ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ဦးကို အန်အယ်ဒီ CEC အတည်ပြု

ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ဦးကို အန်အယ်ဒီ CEC အတည်ပြု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။     ။ ပါတီဗဟိုဦးစီးအဖွဲ့ (CC) အဖွဲ့ဝင် ဦးရေ ၁ဝဝ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ CEC က ယနေ့ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းများမှ ရွေးချယ်ပေးပို့သည့် ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းများကို CEC အဖွဲ့က ပါတီစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသူများ ဖြစ်စေရန် ယခုလ ၂၂ ရက်နေ့မှ စတင်၍ စိစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

သို့သော် အဆိုပါ CC အဖွဲ့ဝင် အမည်စာရင်းများကို ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေထံသို့ မနက်ဖြန်တွင် ပို့ပေးပြီး အတည်ပြုချက် ရယူပြီးနောက် လာမည့်လ ပထမပတ်တွင် အပြီးသတ်စာရင်း ထုတ်ပြန်နိုင်မည်ဟု အဖွဲ့ချုပ် ဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။

“ဒီနေ့ အပြီးသတ်သဘောမျိုးတော့ ရွေးပြီးသွားပြီ။ စုစုပေါင်း ၁ဝဝ ကိုတော့ အတည်ပြုလိုက်ပြီ။ ဥက္ကဋ္ဌ သဘောထား ရယူရဦးမယ်။ CEC အနေနဲ့ကတော့ အတည်ပြုလိုက်ပြီ” ဟု CEC အဖွဲ့ဝင်လည်းဖြစ်သူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းများကို ယခုလ ၁၆-၁၇ ရက်နေ့တွင် ဗဟိုသို့ တင်ပြခဲ့ကြသည်။

အဖွဲ့ချုပ်ကို CEC အဖွဲ့ဝင် ၂ဝ ဦး၊ ဗဟိုဦးစီးအဖွဲ့ဝင် CC ကို ၁ဝဝ ဦးမှ ၁၂ဝ သာ ထားရှိမည်ဟု သတ်မှတ်ခဲ့ပြီး၊ ဗဟိုဦးစီးအဖွဲ့ လျာထားဦးရေမှာ ၁ဝဝ ကျော် ရှိခဲ့သည်။

ပါတီ ပိုမိုကျစ်လစ် တောင့်တင်းရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် “ဗဟိုဦးစီးအဖွဲ့” ကို ဖွဲ့စည်းခြင်း ဖြစ်သည်ဟု အန်အယ်ဒီ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

အဖွဲ့ချုပ်အပေါ် သစ္စာရှိသူ၊ အရည်အချင်းရှိသူ၊ အဖွဲ့ချုပ်နှင့် မကင်းမကွာ တာဝန်ထမ်းဆောင်နေသူ၊ မူဝါဒများအတိုင်း ရပ်တည်နေသူ၊ အဖွဲ့ချုပ် စည်းကမ်းအရ အရေးယူခံနေရသူ မဖြစ်စေရ စသည့် မူအတိုင်း စိစစ်ရွေးချယ်ကြောင်းလည်း ပါတီတာဝန်ရှိသူများက ပြောကြသည်။

၁၉၉ဝ ခုနှစ်အတွင်း စတင်ဖွဲ့စည်းစဉ်က CC အဖွဲ့ဝင် ဦးရေ ၈ဝ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင် အများအပြားကို အာဏာပိုင်များက ဖမ်းဆီးခဲ့သဖြင့် ယနေ့တိုင်ထိ ပါတီလုပ်ငန်းများ ဖော်ဆောင်ရာတွင် ကြံ့ကြာမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1793 guests and 1 member online