စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရေခဲစက် ဓာတ်ငွေ့ပိုက် ပေါက်ကွဲ

ရေခဲစက် ဓာတ်ငွေ့ပိုက် ပေါက်ကွဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။    ။ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ရေခဲစက်တခုတွင် ရေခဲစေသော အမိုးနီးယားဓာတ်ငွေ့ပိုက်ပေါက်ကွဲမှု ယနေ့ညတွင် ဖြစ်ပွားခဲ့သည်။

ကမာရွတ်မြို့နယ် အမှတ် ၂ ရပ်ကွက် ခြံအမှတ် ၁၂၆ ရှိ နှင်းတောင်ရေခဲစက်တွင် ညနေ ၆ နာရီ ၁၀ မိနစ်က လျှပ်စစ်မီးလာချိန် စက်နိုးရန် မီးခလုတ်ကိုဖွင့်လိုက်ရာ အချင်း ၄ လက်မရှိ ဓာတ်ငွေ့ပိုက် ပေါက်ကွဲခြင်းဖြစ်သည်။ လူအချို့ မူးမေ့လဲကျသလို ဗုံးပေါက်သည်ဟု ထင်မှတ်ကာ အနီးပတ်ဝန်းကျင်တွင် အထိတ်တလန့် ဖြစ်သွားခဲ့သည်။

“ အုံး ဆိုပြီး ပေါက်ကွဲသံတခု ကြားလိုက် တယ်။ ပြီးတော့ အင်းစိန်လမ်းမတဖက်မှာ ရှိတဲ့ လူနေ တိုက် ခန်းတွေဘက်ကို အငွေ့လို အဖြူလုံးတန်းကြီးက ပေ  ၄၀ ကျော် အမြင့်လောက်  ထိ လာ တယ် ၊ အဲဒီမှာ လူတွေ လည်း ပေါက်ကွဲသံကြားတာကို ဗုံးပေါက်တယ်ထင်ပြီးတော့ ပြေးကြလွှားကြပေါ့ ။ အိမ်ပေါ် ပြေးတက်သူ တက် ၊အဲဒီလိုတွေဖြစ်တယ်”  ဟု အမှတ် ၁ ရပ်ကွက် ဘက် ခြမ်းနေသူ ရပ်ကွက်သား တဦး ကပြောသည်။

ယင်းဖြစ်စဉ်ကြောင်ုး အင်းစိန်လမ်းမပေါ်တွင် မောင်းနှင့်နေသော ကား များ ခေတ္တ ရပ်တန့်သွားခဲ့သည်။

” ဘတ်စ်ကား ကြီး က လမ်းပေါ်မှာ ကန့်လန့် ကြီး ဖြစ်သွား တယ် ၊ အဲဒီက အလုပ်ပြန်တဲ့ သူတွေက ကားပေါ်က ဆင်းပြေးကြတယ် ၊ ရုန်းရင်း ဆန်ခတ်ဖြစ်သွားတယ်၊ တချို့တွေပြေးတာ ဖိနပ် မပါ ဘူး။ ထမင်းဂျိုင့်တွေ လည်း ပြုတ်ကျတာ ကျ ၊ ပိုက် ဆံ အိတ်တွေရော၊ ခြင်းတောင်းတွေရော၊ ရှုတ်ကုန်တယ်” ဟု ကမာရွတ်မြို့နယ်မှမျက်မြင် တဦးကပြောသည်။

နိုက်ထရိုဂျင်နှင့် ဟိုက်ဒရိုဂျင်ပေါင်းစပ်ထားသော NH3 အမိုးနီးယားဓာတ်ငွေ့သည် အခန်းအပူချိန်တွင် အဆိပ်အတောက်ဖြစ်စေတတ်ပြီး ရေခဲစက်ဟောင်းများတွင် အသုံးပြုလေ့ရှိသည်။

စက်ရုံအနီးနေသူများက အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်၍ အနံ့ဆိုးရှုရတတ်မှု ယခင်က ဖြစ်ပွားဖူးသည်ဟု ပြောသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1349 guests online