ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကဗျာဆရာ စောဝေ ပျောက်ဆုံးနေ

ကဗျာဆရာ စောဝေ ပျောက်ဆုံးနေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ။    ။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ‘ဖေဖော်ဝါရီ ဆယ့်လေး’ ကဗျာဖြင့် လှောင်ပြောင်သရော်ခဲ့သူ ကဗျာဆရာ စောဝေ အား ပြည်ထဲရေး ဝန်ကြီးဌာနတွင် ခေတ္တ ထိန်းသိမ်းခဲ့ပြီးနောက် ယခုအခါ ပျောက်ဆုံးနေသည်။

အပတ်စဉ်ထုတ် အချစ်ဂျာနယ် ဂျာနယ်တွင် ဖော်ပြခဲ့သော ကဗျာဆရာစောဝေ၏ ‘ဖေဖော်ဝါရီဆယ့်လေး’ ကဗျာတွင် ‘အာဏာရူးကြီး မှူးကြီးသန်းရွှေ’ ဟု အဓိပ္ပာယ်ထွက်သော စကားလုံးများ ပါရှိသည့်အတွက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသူ ကဗျာဆရာ စောဝေသည် ယခုအခါ ပျောက်ဆုံးနေကြောင်း မိသားစုနှင့် နီးစပ်သည့် စာပေ အသိုင်းအဝိုင်း အဆိုအရ သိရသည်။

“ခါတိုင်းတော့ ထမင်းသွားပို့နေကျ။ အဲဒီနေ့ စနေ့က ကျနော်တို့ ပြည်ထဲရေးကို ထမင်းသွားပို့တာ တခြားနေရာ သွားနေတယ်လို့ ပြောတယ်။ ဘယ်သွားတာလဲ မေးတော့ မသိဘူးလို့ ပြောတယ်။ အဲဒါနဲ့ ပြန်လာခဲ့ကြတယ်” ဟု အမည်မဖော်လိုသူ စာပေ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တဦးက ပြောသည်။

အချို့ သတင်းရပ်ကွက် အဆိုအရ ဖမ်းဆီးခံရသူ ဆရာ စောဝေ အား ပြီးခဲ့သည့် စနေနေ့တွင် ယခင် ထိန်းသိမ်းထားရာ ပြည်ထဲရေး ဝန်ကြီးဌာနမှ အင်းစိန်ထောင်သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သူကလည်း “မနေ့ကပဲ မိသားစုဝင်တွေ အင်းစိန်ကို ထောင်ဝင်စာ ပါဆယ်သွားပို့သွားတာ။ မိသားစုဝင်တွေကို ပို့ခွင့် မပေးပါဘူး။ ပြန်လာခဲ့ကြတယ်။ ထောင်မှာရှိတယ် ဆိုတာကိုတော့ သူတို့ မငြင်းနိုင်ပါဘူး” ဟု ပြောသည်။

ယခုလို ကဗျာဆရာ စောဝေ ဖမ်းဆီးခံရခြင်းသည် အချစ်ဂျာနယ် အယ်ဒီတာဖြစ်သူ ဦးမြတ်ခိုင်မှ စာပေစစ်ဆေးရာတွင်  တာဝန်ရှိဆုံး ဖြစ်ကြောင်း စာပေ အသိုင်းအဝိုင်းက ဝေဖန် ပြောဆိုကြသည်။

“ကဗျာဆရာကိုတော့ ဖမ်းထားတယ်။ ထုတ်ဝေတဲ့ ဂျာနယ်နဲ့ အယ်ဒီတာရယ်၊ စာပေစိစစ်ရေးရုံးမှာ တာဝန် အရှိဆုံး။ ဒါပေမဲ့ အခုလို ဂျာနယ်ထဲ ပါလာတဲ့ အခါကျတော့ ကိုစောဝေကိုပဲ ဖမ်းထားတယ်။ မတရားဘူးလို့ ထင်တယ် ” ဟု မဂ္ဂဇင်း အယ်ဒီတာဟောင်း တဦးက ပြောသည်။

ဦးမြတ်ခိုင်အား မဇ္ဈိမက ဆက်သွယ် မေးမြန်းရာတွင် ကဗျာဆရာ၏ သဘောတူညီမှုနှင့် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်ဟု ယခုလို ဖြေကြားသည်။

“စောဝေက ကျနော့်ကို ဖုန်းဆက်တယ်။ ‘Valentine Day’ အတွက် ကဗျာပေးချင်တယ် ပြောတယ်။ ‘Valentine Day’ ဆိုတဲ့စကားလုံးက ရမှာ မဟုတ်ဘူးဆိုပြီး၊ ဖေဖော်ဝါရီ ၁၄ ဆိုပြီး ရေးလို့ ပြောတယ်။ သူ ပို့တဲ့ကဗျာ၊ စောဝေ ကိုယ်တိုင် ကျနော့်ကို ဖုန်းဆက်ပြီး ပေးတဲ့ကဗျာ” ဟု သူက ပြောသည်။

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1077 guests and 1 member online