စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရန်ကုန်မှာ အင်တာနက်လိုင်းတွေ နှေးကွေး၊ ပြတ်တောက်

ရန်ကုန်မှာ အင်တာနက်လိုင်းတွေ နှေးကွေး၊ ပြတ်တောက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ရန်ကုန်တွင် ယမန်နေ့မှ စတင်၍ အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။ 

တိုင်းအတွင်းရှိ မြို့နယ် အများအပြားတွင် အင်တာနက်လိုင်းများ ထိုသို့ဖြစ်နေခြင်းကြောင့် အင်တာနက်ဆိုင်အချို့ ပိတ်ထားလိုက်ရသလို၊ သုံးစွဲသူများလည်း အခက်ကြုံနေရသည်။

“မနေ့ကစပြီး လိုင်းမကောင်းဘူး။ ဝဘ်ဆိုဒ်တခု ဖွင့်ကြည့်မယ်ဆိုရင် အနည်းဆုံး မိနစ် ၃ဝ လောက် ကြာတယ်။ MPT ကတော့ မြန်မာတယ်လီပို့ထက်စာရင် နည်းနည်း ကောင်းသေးတယ်။ လိုင်းမကောင်းလို့ လာသုံးစွဲသူတွေ ပြန်ပြန်သွားတယ်” ဟု ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ အင်တာနက်ဆိုင်တဆိုင်က မဖ္ဈိမကို ပြောသည်။

“အင်တာနက်လိုင်းတွေက ကျနေတယ်။ လိုင်းတွေက ရလိုက်၊ မရလိုက် ဖြစ်နေတယ်။ လိုင်းတွေက တော်တော်များများ မရဘူး။ ဝဘ်ဆိုဒ်တခုဖွင့်ဖို့ နာရီဝက်လောက် ကြာတယ်။ တချို့ အင်တာနက်ဆိုင်တွေဆို ပိတ်ကို ထားတယ်” ဟု အင်တာနက်သုံးစွဲသူ ရန်ကုန်ဒေသခံ တဦးကလည်း ပြောသည်။

မြန်မာနိုင်ငံတွင် သုံးစွဲသည့် မြန်မာတယ်လီပို့နှင့် MPT အင်တာနက်လိုင်းများ နှေးကွေးနေခြင်းသည် BMF ဆာဗာ ပြောင်းလဲပြုပြင်မှုကြောင့်ဖြစ်ကြောင်း  မြန်မာတယ်လီပို့ တိုင်တန်းရေးဋ္ဌာန အဆိုအရ သိရသည်။

“လောလောဆယ် Net work လေးတာ တခုပါပဲ။ Internet Server ချိန်းတဲ့အတွက် ဖြစ်တာပါ။ BMF Server ချိန်းနေတဲ့အတွက်ကြောင့်မို့လို့ပါ။ ဖြစ်တာကတော့ သိပ်မကြာသေးဘူး။ တပတ်လောက်ပဲ ကြာမှာပါ။ အဲဒီအတွင်းမှာ လိုင်းကတော့ နည်းနည်းတော့ နှေးဦးမယ်။ ဝါယာလက်စ်တွေတင် မကဘူး၊ ADSL တွေပါ နှေးနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တနိုင်ငံလုံး ဖြစ်နေတာပါ” ဟု မြန်မာတယ်လီပို့ တိုင်းတန်းရေးဌာန တာဝန်ကျ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ ရန်ကင်းဈေးကြီးအနီးရှိ အင်တာနက်ဆိုင်မှ တာဝန်ရှိသူတဦးက “အင်တာနက်လိုင်းက ကျလိုက် ပြန်ကောင်းလိုက်နဲ့ တမြို့လုံး ဖြစ်နေတယ်။ မြန်မာတယ်လီပို့နဲ့ MPT ကို ဖုန်းဆက်တော့လည်း တနိုင်ငံလုံးပျက်နေတယ်၊ Wi Max လိုင်းတွေလည်း မကောင်းဘူး၊ i p Star လိုင်းတွေလည်း မကောင်းဘူးတဲ့” ဟု ပြောသည်။

အလားတူပင် ကချင်ပြည်နယ် မြစ်ကြီးနား၊ ကရင်ပြည်နယ် ဘားအံ၊ တနင်္သာရီတိုင်း မြိတ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ  အင်တာနက်ဆိုင်များလည်း ဝဘ်ဆိုဒ်များ ဖွင့်မရဘဲ နှေးကွေးနေသည်။

မြန်မာနိုင်ငံ၌ အင်တာနက်လိုင်း ဝယ်ယူသုံးစွဲသူ ၆ သောင်းနီးပါး ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ခန့်မှန်းထားသည့် စာရင်းအရ သိရသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1467 guests online