သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဘောလုံးကလပ်အသင်း ၂ သင်း တိုးမည်

ဘောလုံးကလပ်အသင်း ၂ သင်း တိုးမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမ (ချင်းမိုင်) ။     ။ ပရော်ဖက်ရှင်နယ်ဟန် ကစားနေသည့် မြန်မာနေရှင်နယ်လိဂ် ကလပ် အသင်းများထဲသို့ နောက်ထပ် ဘောလုံးနှစ်သင်း ထပ်တိုးလာမည် ဖြစ်သဖြင့် စုစုပေါင်း ၁၀ သင်း ဖြစ်လာတော့မည်။

SARA FC နှင့် ACE FC အသင်းတို့ ထပ်တိုးလာမှာဖြစ်ပြီး ကရင်ပြည်နယ်နှင့် နေပြည်တော်တို့ကို အသီးသီး ကိုယ်စားပြုလိမ့်မည်ဟု မြန်မာဘောလုံးအဖွဲ့ချုပ် MFF သတင်း ရပ်ကွက်တခုက ပြောသည်။

မြန်မာနေရှင်နယ်လိဂ် အသင်းများ၏ တရာသီ သုံးငွေမှာ ကျပ်သိန်းပေါင်း ၅ ထောင်အထက်နှင့် သိန်းပေါင်း ၁ သောင်းအောက်တွင်ရှိပြီး ယင်းအသင်းများကို ပိုင်ဆိုင်သူအများစုမှာ စစ်အစိုးရ အာဏာပိုင်များနှင့် နီးစပ်သူများ ဖြစ်သည်။

“MNL မှာ ဘောလုံးအသင်းတသင်း ပိုင်ဆိုင်ဖို့ဆိုတာ တော်ရုံ ချမ်းသာတဲ့ သူဋ္ဌေးလောက်နဲ့တော့ မရဘူး။ စီးပွားရေးအရ အောင်မြင်နေတယ်။ စီးပွားရေး ပိုင်ဆိုင်မှုတွေ များများစားစား လက်ဝါးကြီး အုပ်ထားနိုင်တဲ့ ပုဂ္ဂိုလ်တွေမှ ဒီထဲကို ဝင်နိုင်မှာ” ဟု ဝါရင့်ကလောင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

“ဒီိအထဲကို ဝင်လာမယ့် လူဆိုတာလည်း သိန်း ၇-၈ ထောင် သုံးနိုင်တဲ့ သူဋ္ဌေးဆိုတော့ သာမန် သူဋ္ဌေးတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါတောင် သူတို့အတွက်က အပိုဝင်ငွေပါ။ ဒီနေရာမှာ ဒီလိုသုံးဖို့ သူ့မှာ လုံလုံလောက်လောက် ကျောထောက်နောက်ခံတွေ အများကြီး ရှိနေတာ” ဟု သူက ဆက်ပြောသည်။

လက်ရှိ မြန်မာလိဂ် ၈ သင်းအနက် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု၏ လူယုံ စီးပွားရေး သမားတဦးဖြစ်သူ ဦးတေဇက ရန်ကုန် ယူနိုက်တက်ကို ပိုင်ဆိုင်ပြီး ဒေါက်တာ စိုင်းဆမ်ထွန်း၏ လွယ်ဟိန်း ကုမ္ပဏီက ရတနာပုံ ယူနိုက်တက်၊ ဦးအောင်ကိုဝင်း၏ ကမ္ဘောဇဘဏ်က ကမ္ဘောဇ ယူနိုက်တက်၊ ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ် ကုမ္ပဏီက မကွေး ယူနိုက်တက်၊ ဦးဋ္ဌေးမြင့်၏ ယုဇန ဆောက်လုပ်ရေး ကုမ္ပဏီက Southern Myanmar ယူနိုက်တက်၊ ဦးအောင်မိုးကျော်၏ IBTC ကုမ္ပဏီက ဥဿာ ယူနိုက်တက်၊ ဦးချစ်ခိုင်၏ ဧဒင်ကုမ္ပဏီက Delta ယူနိုက်တက်၊ ရွှေနဂါးမင်း ကုမ္ပဏီ ပိုင်ရှင် ဦးဝင်းမြင့်က ဇေယျာရွှေမြေ အသင်းကို ပိုင်ဆိုင်ထားကြသည်။

ပြည်နယ်နှင့်တိုင်း ကိုယ်စားပြု အသင်းများဖြစ်သည့် ရန်ကုန် ယူနိုက်တက် ရန်ကုန်တိုင်း၊ ရတနာပုံ FC မန္တလေးတိုင်း၊ ဒယ်လ်တာ ယူနိုက်တက် ဧရာဝတီတိုင်း၊ ဥဿာယူနိုက်တက် ပဲခူးတိုင်း၊ ဇေယျာ ရွှေမြေ FC စစ်ကိုင်းတိုင်း၊ မကွေး FC မကွေးတိုင်း၊ ကမ္ဘောဇ FC ရှမ်းပြည်နယ်နှင့် ဆောက်သမ်း မြန်မာ FC တနင်္သာရီတိုင်းတို့ ဖြစ်သည်။

ယခု ကစားလျက်ရှိသည့် မြန်မာ ပရော်ဖက်ရှင်နယ် လိဂ်ပြိုင်ပွဲတွင် ပြီးဆုံးရန် ၂ ပွဲသာ ကျန်ရှိပြီး၊ မန္တလေး ကိုယ်စားပြု ရတနာပုံ အသင်းက ၁၂ ပွဲကစား ၂၆ မှတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိကာ ဒဲလ်တာ ယူနိုက်တတ်က ၂၃ မှတ်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

MNL League ပြိုင်ပွဲကို မတ်လတွင် တတိယအကြိမ်အဖြစ် အသင်း ၁၀ သင်းဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1539 guests and 1 member online