ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကျောက်မဲမှာ A (H1N1) ပိုးရှိသူ ၆ ဦး တွေ့ရှိ

ကျောက်မဲမှာ A (H1N1) ပိုးရှိသူ ၆ ဦး တွေ့ရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။     ။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ယခုလ ၉ ရက်နေ့မှ စတင်၍ A(H1N1) တုပ်ကွေးပိုး ရှိသူ ၆ ဦးနှင့် ပိုးရှိကြောင်း သံသယရှိသူ ၁၉ ဦး တွေ့ရှိထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြည်နယ် ကျန်းမာရေးဌာနမှ နာမကျန်းဖြစ်နေသော လူနာများကို ဆေးစစ်ခဲ့ရာ လူလတ်ပိုင်း ၆ ဦး၌ ပိုးရှိနေပြီး၊ ပိုးရှိကြောင်း သံသယရှိသူ ၁၉ ဦးကိုလည်း တွေ့ရှိထားခြင်း ဖြစ်သည်။

“ဒီလ ၉ ရက်နေ့က လူတုပ်ကွေး တွေ့ခဲ့တယ်။ ကုသနေပြီ။ သံသယရှိသူ ၁၉ ဦးကို ဆေးရုံကြီးမှာ ကြည့်ရှုစောင့်ရှောက်နေတယ်” ဟု မြို့ခံတဦးက ပြည်တွင်း မဇ္ဈိမ သတင်းထောက်ကို ပြောသည်။

ယခုလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာကမူ ကျောက်မဲမြို့၌ ယခုလ ၉ ရက်နေ့က ပြည်နယ် ကျန်းမာရေး ဦးစီးမှူးအဖွဲ့က စစ်ဆေးခဲ့ရာ တုပ်ကွေးလက္ခဏာရှိသူ ၁၁ ဦးတွေ့ပြီး ၅ ဦးတွင် A (H1N1) ပိုးတွေ့ရှိပြီး ပိုးတွေ့သူများကို ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် ကုသနေသည်ဟု ဖော်ပြသည်။

ကျောက်မဲဆေးရုံသို့ ဆက်သွယ်မေးမြန်းကြည့်ရာ ဆေးရုံဝန်ထမ်းတဦးက “ဌာနဆိုင်ရာ” မှ အပ အခြားသူများကို ဖြေဆိုခွင့် မရှိကြောင်း ပြောသည်။

ယခုလ ၃ ရက်ခန့်ကလည်း ကျောက်မဲမြို့ အမှတ် (၁) အထက်တန်းကျောင်း၌ အဆိုပါ A (H1N1) တုပ်ကွေးပိုး တွေ့ရှိသဖြင့် ကျောင်းပိတ်ထားရသည်ဟုလည်း အခြားမြို့ခံတဦးထံမှ သိရသည်။

ကျောက်မဲရှိ ဈေးနှင့် ကားဂိတ်များ၌ နှာခေါင်းစည်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ လမ်းသွားလမ်းလာများကို နှိုးဆော်နေသည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသူ ၁၃ နှစ်အရွယ် မိန်းကလေး တဦးတွင် A (H1N1) ပိုးစတင်တွေ့ရှိခဲ့သည်။

ယခုလအတွင်း A (H1N1) ပိုးကို ကျောက်မဲမြို့တွင် ၅ ဦး၊ မင်္ဂလာဒုံ  ၅ ဦး၊ ဒဂုံမြို့သစ် (မြောက်) (ပိုးရှိသူနှင့် သံသယ ၄၇ ဦး)၊ ဒဂုံမြို့သစ် (အရှေ့) ၂ ဦး၊  ရွှေပြည်သာ ၃ ဦး၊ မှော်ဘီ ၆ ဦးနှင့် ချင်းပြည်နယ် ဖလမ်းမြို့ ၄ ဦး အသီးသီး တွေ့ရှိကြောင်း စစ်အစိုးရက ထုတ်ပြန်ထားသည်။

ရောဂါရှိသူ အများစုကို ရန်ကုန်တိုင်းရှိ ဝေဘာဂီ၊ မြောက်ဥက္ကလာပနှင့် သင်္ဃန်းကျွန်း စံပြဆေးရုံတို့တွင် ကုသပေးနေသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)


 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1792 guests online