က အနီးဆုံးဖြစ်တဲ့အတွက် အဲဒီလူကို မီးဟတ်တာ။ ဗိုက်ကနေ ရင်ဘတ်ထိ မီးထိပြီးတော့ အရေပြားတွေ လန်သွားတယ်။ ဒဏ်ရာက ပြင်းထန်တယ်။ အခု ရန်ကုန်ဆေးရုံကြီးကို ပို့ထားပါတယ်’’ ဟု သုဝဏ္ဏမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ဂက်စ်ပိုက်လိုင်းအသစ် တည်ဆောက်နေစဉ် ဝရိန်ဆော်နေသည့် မီးပွားများ လွင့်စင်ရာမှ ယာဉ်များကို ဂက်စ်ဖြည့်သည့် ပိုက်လိုင်းအဟောင်း၏ ဘား အနည်းငယ် ပွင့်နေရာသို့ မီးပွားကူးစက်ကာ မီးလောင်ခဲ့ကြောင်းနှင့် မိနစ် ၃ဝ ခန့်အကြာ အခင်းဖြစ်ပွားမှုတွင် မီးသတ်ကား ၁၉ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ရဲဘော်တဦးက ပြောသည်။

ယင်းဆိုင်ကို တာဝန်ယူနေသော MOGE မှ ၂၉ နှစ်အရွယ် ဦးနေလင်းထွန်းကိုမူ ပေါ့ဆမှု၊ ထိခိုက်ဒဏ်ရာ ရရှိစေသော အမှုတို့ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က ပြောသည်။

မီးလောင်မှုကြောင့် ဂက်စ်ဖြည့်သော ပိုက်များ ထားရှိသည့် သွပ်မိုး၊ တိုင်ထောင် ကွန်ကရစ်ခင်း အဆောက်အအုံတလုံး လောင်ကျွမ်းသွားကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ မီးသတ်ရဲဘော်က ’’မီး စပြီးတော့ လောင်တယ်ဆိုတာနဲ့ ဂက်စ်မိန်းဘားကြီးကို သွားပိတ်နိုင်ခဲ့လို့ မီးလောင်မှု အခြေအနေက မဆိုးတာ။ မဟုတ်ရင်တော့ မလွယ်နိုင်ဘူး’’ ဟု ပြောသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1588 guests and 1 member online