စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မင်္ဂလာဈေးမီး ညနေအထိ လောင်ကျွမ်း

မင်္ဂလာဈေးမီး ညနေအထိ လောင်ကျွမ်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။     ။ မင်္ဂလာဈေးတွင် တနင်္လာနေ့နံနက် ၈ နာရီ ၂ဝ မှ စတင်လောင်ကျွမ်းသော မီးသည် ညနေ ၆ နာရီခွဲထိ လုံးဝငြှိမ်းသတ်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

ဈေးအပေါ်ဆုံးထပ်ဖြစ်သော စတုတ္တထပ် ဆေးဝါးများ၊ အလှကုန်များ၊ ပရိဘောဂဆိုင်များရှိသော အထပ်ရှိ ဆိုင်ခန်းအမှတ် ၈ဝ/၈၁ ဆိုင်ရှင် ဦးခင်အောင် ဆိုင်မှ စတင်ကာ လောင်ကျွမ်းခြင်းဖြစ်ပြီး အခြားအထပ်များကို ကူးစက်သွားသည်။

ဆိုင်ခန်းပေါင်း ၁ဝဝဝ ခန့်  ရှိသော မင်္ဂလာဈေးသည် အထည်အလိပ်၊ ပရိဘောဂ၊ အလှကုန်၊ မုန့်မျိုးစုံနှင့် လူသုံးကုန်အမျိုးမျိုးကို နိုင်ငံတဝှန်း လက်ကားဖြန့်ဖြူးရောင်းချပေးရာ ဈေးကြီးတခုဖြစ်သည်။

မီးလောင်ဆုံးရှုံးမှုပမာဏကို မခန့်မှန်းနိုင်သေးသော်လည်း မီးသတ်သမား ၂ ဦး ဒဏ်ရာရသွား၍ ဆေးကုသမှု ခံယူနေရသည်ဟု ရန်ကုန်တိုင်း မီးသတ်ဌာနက ပြောသည်။

ဆေးဆိုင်များသည် ရင်းနှီးငွေ ကျပ် သိန်းပေါင်း ၁ဝဝဝ ကျော်နှင့်အထက် ရှိကြသော သူများဖြစ်ကြောင်း ဆိုင်ပိုင်ရှင် တဦးက ပြောသည်။

‘’မီးလောင်တော့ မီးခိုးတွေက အလုံးလိုက်ကြီးတွေ ထွက်တာလေ။ ဒါ့ကြောင့် မီးခိုးငွေ့ အဆိပ်တွေကို ရှူမိလို့ သတိတွေ မေ့ကုန်တာ။ အခု အရေးပေါ်မှာ တင်ထားတယ်။ စိတ်ချရတဲ့ အနေအထားကို ရောက်သွားပါပြီ’’ ဟု မီးသတ်အရာရှိက ပြောသည်။

မင်္ဂလာဈေးသည် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှု အကောင်းဆုံးဈေးဟု ရန်ကုန်စည်ပင် အရာရှိကြီးတဦးက ဖေဖော်ဝါရီက ပြည်တွင်းဂျာနယ်များကို ပြောကြားခဲ့ဖူးသည်။

‘’အချို့တွေ ယောက်ျားတန်မယ့်နဲ့ ငိုကြယိုကြပေါ့ဗျာ။ သူတို့အတွက်တော့ ဘဝပျက်တာပဲပေါ့’’ ဟု မီးလောင်မြင်ကွင်းကို ကြည့်နေသူ အသက် ၅ဝ နှစ်ခန့်အရွယ် အမျိုးသားကြီးတဦးက ပြောသည်။

မီးလောင်မှုကြောင့် ဂတ်စ်အိုးပေါက်ကွဲသံမျိုးများလည်း ကြားရသည်ဟု ပြောသည်။

မီးလောင်နေစဉ် နံနက် ၁၁ နာရီခန့်တွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့ခြင်းက မီးလောင်မှုကို အားပျော့သွားစေခဲ့သည်ဟု ဈေးသူဈေးသားများက ယုံကြည်ကြသည်။

စည်ပင်သာယာမှ တပ်ဆင်ထားသော မီးသတ်ပိုက်ခေါင်းများမှာ ရေလုံလောက်စွာမရဘဲ မီးသတ်ကားများက ကန်တော်ကြီးမှ ရေကို သွားရောက်စုတ်ယူပက်ဖြန်းကြရသည်။

ထို့အပြင် အမြင့်တက်ကရိန်းကားများ လုံလောက်စွာ မရှိဟုလည်း မီးသတ်ဝန်ထမ်းတဦးက ပြောသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1458 guests online