စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ယာယီဈေး မလုပ်ရန် တိုင်းမှူး တားမြစ်

ယာယီဈေး မလုပ်ရန် တိုင်းမှူး တားမြစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။     ။ မီးလောင်သွားသည့် ရန်ကုန်မြို့ သင်္ကန်းကျွန်းဈေးမှ ဆိုင်ရှင်များကို ယာယီဈေးရောင်းရမည့် နေရာကို စည်ပင်က သတ်မှတ်ပေးသော်လည်း တိုင်းမှူးက ကန့်ကွက်သဖြင့် ရောင်းချခွင့် မရရှိကြာင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဈေးများဌာန အဆိုအရ သိရသည်။

S6301828ယခုလ ၁၂ ရက်နေ့တွင် တဈေးလုံးနီးပါး မီးလောင်ကျွမ်းခဲ့သဖြင့် စည်ပင်က ဈေးဆိုင်ခန်းများ ယာယီရောင်းချရန် သင်္ကန်းကျွန်း ကျိုက္ကဆံဘုရား အရှေ့ဘက်မုဒ်နှင့် မြောက်ဘက်မုဒ်အကြား နေရာချထားပေးရာမှ တိုင်းမှူးက သဘောမတူသဖြင့် ရောင်းချခွင့် ရပ်ဆိုင်းထားရခြင်း ဖြစ်သည်။

''မီးလောင်သွားတဲ့အတွက် ဈေးသူဈေးသားတွေ ဈေးရောင်းရမယ့် ရက်တွေ နစ်နာတယ်။ တချို့လည်း ပစ္စည်းတွေ မီးထဲပါသွားလို့ စိတ်ညစ်နေသူတွေ ရှိတယ်။ များသောအားဖြင့် ဈေးပြန်ရောင်းချင်သူတွေပဲ များနေတယ်။ ကျနော်တို့က အမြန်ဆုံး နေရာချထားပေးချင်ပေမယ့် တိုင်းမှူးက ကန့်ကွက်တဲ့အတွက် နေရာကို ပြန်ပြီး စိစစ်ရမယ်'' ဟု မြို့တော် စည်ပင် ဈေးများဌာနမှ အရာရှိက ပြောသည်။

ဈေးရောင်းချရန် ကျိုက္ကဆံဘုရား ဂေါပကအဖွဲ့၏ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်သည်။
S6301829''ကျနော်တို့ ဘုရားဂေါပကအဖွဲ့ကလည်း ခွင့်ပြုထားပါတယ်။ မြေနေရာအခက်အခဲ ရှိတဲ့အတွက် ပြန်ပြီးတော့ ယာယီဈေးလေးလုပ်ဖို့က မီးလောင်ထားတဲ့ သင်္ကန်းကျွန်းဈေးနဲ့ နီးတာကတော့ ကျိုက္ကဆံဘုရားနားမှာပဲ မြေနေရာကွက်လပ်က ရှိနေတာလေ။ ဒါ့ကြောင့် ဂေါပကအဖွဲ့က ကူညီပြီးသားပါ'' ဟု ကျိုက္ကဆံဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

မြို့တော်စည်ပင် ဈေးများဌာနမှ အဆင့်မြင့်အရာရှိတဦး အဆိုအရ လူနေခန်းနှင့် ရုံးခန်းများပါ ပါဝင်မည့် အဆင့်မြင့်ဈေး အမြန်ဆုံး တည်ဆောက်ပေးသွားမည်ဟု သိရသည်။

သူက ''ဆိုင်ခန်းအတွက် ငွေကို တလချင်း အရစ်ကျပေးသွင်းနိုင်ဖို့ စီစဉ်ထားတယ်။ ၆ လအတွင်း အမြန်ဆုံး တည်ဆောက်မှာပါ။ စည်ပင်က အင်ဂျင်နီယာတွေနဲ့ ဆောက်မှာပါ။ လူနေခန်းတွေကို ရောင်းမယ်။ ရုံးခန်းအသုံးပြုမယ့် သူတွေကို နှစ်ရှည်ငှားမယ်။ အခုလို မီးဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရင် မီးငြှိမ်းသတ်နိုင်မယ့် စနစ်တွေ ထည့်တည်ဆောက်မယ်။ တည်ဆောက်မှုအတွက် ကုန်ကျမယ့် ငွေကြေးကိုတော့ မတွက်ရသေးဘူး'' ဟု ပြောသည်။

S6301835ယခုလ ၁၂ ရက်နေ့ ညပိုင်းတွင် သင်္ဃန်းကျွန်းဈေး မီးလောင်ခဲ့ရာ ဆိုင်ခန်းပေါင်း ၈ဝဝ နီးပါးအနက် ၆၅၁ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ထောင်ချီ၍ ဆုံးရှုံးဖွယ်ရှိကြောင်း ရန်ကုန် စည်ပင်နှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက ခန့်မှန်းခဲ့ကြသည်။

ယင်းဈေးအတွက် မီးအာမခံ မထားခဲ့သဖြင့် အာမခံငွေကြေး ဆုံးရှုံးရကြောင်း မြန်မာအာမခံလုပ်ငန်းမှ အရာရှိတဦးက ပြောသည်။

''စည်ပင်က ဈေးတွေ အာမခံကို မထားတာ။ ပေးသွင်းရမယ့် ပရီမီယံကြေးကို နှမျောတာဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း မီးလောင်တဲ့အခါကျတော့ အားလုံးဆုံးရှုံးရတယ်'' ဟု သူက ပြောသည်။

အသစ်ပြန်ဆောက်ရာတွင်လည်း အာမခံထားရန် အစီအစဉ်မရှိကြောင်း သင်္ကန်းကျွန်းဈေး ဝန်ထမ်းတဦးက ပြောဆိုသည်။ 

''မတော်တဆ မီးလောင်မှုဖြစ်တယ်ဆိုရင် အာမခံထားတဲ့အတွက် ပြန်ရမှာပေါ့။ အခုက မြို့တော်ဝန်က အာမခံကို မထားတာ။ ဈေးသူဈေးသားတွေအနေနဲ့ တဦးချင်း ပုဂ္ဂလိကအနေနဲ့ ထားရင်တော့ ထားပေါ့လေ။ သူ့အနေနဲ့ ထားမပေးဘူးလို့ ပြောတယ်'' ဟု သူက ပြောသည်။

လုံခြုံရေးအတွက် ထားရှိသော လျှပ်စစ်မီး ဝါယာရှော့ခ်ကြောင့် မီးလောင်ခြင်းဖြစ်ကြောင်း ရန်ကုန် မီးသတ် ဦးစီးဌာနက တရားဝင် သတင်းထုတ်ပြန်ခဲ့သော်လည်း ဈေးအနီးတွင် နေထိုင်သူများအကြားတွင်မူ ရှို့မီးလည်းဖြစ်နိုင်ကြောင်း သံသယရှိနေကြသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1464 guests online