စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရယက အဖွဲ့ဝင်များ ပြင်ဆင် ဖွဲ့စည်းရန်ပြင်

ရယက အဖွဲ့ဝင်များ ပြင်ဆင် ဖွဲ့စည်းရန်ပြင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရွှေလီ(မဇျွိမ) ။     ။ ကချင် ပြည်နယ်အတွင်း အောက်ခြေအဆင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းမှုများ လုပ်တော့မည် ဖြစ်ကြောင်း အာဏာပိုင် သတင်းရပ်ကွက်တခုက ပြောသည်။

လွန်ခဲ့သည့် ၄ နှစ်ခန့် ကတည်းက ဖွဲစည်းထားခဲ့သော ရပ်ကွက်၊ ကျေးရွာ အုပ်စုအဆင့် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖွဲ့ဝင်ဟောင်းများ အထဲမှ အဂတိ လိုက်စားသူများ နံမည်ပျက် စာရင်းဝင်သူများကို နူတ်ထွက်စေမည်ဖြစ်ပြီး ၄င်းနေရာတွင် လူသစ်များ အစားထိုးသွားမည် ဖြစ်သည်။

ပထမ အဆင့်အနေဖြင့် မြို့နယ်အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီ- မယက ဥက္ကဌများ က ရပ်ကွက် ၊ ကျေးရွာ အုပ်စုအဆင့် ရယကအဖွဲ့ဝင်များကို စိစစ်မှု့များ စတင်ပြုလုပ်နေသည်ဟု သတင်းရပ်ကွက်က ပြောသည်။

မယကဥက္ကဌ က အပြစ်မရှိဟု ယူဆသူ ထောက်ခံချက် ရရှိသူများကို ဆက်လက် တာဝန် ထမ်းဆောင်စေမည် ဖြစ်ကြောင်းဆိုသည် ။

ရယက အဖွဲ့ဝင်သစ်များကို  မယက ဥက္ကဌများက လျှာထားရွေးချယ် သွားရန်ရှိပြီး မကြာခင် အစားထိုးသွားမည်  ဖြစ်ကြောင်း သိရသည် ။ 

၂၀၀၆ခုနှစ် စက်တင်ဘာလပိုင်းက စတင်၍ နအဖစစ်အစိုးရသည် ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးယန္တရားများကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ထိုစဉ်က ရယကဥက္ကဌများကို ရွေးချယ်ရာတွင် ပြည်သူများက တိုက်ရိုက် ရွေးချယ်ခွင့်မရတော့ပဲ မြို့နယ် အာဏာပိုင် အဖွဲ့အစည်းက ရွေးချယ် တာဝန်ပေးအပ်ခဲ့သည် ။

ရယက ဥက္ကဌ တဦးဖြစ်ရမည့် အရည်အချင်းမှာ ဘွဲ့တခုခု ရထားသူ၊  အသက် ၃၅ နှစ်နှင့် ၄၀ ကြားရှိသူ၊  ပါတီနိုင်ငံရေး ကင်းရှင်းသူ၊ သက်ဆိုင်ရာရပ်ကွက်အတွင်း နေထိုင်သည့် အိမ်ထောင်စု စာရင်းပုံစံရှိသူ ရာဇဝတ်မှု့ခင်း မရှိသူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1432 guests online