ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > A (H1N1) ကြောင့် ချင်းလူငယ်များ အိမ်မပြန်ရ

A (H1N1) ကြောင့် ချင်းလူငယ်များ အိမ်မပြန်ရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။     ။ ၆၃ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရာ နေပြည်တော်သို့ သွားခဲ့သည့် ချင်းလူငယ်များအနက် အချို့တွင် A (H1N1) တုပ်ကွေးပိုး တွေ့ရှိသဖြင့် နေအိမ်သို့ ပြန်ခွင့်မရသေးဘဲ ဆေးကုသခံယူနေကြောင်း သိရသည်။

အခမ်းအနားတွင် ချင်းပြည်နယ် ကိုယ်စားပြု ရိုးရာအကများ တင်ဆက်ပြသရန် ယခုလ ၄-၅ ရက်နေ့ကတည်းက လူငယ် ၅ဝ ခန့် သွားရောက်ခဲ့ပြီး၊ အချို့တွင် ကမ္ဘာ့လူတုပ်ကွေး ခေါ် A (H1N1) ပိုးတွေ့ရသဖြင့် ရောဂါ မပြန့်ပွားစေရန် နေအိမ်သို့ မပြန်စေဘဲ ဆေးကုပေးနေခြင်း ဖြစ်သည်။

“ပြည်ထောင်စုနေ့ လာတဲ့ လူတွေထဲက A (H1N1) ရောဂါရှိလို့ ကျမတို့အားလုံး မပြန်နိုင်တာတဲ့။  ကာကွယ်ဆေး စားခိုင်းတယ်တဲ့။ နေ့တိုင်း မနက်၊ ညနေ အဖျားတိုင်းတယ်လို့ ပြောတယ်” ဟု နေပြည်တော်တွင် ရှိနေသည့် သမီး၏ ပြောဆိုချက်ကို ချင်းမိခင်တဦးက ပြန်ပြောပြသည်။

ချင်းတိုင်းရင်းသားအက ပြသမည့် ချင်းပြည်နယ် ဖလမ်းနှင့် ဟားခါးမှ လူငယ် ၅ဝ ခန့် သွားရောက်ခဲ့ကြောင်းနှင့် ယခုလ ၂၅ ရက်ခန့်တွင် နေရပ်ရင်း ပြန်ရဖွယ်ရှိကြောင်း သူက ခန့်မှန်းသည်။

ရန်ကုန်မြို့မှ ဂျာနယ်သတင်းထောက်တဦးကလည်း “နေပြည်တော် ဆေးရုံမှာ တက်နေတာ သေချာတယ်။ ရှမ်းနဲ့ ချင်း များတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ (အစိုးရ) က တုပ်ကွေးရောဂါလို့ အတည်မပြုဘူး” ဟု မဇ္ဈိမကို ပြောသည်။

နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းကြည့်ရာ မြန်မာ့ရုပ်ရှင်သံကြားတွင် A (H1N1) ရောဂါပိုး တွေ့ရှိသည့် နောက်ဆုံး အခြေအနေများကို နေ့စဉ် ထုတ်လွှင့်ပေးနေကြောင်း တာဝန်ရှိသူတဦးက ပြောသည်။

“ကျနော်တို့ မြန်မာ့အသံနဲ့ သတင်းစာတွေမှာ update ဖော်ပြပေးထားပေးပါတယ်ခင်ဗျ။ အဲဒီသတင်းစာတွေမှာ ဖော်ပြထားတဲ့အတိုင်း ဘယ်ဆေးရုံမှာ ရောက်နေတယ်ဆိုတာ ရေးထားပြီးသားပါ” ဟု သူက ပြောသော်လည်း၊ အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။

တိုင်း/ပြည်နယ် ကိုယ်စားပြု လူငယ်များသည် ယခုလ ပထမပတ်ကတည်းက နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး၊ အမှတ် (၇) တည်းခိုရေးစခန်းတွင် တည်းခိုခဲ့ကြောင်း ယခုလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1800 guests and 1 member online