သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > လက်နက်ကိုင်တိုက်ပွဲများ ဆင်နွှဲမည်ဟု မဒတ ပြော

လက်နက်ကိုင်တိုက်ပွဲများ ဆင်နွှဲမည်ဟု မဒတ ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။     ။ လက်နက်ကိုင်အပစ်ရပ်အဖွဲ့များနှင့် ပိုမိုနီးကပ်စွာ လက်တွဲပြီး စစ်အစိုးရအား စစ်မျက်နှာအနှံ့ဖြန့်၍ တိုက်ပွဲများ ဆင်နွှဲသွားမည်ဟု တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုကြီးက ပြောသည်။

“ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာမယ်၊ နအဖက တနေရာမှာ စစ်မျက်နှာဖွင့်မယ်ဆိုရင် ကျနော်တို့ကလည်း မြန်မာပြည်အနှံ့အပြားမှာ စစ်မျက်နှာတွေ ဖွင့်ပြီး နအဖ အရူးမီးဝိုင်းဖြစ်လာ အောင် ညှိနှိုင်းလုပ်ဆောင်နေပါတယ်” ဟု အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု-မဒတ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော်က ပြောသည်။

ယခုလ ၂၃-၂၄ ရက်တွင် ကျင်းပသည့် မဒတ ၏ ဗဟိုသဘာပတိ အစည်းအဝေးသို့ တက် ရောက်လာသည့် အဖွဲ့ဝင် ၈ ဖွဲ့အနက် ၇ ဖွဲ့မှ ဗဟိုသဘာပတိ ကိုယ်စား လှယ် ၁၈ ဦးက ဆုံးဖြတ်ခြင်းဖြစ်သည်။

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲကြီးများမှ နအဖ ၏ နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး အဆိုပြုချက်အား လက်မခံသည့် ရပ်တည်ချက်ကို မဒတ တပ်ပေါင်း စုမှ ဆက်လက်၍ “ထောက်ခံဝန်းရံ” သွားမည်ဖြစ်ကြောင်း မဒတ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မဒတ သည် အပစ်ရပ်အဖွဲ့များနှင့် လုပ်ငန်းဆက်စပ်မှုရှိပြီး နားလည်မှု အပြန်အလှန် တည်ဆောက် ကြောင်း၊ အဖွဲ့ကြီး၏ သဘောထားကိုလည်း အပစ်ရပ်အဖွဲ့များထံ အကြောင်းကြားထားပြီးဖြစ်သည်ဟုလည်း မိုင်းဘုန်းကျော်က ဆိုသည်။

UWSA အား မူးယစ်ဆေးဝါးထုတ်လုပ်သည်ဟု နိုင်ငံတကာ၏ စွပ်စွဲခြင်းခံနေရသော UWSA သည် ဝ’ အမျိုးသားရေးအပေါ်၌ ခိုင်ခိုင်မာမာ ရပ်တည်နေသည်ဟု မဒတက အသိမှတ်ပြုထားပြီး၊ ယခင်က မူးယစ်ဆေးထုတ်ခဲ့မှုတွင် နအဖ ထိပ်ပိုင်းခေါင်းဆောင်များလည်း ပါဝင်ပတ်သက်နေသည့် အထောက်အထားများ ရှိသည်ဟုလည်း သူကဆိုသည်။

မဒတ အနေဖြင့် ၂ဝဝ၈ ခု ဖွဲ့စည်းပုံဥပဒေနှင့် နအဖက ကျင်းပပေးမည့် ရွေးကောက်ပွဲတို့သည် “စစ်အာဏာသက်တမ်းရှည်ရေး” ကို ဦးတည်နေသဖြင့် ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံပြန် မတင်ဘဲ ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်းကိုလည်း ထောက်ခံကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု-မဒတ ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသား များ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ပေါင်း ၁၃ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

နောက်ပိုင်း၌ စစ်အစိုးရနှင့် အပစ်ရပ်သွားသည့် အဖွဲ့များရှိလာသဖြင့် ယခုအခါ ကရင်အမျိုးသား အစည်းအရုံး-KNU၊ ချင်းအမျိုးသားတပ်ဦး-CNF၊ မွန်ပြည်သစ်ပါတီ-NMSP၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့-PKLO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး-PSLF၊ ဝ’အမျိုးသား အဖွဲ့ချုပ်-WNO၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ-LDU၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP စသည့် ၈ ဖွဲ့သာ ကျန်တော့သည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1554 guests and 1 member online